အမ်ဘာပေ မက်ဒရစ် နှစ်ကာလများ စပြီ

Поделиться
HTML-код
  • Опубликовано: 5 июн 2024
  • အရင်ခေတ်ရဲ့ ပရိသတ်ချစ်ခင်အားပေးမှု အရဆုံး အစီအစဥ်တွေရဲ့ ရသကို အခုတစ်ဖန်ပြန်လည်ခံစားနိုင်စေဖို့အတွက် Soccer House-ဘောလုံးအိမ်ကနေ ဆရာ Nကြယ်မင်း နဲ့ ဆရာနန္ဒဝန်ငြိမ်းချမ်း တို့ရဲ့ပရိသတ်အားပေးမှု အများဆုံးရခဲ့တဲ့ အစီအစဥ်တွေကို ကိုယ်စားပြုတဲ့ “တစ်ပတ်အတွင်းဒိုင်ယာလော့ခ်” အစီအစဥ်အဖြစ် “အမ်ဘာပေ မက်ဒရစ် နှစ်ကာလများ စပြီ” ဆိုတဲ့ ခေါင်းစဥ်နဲ့ အတူ တင်ဆက်လိုက်ရပါတယ်။
    Soccer House - ဘောလုံးအိမ်ရဲ့ အစီအစဥ်များကို Facebook | RUclips နဲ့ Spotify Podcast Channel များမှာလည်း တင်ဆက်ပေးနေကြောင်းလည်း ကြည့်ရှုအားပေးသူများအတွက် သတင်းပါးလိုက်ရပါတယ်။
    #SoccerHouse | #ဘောလုံးအိမ် | #WeeklyDialogue | #NKyalMin | #NandawunNyeinChan
  • СпортСпорт

Комментарии • 120

  • @tayzar526
    @tayzar526 24 дня назад +33

    ကြိုက်တဲ့ နည်းပညာနဲ့ကစား၊ အောင်မြင်လာရင် အကုန်ဝိုင်းပြီးလိုက်လာကြမှာတဲ့။ အကို Nandawun ရေ တကယ်မိုက်တယ်ဗျာ ၊ အရမ်းမှန်တယ်။ Respects ပါဗျာ။

  • @yeminnoo7197
    @yeminnoo7197 23 дня назад +10

    ခုခေတ်မှာ အရမ်းကြိုက်ပါတယ် ဆိုတဲ့ လူ တွေ ကို deeply (deeply) support မပေးနိုင်သေးခင်မှာ Like and comment လောက်တော့ ပေးကြပါ

  • @lwinnyeinchan5620
    @lwinnyeinchan5620 24 дня назад +7

    Videoရဲ့ အစပိုင်းမှာနားထောင်ရတော့ အရင်အချိန်တွေကိုတအားလွမ်းမိသွားတယ် ဆရာသမားတွေရဲ့အတွေးအခေါ်တွေက တအားနားထောင်လို့ကောင်းတယ် ကျေးဇူးပါဗျာ

  • @nyxiigaming1818
    @nyxiigaming1818 24 дня назад +18

    တကယ်ကိုလိုက်ဖက်တဲ့အတွဲဗျာ ကြည့်ရတာမိုက်နေရော တယောက်ကလဲ သတင်းကိုထဲထဲဝင်ဝင်နှိုက်တယ် တယောက်ကလဲ အလိုကိုမရှိ မေးသမျှကိုဒေါင့်စေ့အောင် ပြန်ဖြေနိင်တယ် အားပေးနေတယ်ဗျာ ဒီ့ထက်မကအောင်မြင်ကြပါစေဗျာ 💙💙💙

  • @kyawmoemyint1995
    @kyawmoemyint1995 24 дня назад +8

    ကိုနန္ဒဝင် သုံးသပ်တာအရမ်းမိုက်တယ် ဘောလုံးအကြောင်းတစ်ဂယ်ကိုသိတယ် နားထောင်ရတဲ့သူတွေအတွက် တစ်ဂယ်ကိုဗဟုသုတရပါတယ်

