"ခရီးသွားရင်း ဈေးဝယ်မယ်"

Поделиться
HTML-код
  • Опубликовано: 27 авг 2024
  • "ခရီးသွားရင်း ဈေးဝယ်မယ်"
    ...
    ခရီးသွားလာမှုဟာ ယနေ့ကာလမှာ လူအများ သဘောကျတဲ့ အစီအစဉ်တစ်ရပ် ဖြစ်လာ‌နေပါတယ်။ ခရီးသွားလာမှုပုံစံအမျိုးမျိုးထဲကမှ အားလပ်ရက် ခရီးသွားလာခြင်းတွေအပြင် စိတ်အပန်း‌ပြေဖို့အတွက်လည်း ခရီးတွေ သွားလာကြပါတယ်။ အရေးပါတဲ့ ခရီးသွားလာမှုတစ်ခုကတော့ စီးပွားရေးအရ ခရီးသွားလာမှုတွေပဲ ဖြစ်ပါတယ်။
    မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အချာ ကျတဲ့ မြို့တစ်မြို့ဖြစ်သလို နိုင်ငံရဲ့ အသည်းနှလုံးနေရာဖြစ်လို့ စီးပွားရေးအရ ခရီးသွားလာမှုပုံစံအမျိုးမျိုးကို မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။
    ဒီမြို့မှာ နှစ်တစ်ရာ့ငါးဆယ်ကျော်သက်တမ်းရှိလာပြီဖြစ်ပြီး အထက်မြန်မာပြည်ရဲ့ အဓိက ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ မန္တလေးဈေးချိုအပြင် မဟာအောင်မြေ ကျောက်မျက်ဈေးတို့ကတော့ စီးပွားရေးအရ အရေးပါလျက်ရှိသလို ခရီးသွားလာသူတွေနဲ့ မန္တလေးမြို့ကို လာရောက်လည်ပတ်သူတွေအတွက် မဖြစ်မနေ သွားရောက်သင့်တဲ့နေရာတွေထဲမှာ
    ပါဝင်လျက် ရှိပါတယ်။
    အထက်အောက်အစုံ နယ်တိုင်းက ရောက်ရှိလာတဲ့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ ရိုးရာ လက်ဆောင်ပစ္စည်းတွေအပြင်၊ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို ဈေးချိုမှ မြင်တွေ့နိုင်ပြီး၊ မဟာအောင်မြေ ကျောက်မျက်ဈေးကတော့ဖြင့် စီးပွားရေးရဲ့ အချက်အချာလည်း ဖြစ်၊ အရေးပါတဲ့ ကျောက်မျက်ရတနာကဏ္ဍလည်း ဖြစ်နေတဲ့အတွက် မန္တလေးကို ရောက်ရင် ဒီဈေးတွေကို မဖြစ်မနေ လာရောက်လည်ပတ်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။
    #TheNewTraveller
    #မန္တလေး

Комментарии •