ပျော်ပျော်ရွှင်ရွှင် နတ်မတောင်ခရီး

Поделиться
HTML-код
  • Опубликовано: 27 авг 2024
  • ပျော်ပျော်ရွှင်ရွှင် နတ်မတောင်ခရီး
    ...
    သဘာဝခရီးသွားလုပ်ငန်းကို အခြေခံထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းက ခေါနူးစုမ်(ခေါ်)နတ်မတောင်ကို The New Traveller ရဲ့ တောင်တက်ခရီးစဉ်အနေနဲ့ သွားကြပါမယ်။ ဒီတောင်တက်ခရီးစဉ်က ဘာတွေရမှာပါလဲ။
    Mount Victoria လို့ လည်းခေါ်ခဲ့တဲ့ ခေါနူးစုမ်တောင်ကို တောင်စဉ် တောင်တန်းတွေ ဆက်နွယ်ပြီး တက်ရလို့ adventure tour စွန့်စားသွားလာရတဲ့ ခရီးချစ်သူတွေအတွက် အဆင်ပြေပါတယ်။ ရစ်သိုင်းနေတဲ့ တောင်စဉ်တွေမှာ ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ တောင်ဇလပ်ပင်တွေ အပြိုင်အဆိုင် အလှချင်းပြိုင်တဲ့ ရှူခင်းတွေကို တွေ့ရမယ်။ မိတ်ဆွေတွေနဲ့ အတူတောင်တက်ရတော့ ချစ်ခင်ရင်းနှီးမှုတွေ ပိုတိုးလာမယ်။ သစ်ပင် ပန်းနွယ်တွေ ကျေးငှက်တွေကို ချစ်တတ်လာမယ်။
    သဘာဝပတ်ဝန်းကျင်ကို လေ့လာရင်း တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ကိုပါ တွေ့မြင်ခံစားရမယ်။ တောင်ဇလပ်ပန်းနဲ့ ချယ်ရီပန်းချစ်သူတွေကတော့ ကိုယ့်အနီးမှာ ပန်းတွေအလှချင်းပြိုင်နေတာ ကြည့်ဖို့ ဧပြီလအထိ သွားနိုင်ပါတယ်။ ပန်းချီချယ်မှုန်းမမီနိုင်တဲ့ နတ်မတောင်ကို မှတ်တမ်းတင်ခဲ့တာ ပြန်လည်မျှဝေပါ့မယ်။ဒီရုပ်သံလေးမှာ အမြည်းကြည့်ရင်း မိတ်ဆွေတွေနဲ့ အတူသွားဖို့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်မှာပဲ ဖြစ်ပါတယ်။
    ( ဒီခရီး ဒီတောင်ကိုတက်ရတာ မောတော့မောတာပေါ့။ ဒါပေမယ့်တန်ပါတယ်။)
    ...
    #TheNewTraveller
    #MountVictoria
    #နတ်မတောင်
    #AdventureTour

Комментарии • 2

  • @aungwinbo3329
    @aungwinbo3329 3 года назад

    မဂ်လာပါ အားပေနေပါတယ်အမ
    နောက်လဲခရီးသွားမှတ်တမ်းများကိုစိတ်ဝင်စားမှူ့ရှိပါတယ်ခဗျအမြဲတင်ဆက်ပေးဖို့တောင်းဆိုချင်ပါတယ်အမ

  • @user-pc2cy5bs4v
    @user-pc2cy5bs4v Месяц назад

    မကျာခင်ပြန်လာမယ်ချင်းပြည်❤😂🎉❤😂❤😂🎉