လူငယ်တွေအတွက် ရည်ရွယ်ပြီး စီစဉ်ပေးထားတဲ့ EPFT ( English and Personal Development for Teenagers )
HTML-код
- Опубликовано: 7 фев 2025
- 📌📌📌
မင်းအောင်လှိုင် အာဏာလုပြီး နောက်ပိုင်းမှာ
ကျွန်တော်တတ်နိုင်သလောက် ဆန့်ကျင်လှုပ်ရှားခဲ့တာတွေကြောင့်
ဝရန်းထုတ်ခံရပြီး နောက်ပိုင်း
သင်တန်းတွေ မရှိတော့ပါဘူး ။
စာ အဟောင်းတွေ မဖျက်ချင်လို့ပဲ ထားထားလိုက်တာပါ။
အားလုံးပဲ မင်္ဂလာပါ ...
ဆယ်တန်းပြီးကာစ လူငယ်တွေအတွက် ရည်ရွယ်ပြီး စီစဉ်ပေးထားတဲ့
EPFT ( English and Personal Development for Teenagers ) ဆိုတဲ့
အွန်လိုင်းသင်တန်းအကြောင်း ဒီ Video မှာ ရှင်းပြပေးထားပါတယ် ။
မိနစ် ၂၀ ကျော်လောက် သေချာ ရှင်းပြထားတာမို့
စိတ်ဝင်စားတယ်ဆို သေချာ အစအဆုံး နားထောင်ပြီး
ကိုက်ညီတယ်ထင်မှ အပ်ပါဗျာ
( ငွေရေးကြေးရေး အခက်အခဲရှိနေရင်
ပွင့်ပွင့်လင်းလင်း သေချာပြောပြီး အကူအညီ တောင်းနိုင်ပါတယ် )
လိုတိုရှင်း ပြောရရင်တော့ ...
၁။
အသက် ၁၅ ကနေ ၂၀ ကြား လူငယ်တွေအတွက် သီးသန့်
အင်္ဂလိပ် ဘာသာစကား ကို
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ၊
စိတ်ဓာတ်ကြံ့ခိုင်ရေး ၊
ပန်းတိုင်ချမှတ်နည်း ၊
အလုပ်အကိုင် လမ်းကြောင်း ရွေးချယ်နည်း ၊
ထိထိရောက်ရောက် စဉ်းစားနည်း နဲ့ လေ့လာသင်ယူနည်း
*လက်တွေ့ကျတဲ့ ( ထပ်ပြောပါမယ် - လက်တွေ့ကျတဲ့ )
စိတ်အား မြှင့်တင်ရေး စတဲ့ အကြောင်းအရာတွေနဲ့
တွဲဖတ်ပြီး သင်ကြား မျှဝေပေးသွားမှာပါ ။
နိုင်ငံတကာ သင်ရိုးကို ကျောရိုးလောက်ပဲ ယူပြီး
ဆရာ ကိုဇင်ဇေ ရဲ့ အယူအဆ / အတွေ့အကြုံပေါ် အခြေခံတဲ့
တခြား ပြင်ပ အကြောင်းအရာ ၊ သင်ခန်းစာတွေနဲ့ သင်ပေးသွားမှာပါ
၂။
LPE ( Learn - Practice - Exposure ) စနစ်အတိုင်းပဲ
သင်သွား ကျင့်ပေးသွားမှာပါ ။
လေ့လာ - လေ့ကျင့် - ထိတွေ့ ပေးတဲ့ စနစ်ပါ ။
( LPE System အသေးစိတ်ကို တခြား Video မှာ ရှင်းပြပေးပြီးသား ရှိပါတယ် ။
မကြည့်ရသေးလို့ ကြည့်ချင်ရင် အောက်မှာ တောင်းဆိုထားနိုင်ပါတယ် )
၃။
တစ်ဦးချင်း ၊ လူနည်းစု သီးသန့်ဝိုင်း မဟုတ်ပဲ
လူအများအတွက် သက်သက်သာသာ သင်ယူလို့ရတဲ့ ပုံစံမျိုးပဲ စီစဉ်ထားတာပါ ။
ဆရာနဲ့ တစ်ဦးချင်း ဂရုစိုက် သင်ပေးခံချင်တာမျိုးဆို အဆင်မပြေပါဘူး ။
ငါးကျွေးဖို့ထက် ငါးဖမ်းနည်း သင်ပေးဖို့ကို အဓိက ဦးစားပေးမှာပါ
ကိုယ့်အားကိုယ်ကိုး ချင်စိတ်ရှိဖို့ လိုပါမယ် ။
