အင်းဝ

Поделиться
HTML-код
  • Опубликовано: 27 авг 2024
  • မြန်မာ့သမိုင်းမှာ မြို့ရိုးသုံးထပ်နဲ့ နှစ်ကာလများစွာ မင်းနေပြည်အဖြစ် တည်ရှိခဲ့ဖူးတဲ့ ရှေးဟောင်းယဉ်ကျေးမှု မြို့တော်တစ်ခုကတော့ အင်းဝမြို့ဖြစ်ပါတယ်။
    အင်းဝမြို့မှာ မြေပေါ်မြေအောက် ယဉ်ကျေးမှု အမွေအနှစ်များစွာကို ဒီနေ့အထိ မြင်တွေ့နေရဆဲဖြစ်ပြီး အဆောက်အဦအချို့နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေဟာ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းကြာမြင့်လာသည့်တိုင် မပျောက်ပျက်ဘဲ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။
    အဓိကအားဖြင့် အင်းဝမြို့ဟောင်းမှာမြန်မာတွေရဲ့ လူနေမှုနဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို လေ့လာနိုင်မှာ ဖြစ်ပြီး မြန်မာတို့ရဲ့ လက်မှုအတတ်ပညာတွေကိုလည်း အများအပြား တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
    ဒီလက်မှု ပညာရပ်တွေထဲကမှ အင်းဝသစ္စည်း( သစ်စေး)လက်ရိုက်သပိတ်နဲ့ အင်းဝယွန်းထည် ပညာရပ်တွေကို The New Traveller ကနေတဆင့် ကြည့်ရှုလ့လာနိုင်မှာ ဖြစ်ပါတယ်။ တခေတ်တခါက အင်းဝ သပိတ်နဲ့ ယွန်း ထည်တွေရဲ့ ခန်းနားလှတဲ့ လက်ရာတွေနဲ့ ဒီပစ္စည်းတွေ ကို နှစ်ပေါင်းရာချီ ဘယ်လိုထိန်းသိမ်း လုပ်ကိုင်နေကြတယ်ဆိုတာကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
    ....
    #အင်းဝ
    #TheNewTraveller

Комментарии •