ကြာပစ်ပွဲ

Поделиться
HTML-код
  • Опубликовано: 19 ноя 2019
  • 'ကြာပစ်ပွဲ' တဲ့။
    အချို့ကလည်း အလွယ်တကူခေါ်ကြတယ်။ ကြာပစ်ပွဲဆိုရင် အချို့ကလည်း မိန်းမပျိုလေးတွေ ‘ ကြာ ပစ်’ တာနဲ့ ဆက်စပ်စဉ်းစားပြီး စိတ်ဝင်တစား ဖြစ်ကြတယ်။အမှန်တကယ်ကတော့ ‘ ကြာပန်းလှူပွဲ’ ပါ။
    မန္တလေး မဟာမုနိဘုရား အနီးက ရှင်မာလဲ ဘုရားမှာ ကြာပန်းတွေ လှူကြတဲ့ပွဲပါ။ အချို့ကလည်း ရှင်မာလဲ ဘုရားမှာ ကြာပန်းလှူရင် လိုရာဆန္ဒ ပြည့်ဝတယ်လို့ အယူရှိတယ်။ ‘ ကြာတတ်တာတွေ ၊ မကြာစေဖို့၊ ကြာတွေလှူကာ ဆုတောင်းပါတယ်’ လို့ ဆိုကြတယ်။
    ရှင်မာလဲ ဘုရားရဲ့ ပစ္စယံအဆင့်ဆင့်မှာ ကြာပန်းတွေ တင်ပြီးလှူတဲ့အလေ့ရှိခဲ့တယ်။ နောက်ပိုင်း ခေတ်မှာတော့ အချို့က ရိုသေလေးမြတ်စွာ ကြာပန်းကိုတင်လှူတာမျိုးမလုပ်တော့ဘဲ အလွယ်တကူပဲ စေတီ ပစ္စယံပေါ်ကို ကြာပန်းပစ်တင်ပြီးလှူလိုက်တယ်။ ဒါကြောင့် ‘ ကြာပစ်ပွဲ’ ဖြစ်သွားတာပါ။
    ထူးခြားတဲ့ဓလေ့နဲ့ ကျင်းပတဲ့ ကြာတွေလှူတဲ့ပွဲကို လေ့လာကြည့်ပါဦး။
    #ကြာပစ်ပွဲ
    #TheNewTraveller

Комментарии •