မရှိရင် လည်း အနည်းဆုံးတော့ ရှိအောင် မွေးချင်စိတ်တော့ လိုပါမယ် ။
မလုပ်တတ်ရင် သင်ပေးပါမယ် ။
လုပ်ချင်စိတ်ပေါက်လာအောင် အားပေးမယ် ။
ဒါကိုမှ မလုပ်ချင်သေးရင်တော့ တရွတ်တိုက် ဆွဲခေါ်လို့တော့ အဆင်မပြေပါဘူး ။
အများနဲ့ သင်တာဆိုတော့
တစ်ယောက်အတွက် ကြောင့်
ကျန်တဲ့လူတွေအတွက် တန်ဖိုးရှိမယ့် အချိန် ပိုကုန်သွားတာမျိုး မဖြစ်စေချင်လို့ပါ
၄။
သေချာရိုက်ကူးတည်းဖြတ်ထားတဲ့ Videos တွေ နဲ့
ဦးစားပေး သင်ပေး ၊ ကျင့်ပေးမှာပါ ။
Live Video က လွန်ရောကျွံရော ၂ ပတ်တစ်ခါလောက်ပဲ သင်ဖြစ်လောက်ပါမယ် ။
( စာတန်း သေချာထိုးတာ ၊
လိုအပ်တဲ့ ပုံတွေ Videos တွေ အသံဖိုင်တွေ ညှပ်သင်ပေးတာတွေမှာ
Live Video က သိပ် အဆင်မပြေလို့ပါ ။
Zoom တွေ Google Meet တွေနဲ့ သင်တာလည်း
တကယ် သေချာ တည်းဖြတ်ထားတာလောက်တော့ အားမရလို့ပါ )
အချင်းချင်း တွဲဖက် လေ့ကျင့်လို့ရအောင် စီစဉ်ပေးထားပြီး
ကိုယ်နဲ့ ကိုယ့် လေ့ကျင့်ဖော် ကြိုးစားချင်စိတ်ရှိရင်ရှိသလောက် လေ့ကျင့်လို့ရမှာပါ
၅။
ဖြေပြီးတာနဲ့ မှန်-မှား-အမှတ်ပေါင်း သိနိုင်မယ့်
လေ့ကျင့်ခန်း ပုံစံတွေကို ဦးစားပေး သုံးသွားပါမယ် ။
လူအများနဲ့ သင်ရတာမို့လို့
တစ်ယောက်ချင်း ရေးသမျှ ပြောသမျှ စာတွေ တော့ လိုက်ပြင်မပေးပါ ။
အမှားများတတ်တာတွေကို
အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးသပ်ပေးတာမျိုး ပဲ လုပ်ပေးပါမယ်
၆။
လိုအပ်တဲ့ Websites တွေ Mobile Apps တွေ ကို
စနစ်တကျသုံးတတ်အောင် ညွှန်ပေး ၊
မျှဝေပေးသွားပါမယ်
၇။
သင်တန်းကာလ ၃ လ ပါ ။ တစ်ပတ် ၃ ရက် သင်ပါမယ် ။
( တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာပါ )
အဲ့ ၃ လ ပြီးသွားရင်
အပိုဆောင်း ၁ လ ကိုလည်း
တစ်ပတ် ၁ ရက် နှုန်းနဲ့ ဆက်သင်ပေးဦးမှာပါ
၈။
သင်တန်းကြေးက Level တစ်ခု အပြတ်ကို ၅ သောင်းပါ ။
( Level က 1 to 5 အထိ ရှိပါမယ် ။
Level တစ်ခုပြီးမှပဲ နောက်တစ်ခု ဖွင့်မှာပါ ။
အခု ဖွင့်မှာက Level - 1 ပါပဲ ။
အင်္ဂလိပ်စာ ဂုဏ်ထူးလည်းထွက်ပြီး
Listening & Speaking လည်း အတန်အသင့် ကျင့်ဖူးတဲ့ လူငယ်တွေ
Level - 1 မတက်သင့်ပါဘူး ။ )
၂ ယောက်တွဲ အပ်ရင် တစ်ယောက် ၄ သောင်းခွဲ ၊
၃ ယောက်တွဲ အပ်ရင် တစ်ယောက် ၄ သောင်း ပဲ ကျပါမယ် ။
တွဲပြီး လေ့ကျင့်မယ့် သူငယ်ချင်း ရှိစေချင်လို့ပါ
၉။
သင်တန်း တကယ်တက်ချင်ပေမယ့်
