မြောက်ကိုးရီးယားနဲ့စစ်ဖြစ်မယ်ဆိုရင်
HTML-код
- Опубликовано: 5 фев 2025
- မြောက်ကိုရီးယားနိုင်ငံက ဝံပုလွေအူသံတွေလို သူ့ရန်သူတွေကို ဖျက်ဆီးပစ်မယ်၊ ဖြိုချပစ်မယ် စသည်ဖြင့် ခြိမ်းလားခြောက်လား လုပ်လာတဲ့အခါ ကမ္ဘာကြီးကလည်း ရူးချင်ယောင်ဆောင်နေလို့ မရတော့ပါ။ နားပိတ်ပြီး ကျောပေးနေလို့ မရတော့ပါ။ ကင်ဂျုံအန်း ရဲ့ တိုင်းပြည်အုပ်ချုပ်ရေးသက်တမ်းက (၁၃) ထဲသို့ ရောက်လာတာနဲ့အမျှ သူ့ရဲ့အုပ်ချုပ်ရေး စွမ်းရည်နဲ့အတူ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ တိုင်းတာသတ် မှတ်ချက်တွေကလည်း ယခင်ကနဲ့မတူ မာမာထန်ထန်ဖြစ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် နျူက လီးယား နဲ့ ဒုံးကျည်အစီအစဉ်တွေက ယခင်နဲ့စာရင် အမှန်တကယ် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့တာ ကြောင့် လက်နက်ကိုင်ပဋိပက္ခဆီသို့ မိုက်မိုက်ကန်းကန်းတိုးဝင်သွားဖို့ စဉ်းစားကောင်းစဉ်းစား လာနိုင် ဖွယ် ရှိနေပါတယ်။ လက်ရှိအချိန်မှာ ကင် က သူ့ရဲ့မဟာဗျူဟာမြောက် ပါဝါအသစ်တွေနဲ့ နယ်နိမိတ်မျဉ်း တွေပေါ် အကဲ့စမ်းကြည့်တာမျိုးတွေ လုပ်နေပါပြီ။ ကိုးရီးယားနှစ်ပြည်ထောင် ပေါင်းစည်းရေး လုပ်ဆောင် နေကြတဲ့ အေဂျင်စီတွေကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ပိတ်သိမ်းပစ်ခဲ့ပါတယ်။ တောင်နဲ့မြောက် သဘော ထားထုတ်ပြန်ချက်တွေ သဘောတူညီမှုတွေကို မြောက်ကိုးရီးယားဖွဲ့စည်းပုံ အခြေခံဥပဒေထဲကနေ ဖယ် ရှားပစ်ပြန်ပါတယ်။ ဒါကြောင့် သူဟာ တောင်ကိုးရီးယားကို ချေမှုန်းပစ်ဖို့ အခွင့်အာဏာရှိတယ်လို့ ကြွေးကြော်ရာ ရောက်နေပါပြီ။ အဆင်အခြင်မဲ့ ဒီလိုလုပ်ရပ်မျိုး ပါလီမန်ဒီမိုကရေစီစနစ်မှာဆို ရှုတ်ချသံ တွေနဲ့ ဆူညံသွားရပါလိမ့်မယ်။
သို့သော် ကျွန်တော်တို့အားလုံးဟာ ဒီနေ့အခါမှာ စစ်ပွဲများနဲ့ကမ္ဘာကြီးထဲ ရှင်သန်နေကြရတာသာပါ တယ်။ ယူကရိန်း၊ အစ္စရေး၊ အီရန်၊ အီသီယိုပီးယား စသည်ဖြင့် ကမ္ဘာ့အရှေ့ကနေအနောက် စစ်ပွဲတွေ ချည်းပါ။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ လူသားမျိုးနွယ်တွေ စစ်ရဲ့သားကောင်တွေအဖြစ် တဖြုတ်ဖြုတ် ကြွေပြုန်းသွားနေ ကြပါတယ်။
ကိုရီးယားရဲ့ဒီနေ့အနေအထားက လက်နက်ကိုင်ပဋိပက္ခလို့ ဆိုလိုက်တာနဲ့ နှစ်နိုင်ငံစစ်ပွဲတစ်ခုအသွင်သို့ ရေစုံရွက်တိုက်ရောက်သွားဖို့ ရေကန်အသင့်ကြာအသင့် လို့ဆိုရမှာပါ။ မကြာသေးခင်က လုံခြုံရေးအရှိန် မြှင့်ကြဖို့ နှစ်ဘက်စလုံးမှာ လှုံ့ဆော်မှုတွေ အသီးသီးရှိခဲ့ ကြပါတယ်။ မြောက်ကိုးရီးယားအဖို့ တောင် ကိုးရီးယားကို ယှဉ်ပြိုင်အနိုင်ရဖို့ အခွင့်အရေးမရှိသလောက်သာဖြစ်ပါတယ်။ တောင်ကိုးရီးယားအတွက် ဆိုးကျိုး အနေနဲ့ အမြောက်ကျည်ထောင်ပေါင်းများစွာနဲ့အတူ ဒုံးပျံထောင်သောင်းမကတို့ မြို့တော် ဆိုလ် သို့ ရောက်လာကြမှာ ဖြစ်ပါတယ်။ ဆိုလ် ဆိုတာက တောင်-မြောက် စစ်မဲ့ဇုံကနေ ခဲတစ်ပစ်စာ လက်တစ် ကမ်းအကွာလောက်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒုတိယအချက်က ဆိုလ် ဆိုတာ ဧရာမ စီးပွားရေး မြို့တော်ကြီး တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အထင်ကရ စီးပွားရေးလုပ်ငန်းတွေ စုဝေးနေရာ ဒေသတစ်ခု လည်း ဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍ စစ်ဖြစ်လာမယ်ဆိုရင် ဒီစစ်ပွဲက တောင်ကိုးရီးယား တစ်ခုတည်း ကို အကျိုးသက်ရောက်မှာ မဟုတ်တော့ပဲ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ ဖြစ်သွားရပါလိမ့်မယ်။ အထူးသဖြင့် ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံတေွရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ဆက် နွယ်လာရပါလိမ့်မယ်။ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်အသေးစားလုပ်ငန်းတွေကနေ ကမ္ဘာ့အဆင့် အကြီးစား လုပ်ငန်းတွေထိ ဆက်နွယ်မှုက ရထားကနေ အတွဲတွေပြုတ်ထွက်သွားလို ပြတ်တောက်ရပ်တန့်သွား ရပါ လိမ့်မယ်။ ငေွ ကြေးဖောင်းပွမှုတွေ မြင့်တက်လာပါ့မယ်။ ကင် ရဲ့စကားကို သတိလက်လွတ် ပစ်ပယ်ထား လို့မရဘူး ဆိုတာကတော့ ရှင်းပါတယ်။ ဒါကြောင့် ကင် တစ်ယောက် သူ့ခြိမ်းခြောက်မှုတွေကို မိုက်မိုက် ကန်းကန်း အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ ကျွန်တော်နဲ့အတူ ဆက်ပြီး လေ့လာ ကြည့်ကြပါမယ်။
Music : Twinligh Train by Dan Lebowitz
ယခုဗီဒီယိုကို နောက်ကျမှ ကြည့်ဖြစ်ပေမဲ့ ဗီဒီယိုတိုင်းမှာ အသိပညာေတွ၊ဗဟုသုတအသစ်ေတွကို အပင်ပန်းခံ၊စေတနာထားပြီး တင်ဆက်မျှဝေပေးနေတဲ့အတွက် လေးစားစွားနဲ့အမြဲအားပေးနေလျက်ပါ
ကျေးဇူးပါဆရာ အမြဲဝင်ကြညိ့ဖြစ်ပါတယ် အများကြီးဆက်လုပ်ပေးပါဦးဆရာ
Presentation အလွန်ကောင်းပါတယ်၊ကျေးဇူးတင်ပါတယ်။
Presentation လုပ်တာ အင်မတန်ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်
ကျေးဇူးပါခင်ဗျ KT Media
အမြဲတမ်း နိုင်ငံတကားသတင်းအကြောင်းရာများကို ကိုလက်လှမ်းမှီတဲ့ဘက်ကနေ
အကောင်းဆုံး သုံးသပ်တင်ဆက်ပေးနေတဲ့ အကိုလည်း မင်္ဂလာပါ ကျန်းမာပါစေဗျာ🎉🎉🎉
ကျေးဇူးတင်ပါတယ်။ ကိုယ့်ညီလေးလည်း စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာ ဖြစ်ပါစေ၊ လိုရာဆန္ဒပြည့်ဝနိုင်ပါစေ။
ကျေးဇူးပါ ခင်ဗျာ...
