မန္တလေးကမြန်မာမုန့် သို့မဟုတ် အညာမုန့်

Поделиться
HTML-код
  • Опубликовано: 27 авг 2024
  • "မန္တလေးကမြန်မာမုန့် သို့မဟုတ် အညာမုန့်"
    ...
    မန္တလေးမြို့ဟာဆိုရင် ယဉ်ကျေးမှုရဲ့ မြို့တော်လို့ အဆိုရှိတဲ့အတိုင်း အထင်အရှားတွေ့မြင်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေအပြင် ရိုးရာအစားအသောက်တွေလဲ စုံလင်လှတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မန္တလေးမုန့်တွေဟာ မြန်မာမှာသာမက အခုဆိုရင် ကမ္ဘာကလဲ အသိအမှတ်ပြုလာပြီဘဲ ဖြစ်ပါတယ်။
    နာမည်ကြီးလှတဲ့ ထိုးမုန့်ဟာဆိုရင် တစ်နိုင်ငံလုံးက နှစ်သက်စွဲလန်းရသလို နိုင်ငံခြားသား ဧည့်သည်တွေရဲ့ အိမ်အပြန် လက်ဆောင်တစ်ခုလဲ ဖြစ်လို့နေပါတယ်။ မန္တလေးမြို့မှာ ရှေးယခင်ကတည်းက မြန်မာ့ရိုးရာမုန့်မျိုစုံကို လုပ်ကိုင်ပြီး၊ နေ့စဉ်စားသုံးဖို့နဲ့ အလှူပွဲ၊ မင်္ဂလာပွဲတွေမှာ တည်ခင်းဧည့်ခံဖို့ စသဖြင့် နေရာအမျိုးမျိုးကို လိုက်ပြီး စားသောက်ဖွယ်ရာ
    မုန့်မျိုးစုံရှိပါတယ်။
    ဒီမုန့်တွေကို ဘယ်လိုလုပ်ကိုင်ကြတယ်။ ဘယ်လို ရောင်းဝယ်ကြတယ်ဆိုတာကို New
    Traveller ရဲ့ မန္တလေးက မြန်မာမုန့် အစီအစဉ်လေးမှာ လေ့လာကြည့်ရှုနိုင်မှာဘဲ ဖြစ်ပါတယ်။
    မြန်မာမုန့်တွေရဲ့ အရသာကို မြည်းစမ်းရင်း၊ မြန်မာမုန့်များ ဆက်လက်ရှင်သန် ရပ်တည်နိုင်အောင် မုန့်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကလည်း အရေးပါလျက်ရှိနေတယ် ဆိုတာကိုလဲ ဒီအစီအစဉ်လေးမှာ မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။
    Facebook Page : The New Traveller
    ...
    #TheNewTraveller
    #မြန်မာမုန့်
    #အညာမုန့်

Комментарии • 1