  • @soemin2860
    @soemin2860 24 дня назад +7

    ကောင်းလိုက်တာဗျာ ကျေးဇူးတင်ပါတယ် soccer house ရေ ဒီအစီအစဉ်လေး အရမ်းကြိုက်ပါတယ်

  • @mratsoe6308
    @mratsoe6308 22 дня назад +5

    ဆွေးနွေးချက်တွေ အားရတယ်ဗျာ
    သဘောကျတဲ့သူတွေလည်း Like & Commentနဲ့ Supportပေးကြပါဗျာ

  • @ReactionofUnited
    @ReactionofUnited 23 дня назад +2

    လက်ရှိကာလ ဘဝအခက်အခဲတွေကို ကြံဖန် ဖြေသိမ့်‌ေနရတဲ့အချိန်အခါမှာ ကိုယ်ချစ်တဲ့နယ်ပယ်က ဒီလိုဆရာတွေရဲ့ စကားဝိုင်းတွေ အပတ်စဉ် ရှိနေစေဖို့ ‌ဆုတောင်းမိပါတယ်🙏😍

  • @thantzinkyawknight
    @thantzinkyawknight 23 дня назад +1

    ဂျာနယ်ခေတ်ကိုသတိရမီပါတယ် 😢 good old days

  • @zeyathura0779
    @zeyathura0779 23 дня назад +4

    အဆီ အနှစ်တွေ
    ပြည်ပမှာ အလုပ်လုပ်ရင်း အားပေးနေပါတယ်
    ဒီမှာကကြည့်ရင်း ads တွေတက်တော့ ပိုက်ဆံတွေ ဝင်ပါစေ

  • @sunnthureain
    @sunnthureain 24 дня назад +8

    ဘယ်channelတွေ ဘယ်လောက်ကောင်းကောင်း
    old schoolကြီးတွေကိုမှီဖို့ကတော့ မဖြစ်နိုင်လောက်ဘူးဗျာ. လေးစားလျှက်

  • @Themiracle-zee7-7kwat
    @Themiracle-zee7-7kwat 23 дня назад +1

    မေးသူဖြေသူ respectအရမ်းဖြစ်တာပဲ❤ဆရာတို့ရဲ့ကဗျာလည်း ဖတ်တယ်၊နားလည်းထောင်တယ်။ကိုနန္ဒရဲ့ football master pageမှာလည်းTop Fanပါဗျ။စကားပြောဆိုသွားတာတွေကဂရုကြီးတွေ ပီသချက်ပဲ

  • @kobo-hz9ls
    @kobo-hz9ls 24 дня назад +6

    ဆရာတို့ရေ မင်္ဂလာပါဗျ။
    Euro2024 အထူးဆွေးနွေးခန်းလေး လုပ်ပေးပါအုံးဗျ။
    1. အိမ်ရှင်ဂျာမဏီ ရဲ့ပြင်ဆင်ထားမှုနဲ့ အလားအလာ (မူလာကို လိုအက်နေတုန်းလား)
    2. လက်ရှိချန်ပီယံ အီတလီရဲ underrated ဖြစ်မှုနဲ့ အဲ့လိုအခြေအနေတွေ သူတို့ရဲ့ ထ,တောက်ပြတတ်မှု က ဘယ်လိုရှိမလဲ။
    3. ကမ္ဘာ့ဖလား ဒုတိယဆုရှင် လူအင်အားတောင့်တင်းတဲ့ ပြင်သစ်အသင်း၊ အမ်ဘာပေခြေစွမ်းပြမှုနဲ့ ဗိုလ်‌စွဲနိုင်ခြေ။
    4. ရေပန်းအစားဆုံး အင်္ဂလန်အသင်း ဒီတကြိမ်မှာရော ဗိုလ်စွဲသင့်ပြီလား။(EPL young player award နောက်ဆုံး 3-နှစ်ဆက်ရထားတဲ့ ဖိုဒန်၊ဆာကာ၊ပါမား တို့ အတူကစားတာ မြင်တွေ့ရနိုင်လား)
    5. နှစ်သင်းစာ‌ခြေစွမ်းထက် ကစားသမားတွေရှိတဲ့ ပေါ်တူဂီ ဗိုလ်စွဲဖို့ ဘာတွေလိုအပ်နေသေးလဲနဲ့ စီရိုနယ်ဒိုရဲ့ ကဏ္ဍ။
    6. လူငယ်တွေနဲ့ စပိန် ဘာလုပ်ပြဖို့ရှိလဲ။
    7. ဗန်ဒိုက်တို့ရဲ့ နယ်သာလန် အလှမ်းဝေးနေတုန်းလား။
    8. နောက်ဆုံးပြိုင်ပွဲကြီးတွေမှာဆို လုပ်ပြနေတဲ့ ခရိုအေးရှား မီးစာကုန်နေပြီလား။