မျှော်နေတာ...
မပူပါနဲ့ကမ္ဘာကလက်ပိုက်ကြည့်မှာမဟုတ်ပါဘူး
GOOD 👍👍အရမ်းကောင်းပါသည်။
လေးစာစရာ တေဆက်သူရဲစိတ်ဓအရမ်းချစ်စရာကောင်းပါတယ်❤❤❤🎉🎉🎉👏👏👏
ပြီခါနီမှာပြောသွားတာကအရမ်းကြီးကိုကောင်းတယ်။ရွှေထီးဆောင်တဲ့အချိန်ကိုသတိရနေရင်ကိုယ့်စိတ်ကိုကိုယ်ဒုက္ခပေးနေတာပါဘဲ
😂😂
Yes, bro
Take care everything bro ❤
God bless you bro 🎉
စစ်ဖြစ်မယ်ဆို ကိုရီးယား မျိုးနွယ်စု ၂စုလုံး ပျက်သုဥ်း ပျောက်ကွယ်သွားနိုင်ပါတယ်
ကျေးဇူးအများကြီးတင်ပါတယ်
ကျေးဇူးပါ အကို
ကုလသမဂ္ဂ ကြီး ရဲ့စွမ်းရည်စမ်းသပ်မှုက. အီရန် မြောက်ကိုရီးယား တရုတ် ရုရှား လုပ်နိုင်ခွင့်ပေးထားခြင်းပါဘဲ
ကျေးဇူးပါနော် ❤❤❤
ကျေးဇူးပါဆရာ❤❤
ကျန်တဲ့နိုင်းငံတွေအကျိုးအမြတ်မရှိတဲ့နိုင်ငံတွေဆိုလွှတ်ပေးပြီးသူ့အတွက်လက်နက်ရောင်းမယ် ဖျက်စီးပြစ်ရမဲ့လက်နက်တွေထောက်ပံ့ပြီးစစ်လက်နက်အကြွေးတင်းအောင်သူနိုင်ငံချမ်းသာအောင်ဘဲလုပ်မှာ အကုန်သေကြမှာ
ကမ္ဘာလူသားအတွက် သမိုင်း ပညာပေး ဗဟုသုတ ရဖို့ ဒွန်နီယားအခရတ်အစားပေးပါစေ
အမြဲအားပေးနေပါတယ်။
Thanks
❤❤❤❤❤❤❤❤❤❤စ❤❤
မအလ အားကျနေတာမြောက်ကိုးရီးယားကို တာကြောင့်ရုရှားကိုဖားနေတာ
ကျေးဇူးပါ
လူငယ်လူမိုက် အာဏာရူးဘဝင်မြင့် မာနုကြီး လှတဲ့ ငမိုက်သား ကင်ဂျုံအန် မိုက်မိုက်ကန်ကန်းလုပ်ရင်သူ့သေတွင်းကိုသူကိုတိုင်တူးသလိုဖြစ်သွားမှာမုချပါ
ထောက်ပြဝေဖန်သုံးသပ်သွားတာ နိုင်ငံရေးသုံးသပ်ချက်တွေ အတော်လေးပြည့်စုံပါပေတယ်။ လေးစားပါတယ်။
မြောက်ပုရဲ့အမြောက်ေတွပစ်ခွင့်မရပဲ
လေတပ်နဲ့ဒုံးေတွရဲ့လက်ဦးမှုယူကာချေမှုန်းခံရမည့်ကိန်းမြင်
ဘာသာရေးဆရာထင်တယ်
