[Eng_Sub] Burmese Mohinga ငါးနဲ့ ကြက်သားရောချက်တဲ့ အညာမုန့်ဟင်းခါးချက်နည်း မုန့်ဟင်းခါးချက်နည်း

Поделиться
HTML-код
  • Опубликовано: 12 окт 2024
  • အမေရိကားမှာနေထိုင်တဲ့ မုံရွာသူ မစု (Ma Su Su Lwin) ဆီက ရတဲ့နည်းလေးနဲ့ ချက်ထားတဲ့ ကြက်သားတစ်ဝက်၊ ငါးတစ်ဝက် နဲ့ စပါးလင်မပါ၊ ဆန်လှော်မှုန့်မပါတဲ့ အညာစတိုင် မုန့်ဟင်းခါးလေးပါ။ ကုလားပဲအစိမ်းမှုန့်များများကို ရေဖျော်ထည့်ပြီး အုန်းနိူ့ခေါက်ဆွဲလို ခပ်ပျစ်ပျစ်ချက်ရတာကြောင့် မုန့်ဖတ်နဲ့ တွဲဖက်စားရင် မကောင်းလောက်ဘူးလို့ ထင်ခဲ့မိပေမယ့် စောစော ချက်မစားမိတာ နောင်တရလောက်အောင် ကောင်းလှတာမို့ ချက်နည်းလေးအတွက် ကျေးဇူးအများကြီး တင် ပါတယ်ရှင် မစု ရေ …. 😀
    မုံရွာရဲ့ အနောက်ဖက်ကမ်း ညောင်ပင်ကြီးရွာက မူလလက်ဟောင်းပါတဲ့။ မုံရွာမှာရောင်းရင်တော့ ဒီဟင်းရည်လေးကို မုန့်တီသုပ်နဲ့ တွဲချပေးတယ်လို့ ပြောပါတယ်။ ကြက်အကောင်လိုက်ထည့်ချက်ရင် အသားတွေကို နွှင်၊ ဆီသတ်ပြီး၊ ကျန်တဲ့ ကြက်ခြေထောက်၊ တောင်ပံ နဲ့ လည်ချောင်းရိုးလေးတွေကိုတော့ ဟင်းရည်ထဲမှာ နူးအောင်ထားပြီး ကြိုက်တတ်ရင် စားရင်းနဲ့ အရိုးပါကိုက်ကြပါတယ်တဲ့။ ဝက်လက်၊ ရွှေဘို၊ ကျောက်ပန်းတောင်း၊ မြင်းခြံ ဘက်မှာလည်း ဒီလိုပုံစံမျိုးချက်ပြီး တပင်တိုင်၊ မုန့်ဟင်းခါး အရည်ဖျော်လို့လည်း ခေါ်ကြတယ်လို့ သိရပါတယ်။ ကျွန်မကိုယ်တိုင် တစ်ခါမှမစားဖူးပဲ နည်းလေးမေးမြန်းပြီး ခန့်မှန်းချက်ထားတာဖြစ်လို့ မတူပါဘူး၊ မဟုတ်ပါဘူးဆိုသူများ မိမိကြိုက်နှစ်သက်ရာနည်း နဲ့ ချက်စားနိူင်ကြပါတယ်ရှင်။
    #အညာမုန့်ဟင်းခါး #မုန့်ဟင်းခါးချက်နည်း #Burmese_Mohinga #Burmese_Mohingar #ကြက်သားမုန့်ဟင်းခါး #Burmese_dish #Burmese_Cuisine #မုန့်ဟင်းခါး #မုန႔္ဟင္းခါး

Комментарии • 19

  • @nanthuzar118
    @nanthuzar118 Год назад +1

    Ok, I will do this step by step.Thank a lot for u are share knowledge.

  • @nwenwesoesoe8833
    @nwenwesoesoe8833 3 года назад +1

    wow, I have never known this recipe. I'll try it. Thank you.

  • @ellie_2cool
    @ellie_2cool 3 года назад +2

    Wow, never heard of cooking with chicken!!! Very interesting

  • @sansanhtoo2971
    @sansanhtoo2971 3 года назад +1

    Verry Good.

  • @ရွှေမင်္ဂလာ
    @ရွှေမင်္ဂလာ 3 года назад +1

    Good

  • @hanathida1178
    @hanathida1178 10 месяцев назад +1

    ကျွန်မတို့ရွာမှာတော့ ဗယာကြော်နဲ့စားတယ်။ ငါးမပါဘူး။ မုန့်ဖတ်က ရန်ကုန်ကထက်နဲနဲတုတ်တယ်

    • @ChawSusFoodFriends
      @ChawSusFoodFriends  10 месяцев назад

      ဟုတ်ကဲ့ပါရှင် ကွန်မမကိုယ်တိုင် အပြင်မှာသူများချက်တာ မစားဖူးပါဘူး အမေရိကားမှာနေတဲ့ မုံရွာသူ သူငယ်ချင်းအစ်မတစ်ယောက် ချက်စားတာတွေ့လို့ ချက်နည်းလေးတောင်းပြီး ချက်စားတော့ စားကောင်းလွန်းလို့ ပြန်ချက်ပြထားတာပါရှင်🥰

    • @hanathida1178
      @hanathida1178 10 месяцев назад +1

      ဟုတ်ကဲ့ အညာလည်း တနေရာနဲ့တနေရာ မတူဘူးထင်ပါတယ်ရှင့်

  • @myohaung6299
    @myohaung6299 2 года назад +1

    ဆန်လှော်မှုန့်မပါဘူးနော်

    • @ChawSusFoodFriends
      @ChawSusFoodFriends  2 года назад

      ဟုတ်ကဲ့ ဆန်လှော်မှုန့် မပါပါဘူးရှင်...