  • @zaulatmyihtoi3841
    @zaulatmyihtoi3841 21 день назад +1

    ကျေးဇူးပါဆရာတို့ရေ

  • @maungkyiwin3900
    @maungkyiwin3900 24 дня назад +9

    Soccer house က လူကြီးမင်းများခင်ဗျား
    ဒီအစီစဥ်လေးကို အဆင်ပြေမယ်ဆိုရင်ဖြစ်
    ကိုဝေမိုးဇော်ကိုပါ ဖိတ်ခေါ်ပေးလို့ရမလာခင်ဗျား🙏🙏🙏
    ကိုနန္ဒဝန်ရယ် ဦးNကြယ်ရယ် ကိုဝေမိုးဇော်ရယ်ဆို Perfect ပြီဗျာ🙏🙏🙏 ကျနော့်အမြင်လေးပါဗျ😍😍😍

    • @user-uh2mj3rz3w
      @user-uh2mj3rz3w 20 дней назад

      ဟုတ်တယ်အဲဘဲကလည်း အသင်းစွဲမထားပဲ ဘက်လိုက်မှုကင်းတယ်ဝေဖန်တဲ့နေရာမှာ

  • @htaywin6332
    @htaywin6332 21 день назад

    ဘောလုံးအကြောင်းကို ရသခံစားမှုနဲ့ နားထောင်ခဲ့ရတဲ့အတွက် ကျေးဇူးပါ။

  • @YukiIshikawa-xc4ek
    @YukiIshikawa-xc4ek 24 дня назад +7

    နောက်တစ်ခေါက်မှာဆရာအန်ကြယ်မင်းကဆရာနန္ဒဝန်ဝင်ရောက်လာပုံကိုသေသေချာချာလေးမေးပေးပါခင်မျာ ဖြစ်နိုင်မယ်ဆိုရင်ဆရာနန္ဝန်အကြောင်းကိုတပုဒ်ဘောလုံးအကြောင်းတစ်ပုဒ်စီစဥ်ပေးပါ@SOCCER HOUSE

  • @KoMi-gc3zn
    @KoMi-gc3zn 23 дня назад +1

    တကယ်နားထောင်ကောင်းတယ်ဗျာ❤

  • @naingmin1193
    @naingmin1193 24 дня назад +5

    Nကြယ်မင်းကိုအရင်ကမသိခဲ့ပါဘူးကျနော်ဆက်ပြောလိုက်မယ်နော်ဆိုတဲ့တစ်ဖက်လူကိုအားနာတတ်တာလေးတော့သဘောကျတယ်ဗျာ

  • @AungKyawOo-se6tg
    @AungKyawOo-se6tg 22 дня назад +2

    Bro သုံးသပ်ချက်တွေကောင်းတယ် အားပေးနေတယ်ဗျာ

  • @note11epro-rd6kh
    @note11epro-rd6kh 24 дня назад +5

    Nကြယ်မင်းဆိုတဲ့ဒီပုဂ္ဂိုလ်က ကဗျာတွေနဲ့ကြီးပြင်းလာမှန်းသိသာစေတယ် ပြောတဲ့စကားလုံးတွေကိုကဗျာသံတွေကြီးစိုးနေတယ်

