မင်းကန်ရွာ(မင်းဂံရွာ)

Поделиться
HTML-код
  • Опубликовано: 27 авг 2024
  • "မသိသူ ကျော်သွား၊ သိသူဖော်စား"
    ...
    ဧည့်သည်တွေ၊ မြို့ခံတွေ သတိမထားမိဘဲ သွားလာလည်ပတ်စရာ နေရာကောင်းလေးတွေ ရှိနေတတ်တယ်။ "မသိသူ ကျော်သွား၊ သိသူဖော်စား" ဆိုတဲ့ စကားလိုပါပဲ။
    မန္တလေးမြို့ဝန်းကျင်မှာ သိသူအချို့သာ မကြာခဏ သွားလေ့ရှိတဲ့ နေရာတစ်ခုကတော့ အိမ်ရှေ့မင်းထန်းတောပါ။ အိမ်ရှေ့စံကနောင်မင်းသားရဲ့ ထန်းတောလို့ အဆိုရှိတယ်။ ထန်းရည်ခါး၊ ထန်းရည်ချိုအရည်အသွေးက ကောင်းရုံမက ရွာခံတွေက ဖွယ်ဖွယ်ရာရာ မြည်းစရာပါ လုပ်ပေးတော့ တစ်ခေါက်တစ်ခါ ရောက်မိရင် မကြာခဏ သွားလေ့ရှိကြတဲ့ ထန်းတောပါ။ သဘာ၀ပတ်ဝန်းကျင်အလှကလည်း လွမ်းမောဖွယ်ပါ။ ရှမ်းရိုးမတောင်တန်းကြီးက မှိုင်းမှိုင်းညို့ညို့၊ ဆည်တော်ရေက တသွင်သွင်စီးလို့။ မွှေးမြတဲ့ တောပန်းတောင်ပန်းတွေရဲ့ ရနံ့က သင်းကြူကြူ၊ ချိုးကူသံလည်း ကြားနိုင်ကြပါသေးတယ်။
    ဒီနေရာနဲ့ မလှမ်းမကမ်းမှာ မင်းကန်ရွာရှိတယ်။ အနုပညာမြတ်နိုးသူ လူတိုင်းသိတဲ့ (မင်းဂံဘုတ်)မင်းကန်ဘုတ်ရွာသူ သီချင်းထဲက ရွာ။
    ကိုယ်တိုင် သွားရောက်လည်ပတ်ဖို့ တိုက်တွန်းချင်ပါတယ်။
    #မင်းကန်ရွာ
    #TheNewTraveller
    #မန္တလေး
    #မသိသူကျော်သွား
    #မင်းဂံရွာ

Комментарии • 2