နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်
HTML-код
- Опубликовано: 31 янв 2025
- ငါ၏လူများကို လွှတ်လိုက်ပါ
myanmar-odb.or...
ယနေ့ဖတ်ရန်ကျမ်းချက် - ထွက်မြောက်ရာကျမ်း ၃:၁-၁၀
odb-ministries...
/ myanmar.odb
/ ourdailybreadmyanmar
ထင်ဟပ်ဖော်ပြချက်
ငါ၏လူများကို လွှတ်လိုက်ပါ
မောရှေ၏ မီးလောင်၍ခြုံမကျွမ်းသည့် အတွေ့အကြုံတွင် (ထွက်မြောက်ရာကျမ်း ၃) ‘theophany’ ဟူသည့် ဓမ္မကြောင်းဆိုင်ရာ အသုံးအနှုန်း ပါရှိပြီး၊ “ထင်ရှားမြင်သာသော (သို့) ကြားနိုင်သော ဘုရားသခင်၏ ထင်ရှားဖွင့်ပြခြင်း”ကို ရည်ညွှန်းသည် (Evangelical Dictionary of Theology - ဧဝံဂေလိဆိုင်ရာဓမ္မပညာ အဘိဓာန်)။ မြင်ရသည့်မြင်ကွင်း (သို့) ကြားရသည့်အသံက လူ၏အာရုံကို ဖမ်းစားသော်လည်း၊ ရည်ရွယ်သော သတင်းစကားကသာ ပဓာနကျသည်။ “ထာဝရဘုရားကလည်း အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဥ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ … သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏” (:၇)ဟု မောရှေအား မိန့်တော်မူသည်။ အခြားသော ကိုယ်ထင်ပြခြင်းတစ်ခုမှာ မီးနှင့် မီးခိုးအားဖြင့် သိနာတောင်၌ ဘုရားသခင် ကိုယ်ထင်ပြ ထင်ရှားခြင်းဖြစ်သည် (၁၉:၁၆-၂၀)။
စာရေးသူ - အာသာဂျက်ဆင်