    • @SuperMan-rx8dk
      @SuperMan-rx8dk 24 дня назад +1

      သူ့ရဲ့ဆောင်းပါးတွေကကဗျာအငွေ့အသက်တွေလွှမ်းနေတော့အရမ်းဖတ်လို့ကောင်းတယ်။

  • @user-tl8gy2mf7r
    @user-tl8gy2mf7r 23 дня назад

    အရမ်းကောင်းပါတယ်

  • @user-we6ux1nx5t
    @user-we6ux1nx5t 24 дня назад +5

    ဆရာတို့နှစ်ယောက်ကိုအားကြမိပါတယ် ဝါသနာတွေနဲ့ဘဝရပ်တည်မှုကို
    တည်ဆောက်နိုင်သူတွေလို့ထင်မိပါတယ်

  • @ThomasShelby-qi4sn
    @ThomasShelby-qi4sn 24 дня назад +1

    နားရက်မာ မိုးအေးအေးလေးနဲ့ နားထောင်စရာ ပုံပြင်တပုဒ်အတွက် ကျေးဇူးပါ ဆရာတို့ရေ အမြဲလေးစားလျက် အားပေးလျက်ပါ🎉

  • @khinmaunghtwe2982
    @khinmaunghtwe2982 24 дня назад

    ကျေးဇူးအများကြီးတင်ပါတယ်ဗျာ Nkmနင့်
    ကိုငြိမ်းချမ်း ပြောပြတာတွေဟာအများကြီးတန်ဖိုးရှိပါတယ်ဗျာကိုယ်ငယ်ငယ်ထဲကဆရာ Nkmရဲ့ခရမ်းရေ ဆိုတာကိုအများကြီးကြိုက်ခဲ့ရပါတယ်ဗျာ

  • @FootballCafe.317
    @FootballCafe.317 24 дня назад +3

    နားထောင်ရတာ သိပ်ကောင်းတယ် အပတ်စဥ် လုပ်ပေးပါ

  • @austinwarso3309
    @austinwarso3309 22 дня назад +3

    ဆရာNကြယ်မင်းနဲ့ ဆရာနန္ဒာဝန်ငြိမ်းချမ်းတို့ အပြန်အလှန် လေးစားမှုအပြည့်ရှိတာ ကြည့်ရတာ စိတ်ကြည်နူးရပါတယ်။

    • @CleverHein
      @CleverHein 21 день назад

      Old school တွေမှာ အခုကောင်တွေလို အငုံစိတ်မပါလာဘူးလေ

  • @winmintun9596
    @winmintun9596 23 дня назад

    ကျေးဇူးတင်ပါတယ် ဆရာ ဘောလုံး Legends များ အကြောင်း အကြိုက် ဆုံးပါ

  • @tainnyo3534
    @tainnyo3534 16 дней назад +1

    ဆရာထန်ကိုမင်းကိုလဲလေးစားတယ်။ကိုနန်ဒဝန်နဲ့ဘယ်သူကဂျုနီယာကျလဲဗျ။

  • @user-it4rt5el4g
    @user-it4rt5el4g 24 дня назад

    အားပေးနေတယ်အကို

  • @winnada5326
    @winnada5326 24 дня назад +3

    လက်မနိုပ်ဖို့မမေ့ကြပါနဲ့ ဘေနာက ခေါင်လောင်းလေးကိုလဲနိုပ်ပေးကြပါ ကျေးဇူးပါ။⚽⚽⚽

  • @mini7369
    @mini7369 23 дня назад

    ချစ်သောများ အားလုံး မဂ်လာပါ

  • @donkhan9047
    @donkhan9047 24 дня назад +1

    ❤🎉 cheers 🥂 guy’s

  • @naungnaung1253
    @naungnaung1253 23 дня назад +3

    အမ်ဘာပေ ကစားပုံက မက်ဆီ ဒိုလေး တစ်ယောက်နဲ့မှမတူပါ ဒိုကြီးR9 ရဲ့၆၀ % လောက်ကိုပဲ မှီတယ်

