မက္ခရာခရီးသွား

Поделиться
HTML-код
  • Опубликовано: 18 ноя 2019
  • ❝ရှာဖွေလေလေ တွေ့ရှိလေလေ❞ တဲ့။
    ကျောက်ဆည်မြို့အနီး၊ စဉ့်ကိုင်မြို့နယ်မှာ မက္ခရာလို့ အမည်တွင်တဲ့ ရွာတစ်ရွာ ရှိတယ်။ မက္ခရာမှာ ကျောက်ချောခေတ် ကျောက်လက်နက်တွေ၊ ပျူခေတ်သုံး လည်ရှည်မြေအိုးတွေ၊ ပျူပုတီးစေ့တွေ တူးဖော်တွေ့ရှိတာကြောင့် ကျောက်ချောခေတ်ကတည်းက လူတွေ နေထိုင်တဲ့ ဒေသလို့ ပညာရှင်တွေက ယူဆထားတယ်။
    ရတနာပုံခေတ်က အလွန်ခေတ်မီတဲ့ မင်းသားကြီးတစ်ပါးက မက္ခရာမင်းသားကြီးဖြစ်ပါတယ်။ အာရှမှာ ထိပ်ထိပ်ကြဲပညာရှင်၊ သုတေသီတွေသာ အသင်းဝင်ခွင့်ပြုတဲ့ ဘင်္ဂလားအာရှဆိုင်ရာ ဝိဇ္ဇာသိပ္ပံအသင်းကြီးရဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဖြစ်တယ်။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို ပြုစုထုတ်ဝေခဲ့တဲ့ မင်းသားကြီး ဖြစ်တယ်။
    မက္ခရာက အစဉ်အလာတောက်ပြောင်ခဲ့ပေမဲ့ တစ်ခေတ်တစ်ခါမှာ လမ်းပန်းအဆက်အသွယ်ခက်ခဲလို့ တိမ်မြုပ်ခဲ့တယ်။ ယခုတော့ အသွားအလာလည်း လွယ်ကူသွားပါပြီ။ ရန်ကုန်-မန္တလေးကားလမ်းမကြီး၊ တအုံရွာအနီးက ကွန်ပျူတာတက္ကသိုလ်အဝင်လမ်းအတိုင်း ၁၅ မိနစ်ခန့် သွားရင် ရောက်ပြီ။
    ရှေးမြို့ဟောင်းဖြစ်လို့ နံရံဆေးရေးပန်းချီတွေ၊ ပန်းတမော့ လက်ရာမွန်တွေ၊ ရှေးက တည်ခဲ့တဲ့ သာသနိက အဆောက်အအုံတွေကို အားပါးတရ ရှုစားလေ့လာလို့ ရနိုင်တဲ့နေရာ၊ မက္ခရာဖြစ်ပါတယ်။
    #မက္ခရာခရီးသွား
    #TheNewTraveller

Комментарии •