We love soul
ကင်ကိုလူ့လောကကဖယ်ပြစ်သင့်တယ်စိတ်ကြမ်းသူများခေါင်းဆောင်တွေလူ့လောကမှာမရှိသင့်ပါဘူး။လောဘကြီးသူတွေလည်းမရှိသင့်ပါဘူး။
ဖြစ်ကြစမ်းပါ၊ကမ္ဘာကြီးပျက်သွားလည်းအေးတာပဲ။စိတ်ညစ်စရာတွေ၊ပူပန်စရာတွေလည်းမလိုတော့ဘူး
🎉🎉
အရင်တကြိမ်စစ်ဖြစ်တာ
အနိုင်အရှုံးမရှိ.....
စစ်ပြေငြိမ်းစာချုပ်မရှိ
စစ်ခနရပ်ထားတာဘဲ🎉🎉
ထပ်တိုက်ကြရင်
လူတွေသေ မြို့ရွာတွေပျက်တာဘဲအဖတ်တင်မယ်🎉🎉🎉
နြူးကလီးယားလက်နက်နဲ့ချိန်းခြောက်မယ်သူကဒါပဲလုပ်နိုင်တာသန်းနဲ့ချီတဲ့စစ်သည်တွေကရေရှ ည်စစ်ပွဲမှာဘာထိရောက်မှုမှရှိမယ်မထင်ဘူး
တောင်ကိုးရီးယားကို ဝက်ပုတ်က
နိုင်တယ်ပဲထားဦး အမေရိကန်က
အခုနိုင်တာနဲ့ အခုပြန်ပြီး ရှုံးတာအ
ပြင် နိုင်ငံပါပျောက်သွားလိမ့်မယ်
မီဒီလိမ် တာ ဒေါ်လာ စားတွေ😂😂😂😂😊
မြောက်နော် ငပိထိတစ်ကိုယ်လုံးအရိုးပြဲအရိုးပေါ်အောင်ကုတ်တတ်တယ်
အခုပြောပြနေသလို စစ်ရေးအခြေအနေတွေ မဖြစ်ချင်ရင် ဘာလို့ တခြားဘက်က မခံနိုင်အောင် သွား သွား စ နေကြတာလည်း ။ဖြစ်လာရင် နှစ်ဘက်လုံး ထိခိုက်နစ်နာသေကျေ ကြမယ်ဆိုတာ သိရက်နဲ့ ။ နောက်တခုက နျူကပ် ဓါတုကပ် တွေက နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ သက်ရောက်နေမှာလေ ။ဘယ်လိုအင်အားကြီးက ကူကူ ဘယ်သူမှ မနိုင်ဘူး အလုံးစုံပျက်စီးသွားမှာဘဲ။
အရမ်းကိုပြည့်စုံကောင်းမွန်အောင်တင်ပြထားတဲ့ videoပဲ့ဗျ
စကားပြောတာ တစ်လုံးဆီးပြောပြနေတော့ အချိန်ဆွဲနေသလိုဖြစ်နေတယ် နဲနဲလေး မြန်ပြီးပြောပြရင် အဆင်ပြေမယ်
မင်းမြတ်ပေါင်းတို့ချကြစို့
