နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်
HTML-код
- Опубликовано: 30 янв 2025
- ဘုရားသခင်အတွက် သီးပွင့်ဆဲ အကျိုးဖြစ်မြဲ
myanmar-odb.or...
ယနေ့ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း ၉၂:၁၂-၁၅
odb-ministries...
ထင်ဟပ်ဖော်ပြချက်
ဘုရားသခင်အတွက် သီးပွင့်ဆဲ အကျိုးဖြစ်မြဲ
ဆာလံကျမ်းကို “မေရှိယရောက်ရှိလာခြင်းနှင့် ဘုရားသခင်၏ကတိတော် ပြည့်စုံလာခြင်းကို စောင့်မျှော်စဥ် ဘုရားသခင်၏လူတို့အတွက် ဆုတောင်းစာအုပ်” ဟု ဖော်ပြထားသည် (The Bible Project)။ ဆာလံကျမ်းစောင်များကို စာအုပ်အပိုင်း (၅) ပိုင်း ပိုင်းခြားထားပါသည်။ အပိုင်း (၁) မှာ ဆာလံ ၁ မှ ၄၁ ထိ၊ အပိုင်း (၂) မှာ ဆာလံ ၄၂ မှ ၇၂ ထိ၊ အပိုင်း (၃) မှာ ဆာလံ ၇၃ မှ ၈၉ ထိ၊ အပိုင်း (၄) မှာ ဆာလံ ၉၀ မှ ၁၀၆ ထိ၊ အပိုင်း (၅) မှာ ဆာလံ ၁၀၇ မှ ၁၅၀ ထိတို့ဖြစ်ပါသည်။ ဆာလံ ၉၀ မှ ၉၂ သည် အပိုင်း ၄ ၏ အစတွင် ရှိသည်။
ဆာလံ ၉၂ သည် ရှေ့မှလာသည့်ကျမ်းများနှင့် နက်နဲသော ဆက်စပ်မှုရှိသည်။ The Expositor’s Bible Commentary အနက်ဖွင့်ကျမ်းတွင် “ဆာလံ ၉၀ မှ ၉၂ ထိသည် အယူအဆ ဖြစ်ပေါ်တိုးတက်မှုနှင့် ထပ်ခါထပ်ခါသုံးစွဲသည့် ဝေါဟာရများကြောင့် ဆီလျော်ညီညွတ်မှုရှိသည်။ ၎င်းတို့သည် ဝတ်ပြုကိုးကွယ်သူများအား မတည်မြဲသောဘဝအသက်တာကို အောက်မေ့ဆင်ခြင်ခြင်း (ဆာလံ ၉၀)နှင့် ဉာဏ်ပညာကို ပွေ့ဖက်ကိုင်ဆွဲထားရန် ခေါ်တော်မူခြင်း (ဆာလံ ၉၁) မှသည် ဘုရားရှင်၏ ရွေးနှုတ်ကယ်တင်ခြင်းနှင့် ကွယ်ကာခြင်းကို အမြင့်ဆုံးချီးမွမ်းခြင်းသို့ (ဆာလံ ၉၂) ဦးဆောင်လမ်းပြသွားသည်။
စာရေးသူ - ဘေလ်ခရောက်ဒါ