( ကိုယ့် သားသမီးကို သင်တန်းကို ထားပေးချင်ပေမယ့် )
ငွေရေးကြေးရေး အခက်အခဲရှိနေရင်
ပွင့်ပွင့်လင်းလင်း သေချာပြောပြီး အကူအညီ တောင်းနိုင်ပါတယ် ။
( အချောင် လိုချင်စိတ်နဲ့ တောင်းတာ မဟုတ်တဲ့ လူတွေအတွက် )
တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးပါ့မယ်
သင်တန်းတက်ဖို့ စိတ်ဝင်စားရင်
အသေးစိတ် သေချာသိရအောင်
Video ကို သေချာ အစအဆုံး ကြည့်စေချင်ပါတယ်ဗျာ ။
ဒီ Video လေးမှ အစအဆုံး မကြည့်ချင်ရင်တော့
ဒီ အွန်လိုင်း သင်တန်းလည်း မတက်သင့်ဘူးလေ ။
သင်တန်းမှာက ဒီလို Videos တွေ အများကြီး နဲ့ သင်မှာကိုး ။
လူငယ်တွေ ကိုယ်တကယ် ရောက်ချင်တဲ့ ပန်းတိုင်ကို သေချာသိပြီး
ရောက်အောင်သွားနိုင်တဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်ဝနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဗျာ :)
စေတနာဖြင့်
#ကိုဇင်ဇေ
Founder & Trainer @ActiveEnglish
မရှင်းတာ / ထပ်သိချင်တာရှိရင်
ဒီလင့် sayazin.net/ytc... ကို နှိပ်ပြီး
စာပို့ပြီး မေးလို့ရသလို
09-4010-91-800 / 09-4010-91-900
09-26-100-8186 / 09-2522-74890
09-4011-800-40 / 09-4011-800-50
တို့ကို လည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်
ဆရာရေ ဒီသင်တန်းလေး ခုချိန်ဖွင့်ပေးစေချင်တယ် စာတခုထဲမဟူတ်ပဲ စိတ်ဓာတ် ပိုင်းဆိုင်ရာတွေပါ သင်ပေးမှာမို့အရမ်းသဘောကျ တယ် ဆရာအဆင်ပြေရင် ဒီအတန်းလေး ပြန်ဖွင့်ပေးပါလားရှင့်
ကျေးဇူးတင်ပါတယ် ဆရာ🙏🙏
Thanks
Thank for sharing ❤
Thank you, Sir
Thank you.
နှမ်းစေ့လေး လာရောက်
အားဖြည့်သွားပါတယ် 😊
ပန်းပွင့်တယ် 😊❤ z
ပန်းတွေပွင့်နေပါတယ်ခင်ဗျာ။🌷🌷🌷
ကြိုးစားအားထုတ်မှုတွေအတွက် ယနေ့အချိန်အထိ စိတ်ရှည်လက်ရှည် ဇွဲကောင်းကောင်းနဲ့ ပညာတွေ မျှဝေပေးရင် ပါဝင်ပေးနေပါသော ဆရာဇေ နှင့်တကွ ကလစ်ကာတော်လှန်ရဲဘော်ရဲဘက်များ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
လိုချင်သောပန်းတိုင်ကိုလည်းရောက်ခါနီးပြီမို့ ပန်းတိုင်ရောက်သည်အထိ ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေ တစ်ဦးလက်တစ်ဦးမြဲမြဲမြံ့မြံ့ဆွဲကိုင်ထားကြရင်း အကြောတင်းတင်းနဲ့ အတူတကွ ဆက်လက်ချီတက်ကြမယ်နော်...🥰😍🤩💝💖💗💪💪💪
တော်လှန်စာဖတ်သူ
နွေဦးမိုးကြီး
ခုချိန်ပြန်ဖွင့်ပေးပါလားရှင့်
❤❤️❤️
❤❤❤
❤