ကျနော်စာရေးတာပြတ်သောက်သွားတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကကျောင်းနေတာမူလတန်းအဆင့်ပဲရှိလို့။ကျနော်တောင်းပန်ပါတယ်။
အိမ်း
တင်ဆတ်ပုံကပြင်းဖို့ကောင်းတယ်
ဆရာ မြန်မာနိုင်ငံအကြောင်းတင်ပြပေးပါ
စစ်ပွဲကြီးစရင်တရုတ်တပ်က(၂) ရက်အတွင်းရန်ကုန်ကိုတရုတ်စစ်သါး(၅) သေါင်းခန့်ရောက်ပါလိမ့်မယ်Indiaက(၅) ရက်အတွင်းချင်းတွင်းဧရာဝတီမြစ်ဆုံအထိတပ်သါး(၁၅၀၀၀) ခန့်မြန်မါပြည်ကိုဝင်လါပြီးတပ်တွေစွဲကြပါလိမ့်မယ်။မြန်မါတွေကအချင်းချင်းချနေကြတုန်း။ဂျာမဏီပြင်သစ်တို့တေါင်စစ်မှုထမ်းဉပဒေတွေစနေပါပြီ။မြန်မါတွေမပိန်းကြပါနဲ့တေါ့။WorldWarအခြေအနေတွေလေ့လါကြပါ။
@@MyoMin-nd4wv ပေါတောတောနဲ့
လေ့လာနေဆဲပါ
သော်လိုက်လား
မင်းက ဘာသာရေးနဲ့ပတ်သတ်ရင် မမျှတတဲ့ ချန်နယ်
ဘာလို့မမျှတတာ မသိပေမယ့် အငုံစိတ် ဒါမှမဟုတ် တခြားရည်ရွယ်ချက် ဆိုလည်း ရေရှည် မရဘူးနော်😊
အစ်ကိုပြောတဲ့အချက်အလက်အရဆို မြောက်ကိုရီးယားက စစ်ကိုဦးအောင်တိုက်ရင်တောင် တောင်ကိုရီးယားကိုမနိင် နိင်ဘူးပေါ့ ဒါဆို ဘယ်လိုအခြေအနေမျိုးမှာမြောက်ကိုရီးယား စစ်နိင်သွားနိင်မလဲ အဲ့အချက်ကိုပြောပြပေးလို့ရမလားအစ်ကို လက်လှမ်းမီသလောက်ပြောပြပေးပါလားဗျာ
မနိုင်ပါဘူး japan နဲ့ အမေရိကန်ပါလာမှာ😊
@@ShashaMart-ld2cz ဟိုဘက်ကလည်း Russia နဲ့ China ပါလာလိမ့်မယ် ဘဒိူ။။။။ အခုတောင် Cuba strait မှာ Russian made warships တွေ Deploy ထားတယ် US နားမှာ ငြိဖို့များတယ် Russian နဲ့ US
နောက်အခန်းမှာ ကွန်မင့်တွေနဲ့ပတ်သက်လို့ပြောထားတာပါပါလိမ့်မယ်။ ကျေဇူးတင်ပါတယ်။
မိမိလူငယ်များလေ့လာမှတ်သားမိမိနိုင်ငံအတွက်ကြိုးစားအားထုတ်ကြပါ.
