ဖန်တီးရှင်များရဲ့ စကျင်

Поделиться
HTML-код
  • Опубликовано: 11 окт 2024
  • ဖန်တီးရှင်များရဲ့ စကျင်
    ...
    စကျင်ကျောက်ဆိုရင် လူတိုင်းသိကြပါတယ်။ အဖြူဆွတ်ဆွတ် ကျောက်သားကို အများအားဖြင့်တော့ ဘုရားဆင်းတုတွေ ထုဆစ်ခဲ့ကြတယ်။ မြန်မာနိုင်ငံအနှံ့မှာ ဖူးမျှော်မြင်တွေ့နိုင်ပါတယ်။
    ယခုအချိန်မှာတော့ ဘုရားဆင်းတုတွေသာမကတော့ဘဲ ရုပ်တုပေါင်းစုံ ထုဆစ်လာပါတယ်။ ခေတ်က တိုးတက်ပြောင်းလဲလာပြီမို့ အရင်က စူးနဲ့ဆောက်နဲ့ လက်သာ ထုဆစ်ပုံဖော်ခဲ့ကြရာက ယခုအချိန်မှာ ခေတ်မီ စက်ကရိယာတွေကို အသုံးပြုထုဆစ်နိုင်တယ်။ လက်ရာတွေက ပိုမိုအသေးစိတ်ပြီး တင့်တယ်လှပပါတယ်။ ပန်းတမော့ပညာလို့ ခေါ်တယ်။
    စကျင်ကျောက်တွေထွက်တဲ့ စကျင်တောင်က စကျင်ရွာအနီးမှာ တည်ရှိပါတယ်။ မန ္တလေးမြို့ရဲ့မြောက်ဘက် မတ္တ္တရာမြို့နယ်အတွင်းမှာရှိပြီး အလှမ်းမဝေးပါဘူး။ မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်တော်ဖြစ်တဲ့ ကျောက်တော်ကြီးဘုရားကိုထုဆစ်ဖို့ စကျင်ကျောက်သားအကောင်းစားတွေလည်း ဒီစကျင်တောင်ကထွက်ပြီး စကျင်ရွာသား ကျွမ်းကျင်သူများက ထုဆစ်ပုံဖော်ခဲ့တာဖြစ်ပါတယ်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျောက်ဆင်းတုတွေကို ကျွမ်းကျွမ်းကျင်ကျင် ထုဆစ်ပုံဖော်တတ်တဲ့ ပညာရှင်မျိုးဆက်တွေက ယခုလည်း စကျင်ကျောက်တွေနဲ့ လက်ရာများစွာကို ထုလုပ်နေတယ်။ မြန်မာပြည်အနှံ့သာမက တရုတ်၊ ထိုင်းအပါအဝင် ပြည်ပနိုင်ငံများစွာကို စကျင်ကျောက်သား ကျောက်ဆစ်လက်ရာများပြန့်နှံ့နေပြီး တန်ဘိုးထားခံရတယ်။
    စကျင်ရွာကလေးက ကျောက်ဆစ်ပန်းပုလုပ်ငန်းခွင်ကို ကြည့်စေချင် မြင်စေချင်လှပါတယ်။
    ...
    #TheNewTraveller
    #စကျင်ကျောက်
    #စကျင်တောင်
    #စကျင်ရွာ

Комментарии • 1

  • @KSG10
    @KSG10 Год назад

    🎉💫💯👏