  • @koswelay7231
    @koswelay7231 13 дней назад +1

    ကိုန္ဒ၀င်ကိုကြိုက်တာ တခြားတဖက်ကနေ အခြေအနေကိုမြင်တတ်ကြည့်တတ်တွေးတတ်တာကို ကြိုက်တာ

  • @Aung-Pyae
    @Aung-Pyae 24 дня назад +2

    မော်ရင်ညိုအကြောင်းကို ဦးဝန် ပြောပြပေးပါဦး၊ နုပျိုစဥ်က မော်ရဲ့ အမှတ်တရတွေက မျက်စိထဲ စွဲနေတုန်းဗျာ။

  • @minmintun-tz7bm
    @minmintun-tz7bm 22 дня назад +1

    သုံးသပ်ချက်တွေလေးစားတယ်ဗျာ

  • @maungmaung1715
    @maungmaung1715 24 дня назад +2

    အမြဲကြည့်ဖြစ်တဲ့အစီစဉ်လေးပါ၊သုံးသပ်ချက်၊ဆွေးနွေးချက်တွေက အရမ်းမိုက်တယ်၊

  • @mettamyaesale3620
    @mettamyaesale3620 24 дня назад +2

    Neymar ရဲ့ ဘဝဇာတ်ခုံ အနိမ့်အမြင့် အတက်အကျ ပုံပြင်ဆန်ဆန်လေး နဲ့ဆွေးနွေးပေးပါဦး

  • @sawminthu5270
    @sawminthu5270 5 дней назад

    နားထောင်လို့ကောင်းတဲ့ စကားဝိုင်းပါ

  • @zawyenaung6895
    @zawyenaung6895 23 дня назад

    ခရမ်းရေ ပရိသတ်ပါ ဆရာ ... ကျွန်တော်တို့ ငယ်ဘ၀တွေ သတိပြန်ရတယ်ဆရာ။

  • @paingPaing-sd9cf
    @paingPaing-sd9cf 22 дня назад

    မန်စီးတီးအကြောင်းလေး ထည့်ဆွေးနွေးသွားတာ ကျေးဇူးတင်ပါတယ်ဗျာ

  • @phyothantkyaw9716
    @phyothantkyaw9716 24 дня назад

    အားပေးလျက်ပါအကိုကြီးတို့

  • @nandaaung6939
    @nandaaung6939 21 день назад +1

    သစ္စာတရား ရှင်းပြတာ မင်း ငါတို့ကို ပြောတာလားကွာ ဆိုပြီး တွေးနေကြဦးမယ် 😬😊

  • @thura9900
    @thura9900 23 дня назад +1

    N Kyal Min a Yan kyike❤❤❤

  • @SamPlayzMM2
    @SamPlayzMM2 23 дня назад +2

    ဆရာဖေသိန်းနဲ့ ဆရာN ကြယ်မင်းရဲ့ All Starကိုဝယ်ပြီး သိမ်းထားခဲ့ပါတယ်

  • @juno8219
    @juno8219 23 дня назад +2

    ကို နန္နဝင်ရဲ့ ဒီလမ်းကြောင်းကိုရောက်လာပုံလေးသိချင်ပါတယ်ဗျာ
    ဘာပြောပြော နားထောင်ရတာ အရသာရှိတာပါ

  • @kelvin_khant
    @kelvin_khant 24 дня назад +2

    Messi နဲ့ Ronaldo တို့လိုတော့ ဘယ်ကစားသမားမှရောက်မယ်လို့မထင်ဘူး သူတို့နှစ်ယောက်ကိုမမှီနိုင်ဘူး ကံရော ခြေစွမ်းရော အောင်မြင်မှုကော