👍👍👍👏👏👏
Narrator ဘယ်သူလဲမသိ
ငါ့မြောက်ကြီးလဲသနားပါတယ်ပိုရှန်တဲ့ဆန်ဆီစားပို့ပေးမှပဲ
🎉🎉🎉😊😊😊🎉🎉🎉
တတိမ္ဘာစစ်ဖြစ်ချင်ကြတာမလား?ဖြစ်ကြမြန်မြန်ဖြစ်မြန်မြန်အေးတာပေါ့
၁၉၈၃ ကအာဇာနည်ဗိမာန်မှာသမ္မတချန်ဒူးဝှမ်ကိုဗုံးခွဲတာကျန်နေခဲ့တယ်
🎧🎧🎧
တောင်နဲ့မြောက်ဟာ၊သွေးချင်းပါ
ခွဲလာယူအက်စ်၊အကျင့်ပျက်မို့
စစ်မက်ကိုရှောင်၊ပြည့်ခေါင်းဆောင်တို့
ညီနောင်လက်တွဲ၊သွေးမကွဲနှင့်။
သွေးချင်းလဲ အခု က ပေါင်းဖို့မလွယ်တော့ဘူး
😅😅
🌏🌐❤️👍
တောင်ကိုရီးယားကအမေရိကန်ပဲတွေးတာလား မြောက်ကိုရီးယားဘက်ကတရုတ် ရုရှားကိုထည့်မပြေဘူးနော်မေ့နေတာလား
ok
ငွေပုတို့သေတော့မယ်
မျှော် နေတာ ကြာပြီ။အနှစ်ဘဲ။။။ ကျေးကျုးကဘာဆိုင်လို။
အကိုရေကျနော့်သူဦးတစ်ယောက်အနေနဲ့ပျော်ရမယ်ဆိုလို့ရှိရင်အစ်ကိုသတင်းကြေညာတာကျွန်တော်တော်တော်သဘောကျတယ်ဒါပေမယ့်တချို့လူတွေကအကို့ကိုအဆိုးဘက်ကိုမြင်ကြတယ်။………? ကျေးဇူးပြုပြီးတော့ဒီအတိုင်းပဲအကိုဆက်သွားပါ။
သေရှာတယ်။ ဒီအတိုင်းပဲဆက်သွားမှာပါ။ အခုလိုအကြံပြုတာကျေးဇူးပါ။
လေးစားစွားနဲ့အမြဲအားပေးနေလျက်ပါ
ပြောချင်တာအဲ့တာ😊😊😊မြောက်က မွေပွေးလိုပါ မငြိရင် ဘာမဖြစ်ဘူး အဲ့လိုပါ😊
ထိရင်လဲ သေသွားတာပဲ့😂
@@ThuYaLin-lt5bs 😂😂မိန်းကလေးပုံ တင်ထားမှတော့ မိန်းကလေး အတွေးပေါ့နော်😂
မြောက်ကြီးက အရေးကနေသူ့လက်နက်ကြီးနဲ့ပဲထုပြီး တခြားနိုင်ငံကိုဒုက္ခပေးနိုင်တယ် စစ်ပွဲအတွက်တော့ သူ့မှာအင်အားမရှိဘူး စစ်ပွဲတလလောက်တိုက်ရင် သူ့ဟာသူထမငါးငတ်သေမည့်ကောင်
😮
❤❤❤❤
မြောက်ကိုးရီးယားက ဟန်ပဲရှိပါတယ် စစ်ပွဲအတွက် နောက်ငွေကြေးတောင့်တင့်ဖို့လိုပါတယ်
တောင်နဲ့စစ်ဖြစ်ရင် တစ်လမခံပါဘူး မြောက်ကိုးရီးယားအတွက် လက်နက်ချ ရမှာပါ
စစ်သားအင်အားက အဓိကမဟုတ်ပါ မဖြစ်မနေ၀င်ထားရတဲ့ စစ်သားတွေက ပြေးကြမှာပါ တိုက်မည်မဟုတ်ပါ
စစ်သားတွေကတော့မပြေးလောက်ဘူးထင်တယ်
Brainwash ရဲ့ အစွမ်း
အရမ်းကြီးတယ်ဗျ
အကာတွေကများအနှစ်ကမပါ
လေသာရှည်လိုရင်းမပါပါ
တဖက်သတ်ဝေဖန်သွားတာ
