” ဆီးချိုရောဂါအတွက် အကောင်းဆုံးဖျော်ရည်တစ်ခွက်...”
HTML-код
- Опубликовано: 15 дек 2024
- လူတွေရဲ့ နေထိုင်မှုပုံစံတွေဟာ
တဖြည်းဖြည်း ပြောင်းလဲလာပါတယ်...။
ကျောင်းသားဆိုရင်လည်း
ကျောင်းသားဖြစ်လို့
အလုပ်များပါတယ်...။
ဝန်ထမ်းဖြစ်ရင်လည်း
ဝန်ထမ်းဖြစ်လို့
အလုပ်များပါတယ်...။
ကိုယ်ပိုင်အချိန်တွေဟာ
တဖြည်းဖြည်း နည်းလာပါတယ်...။
ဒီတော့ အစားအစာကို
အချိန်လုပြီး စားနေရပါတယ်...။
လူများစုရဲ့ နေ့လည်စာ
စားချိန်ဟာ နည်းလာတဲ့အတွက်
အမြန်စားအစားအစာတစ်ခုခုကို ဝယ်၊
ပြီးတော့ အချိုရည် တစ်ပုလင်းကို
ဝယ်ပြီး အမြန်စားကြတာက
လုပ်ရိုးလုပ်စဉ် ဖြစ်လာတယ်...။
ဒီအလေ့အကျင့်က ရေရှည်မှာ
ဆီးချိုရောဂါ၊
သွေးတိုးရောဂါ နဲ့
အခြားရောဂါတွေကို
မရည်ရွယ်ပဲ ဖိတ်ခေါ်မိသလို
ဖြစ်နေတတ်ပါတယ်...။
ကမ္ဘာပေါ်မှာ ဆီးချိုရောဂါသည်တွေ
တဖြည်းဖြည်း တိုးလာပါတယ်...။
စာရင်းဇယားများအရ
အခုလက်ရှိ ဆီးချိုဝေဒနာသည်
ပေါင်းဟာ
( ၄၆၃ ) သန်းကျော်လာပါပြီ...။
ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ
ဒီလို နုန်းထားအတိုင်း
တိုးတက်နေမယ် ဆိုရင်
( ၂၀၄၀ ) ခုနှစ်ရောက်တဲ့အခါ
ဆီးချို ဝေဒနာသည်ပေါင်းဟာ
သန်းပေါင်း ( ၇၀၀ )
ကျော်သွားလိမ့်မယ်လို့
ခန့်မှန်းထားပါတယ်...။
ဒီတော့
ဆီးချို ဝေဒနာ မဖြစ်သေးရင်
ဘယ်လို ကာကွယ်မလဲ...။
ဖြစ်နေရင်လည်း ပိုမဆိုးအောင်
ဘယ်လို လုပ်မလဲ...။
ဆိုတာ အရေးတကြီး
လိုအပ်လာပါတယ်...။
Xxxxx
ဒေါက်တာအောင်ဝင်းဟိန်း
Please say short to the point