ဘဲဥထုပွဲ

Поделиться
HTML-код
  • Опубликовано: 27 авг 2024
  • ဘဲဥ ထုပွဲ
    ဘဲဥဆိုတာ ထုရင် ကွဲမှာပေါ့။
    ကွဲတတ်တဲ့ ဘဲဥ ဘဲဥချင်း ထုတဲ့ပွဲကို စစ်ကိုင်းမြို့မှာ နှစ်စဉ်ကျင်းပနေပါတယ်။ ဒီလို အပြိုင်ထုဖို့ ဘဲဥ တွေရောင်းချပေးနေတဲ့စျေးသည်တွေက အဆင်သင့်ရှိတယ်။ ကာလပေါက်စျေးက ဘဲဥတစ်လုံး ကျပ်(၂၀၀)။
    ဧရာဝတီမြစ်ဘေးကစစ်ကိုင်းမြို့မှာ မြန်မာဘုရင်များလက်ထက်က ဘုရင်ရဲ့ တောင်လုံးရွှေခဲ ရေတပ် ဌာနချုပ်ရှိတယ်တဲ့။ ရေတပ်သားတွေ ဘဲဥအပြိုင်ထုရာက ဘဲဥထုပွဲဖြစ်တာဆိုပဲ။
    သူ့ဘဲဥ ကိုယ့်ဘဲဥ တစ်လုံးကိုတစ်လုံး အပြိုင်ထု။ ကွဲတဲ့ဘဲဥရှင်က အရှုံး။ ထူးခြားတဲ့ ဓလေ့တွေပါ။
    ခုပဲ ဘဲဥထုပွဲ သွားကြည့်ကြပါစို့။

Комментарии •