ခင်ဗျားပြောသလိုဆို တောင် ဘက်က usaကဝင်ကူ မြောက် ဘက်ကကြ ရုရှားတို့ တရုတ်တို့က လက်ပိုက်ကြည့်နေမယ်ပေါ့ ဆုတောင်းလေ 😊
So sad for BTS
Haha Kim
မေရိကန်အတွက်အကွက်ထင်တယ်
အမေရိကန်ပါလာရင် ရုရှားတရုတ် အီရန် ထိုင်ကြည့်နေမယ်ထင်လို့လား အခု ယူကရိန်းတောင့်ခံနိုင်တာ eu နိုင်ငံတေပန့်ပိုးနေလို့ ကွန့်မန့်ရေးတဲ့ကောင်တေ တော်တော်ပိန်းတယ်
နေတိုးလဲရခိုင်မှာဆက်နေမယ်ထင်သလားစခိုင်းလိုက်လေ
ပိန်းနေတာက နင် us ဝင်တိုက်ပီဆိုရင် USA နောက်မှာဘယ်သူတွေပါလာမလဲဆိုတာ အာရှ ကနွားတွေအမှီးတောင်လှုပ်ရဲမှာမဟုတ်ဘူး😂😂😂
USနဲ့ဂျပန်ပေါင်းမိရင်😅😅😅 ရုရှားဘယ်တုန်းကဂျပန်ကိုနိုင်ဖူးလို့လဲ😅😅😅
မျှော်နေတာ❤
ကျနော်အတွေးကတော့ တောင်မြောက်တချိန်ပေါင်းစည်းပါလိမ့်မယ်။ တောင်က လုပ်လို့မလွယ်တဲ့နူကလီးယားကိုမြောက်ကလုပ်ပြီးလို့အောင်မြင်သွားရင်ပေါင်းစည်းသွားမှာပါ။ တောင်ဘက်က မြောက်ကိုအမြဲထောက့်ပံပေးနေတာ ကိုသာကြည့်ပါ။ ခံနေရတာပြည်သူတွေပဲ။
😂😂😂
ရူးကြောင်ကြောင်သတင်
ဌာနပဲ
မအေလိုးအမေရိကန် အကုန်လိုက်မြှောက်ပေးနေတာ အမေရိကန် ကျရှုံးပါစေဗျာ
ငါဆိုတိုက်မှာ
စစ်ကမရည်ရွယ်ဘဲနူကရီးယားလက်နက်တွေကိုတောင်ကိုးရီးယားတင်မကပဲဂျပန်နဲ့အနောက်အုပ်စုအထိရောက်လာနှိုင်ပါတယ် သူ့ပြည်သူအင်အားနဲ့အနောက်အုပ်စုအပါအဝင် ဂျပန်နဲ့တောင်ကိုရီးယားသို့ လှပ်တပျက်ရောက်သွားနှိုင်ပါတယ်
😂
ကျေးဇူးပါ
တနေ့တပုဒ်လောက်တင်နိင်ရင်တင်ပေးပါလားဗျ
မဖြစ်နိုင်ဘူးဗျ။ animation ပဲ နာရီ (၂၀) အချိန်ယူရတယ်။
မြောက်ကိုးရီးယားကနိုင်တာဆိုလိုနူလက်နက်ဘဲရှိတယ်
အာရှကလူတွေနဲ့ဥရောပကလူတွေဘယ်လောက်ဒဏ်ခံနှိုင်လည်းကြည့်ရမှာပေါ့
တောင်လို့ပြောပြီးအမေရိကန်ကိုပစ်မှာယုံလား
ကွန်မြူနစ်တွေမျိုးပြုတ်ရင်ကမ်ဘာကြီးအေးချမ်းမယ်
မြောက်ကိုရီးယားမြေပြင်တခုလုံးပြောင်တလင်းခါသွားပါလိမ်မယ်
နိုင်မယ့်အကွက်ရှိမှတိုက်မှာ
အမေရိကန်ကသူများအတွင်းဆရနအားဝင်ပါတာ
စွဲမက်စရာတင်ဆက်မူ့တွေဟာရသမြောက်လှပါတယ်ခင်ဗျာ❤❤❤
လူယုတ်မာတွေကိုအားပေးထောက်ခံတာတရုတ်ပါပဲ
မင်းတို့ကရုရှားနဲ့မြောက်ကိုးရီယားကိုအထင်သေးအမှားကြီး