Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Поделиться
HTML-код
  • Опубликовано: 24 сен 2024
  • Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    -နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အထူးအလေးအနက်ထားကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေး ပြောဆိုလိုက်ပါတယ်။
    - စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနဲ့ ၆၀၀၅ သံချပ်ကာ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
    - မန္တလေး၊ တောင်ကြီးနဲ့ မူဆယ်တို့မှာ MNDAA အယောင်ဆောင် ငွေညှစ်တောင်းခံတာနဲ့ ရိက္ခာတောင်းခံမှုတွေကို အချိန်အကန့်အသတ်မရှိ ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ MNDAA က ထုတ်ပြန်ကြေညာလိုက်ပြီး ပြည်သူတွေ တိုင်ကြားကြဖို့ကိုလည်း ဖိတ်ခေါ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии • 243