  • @kyawmoemyint1995
    @kyawmoemyint1995 24 дня назад

    👍👍👍

  • @phoenyi6656
    @phoenyi6656 24 дня назад

    တကယ်စိတ်ဝင်စားရပါတယ်

  • @htutaungwai804
    @htutaungwai804 23 дня назад +1

    ကိုနန္ဒဝင််ကို အတော်လေးစားတယ်ဗျာ

  • @Waigyee-zs3es
    @Waigyee-zs3es 24 дня назад +2

    ခရမ်းပြာထက်လူ ကို ရည်ရွယ်ကြောင်း စာစောင်တွေထဲမှာ ဖော်ပြဖူးတာတွေ ဖတ်ခဲ့ဖူးပါတယ်

  • @yelmamhein-ft8yx
    @yelmamhein-ft8yx 24 дня назад

    ❤❤

  • @maungmaung6098
    @maungmaung6098 22 дня назад

    မန်စီးတီးရဲ့case ကိုပက်ကစောင့်ကြည့်နေပုံ ရတယ်။

  • @WisdomWave-hi8vt
    @WisdomWave-hi8vt 24 дня назад +12

    ဆရာ N ကြယ်မင်းရဲ့ ဘောလုံးလောကထဲ ဝင်ရောက် လာပုံကို နားထောင်ရတာ စိတ်ဝင်းစားဖို့ ကောင်းလိုက်တာ......

    • @NyeinThihaZaw-wz8sy
      @NyeinThihaZaw-wz8sy 24 дня назад +2

      စာရေးဆရာတစ်ယောက်ရဲ့အာဘော်နဲ့ဆို ကျန်တော့်တို့ဘဝတေတောင်စိတ်ဝင်စားဖိုးကောင်အောင်ပြောတက်ကြတယ် ဆရာကြယ်ကအဲ့လိုလူမျိုးပါ

    • @paingthu-qb5ho
      @paingthu-qb5ho 23 дня назад

      မင်းမမွေးခင်ကတည်းကဘောလုံးသတင်းတွေရေးနေတဲ့သူဟ

  • @ZinKo-qy5pm
    @ZinKo-qy5pm 23 дня назад +1

    အရမ်းကိုအရသာရှိပါတယ် စကားလုံးတွေကဘောလုံးရသတင်မက စိတ်ကိုလည်းနုပျိုစေပါတယ်

  • @tintnaingwin7240
    @tintnaingwin7240 23 дня назад +1

    မဂ်လာပါ လေးစားစွာအားပေးနားစဥ်ကြည့်ရှုနေပါတယ်ခင်ဗျာ

  • @khunjko920
    @khunjko920 24 дня назад +2

    ရီးရဲလ် မန်ယူဖန်တစ်ယောက်အနေနဲ့ အမ်ဘာပေရောက်လာတာ အရမ်းပျော်တယ်ဗျာ❤

    • @user-pl7qq7ck3w
      @user-pl7qq7ck3w 24 дня назад

      😂

    • @KP-sg5uc
      @KP-sg5uc 24 дня назад +1

      သုံးရောင်းချယ်ဖန်မလားငဒိုရောက်တဲ့အသင်းအားပေးတာ

    • @yelinoo2612
      @yelinoo2612 23 дня назад

      ရီးရဲလ် အာကြီးဖန်တစ်ယောက်အနေနဲ့လည်း ဝမ်းသာပါတယ်ဗျာ :P

  • @skell1445
    @skell1445 23 дня назад +2

    ဆရာ nကြယ်မင်းပြောတဲ့အတိုင်းပါပဲ ကျတော်လည်း ဘောလုံးပွဲကြည့်တဲ့အရသာကို ၁၉၉၄ ဖိုင်နယ်ကစတယ်ပြောရမယ်။ ဘက်ဂီယို နဲ့ ဒိုကြီး အားပြိုင်တဲ့ဖိုင်နယ်။ အားငယ်သူအားပေးတတ်တဲ့စ်တ်အခြေခံကြောင့်လားမသိဘူး ဘက်ဂီယိုကို အရမ်းသဘောကျခဲ့တာ အကြိုက်ဆုံး ဘောလုံးသမားတောင်ဖြစ်သွားတဲ့အထိပဲ။ အဲ့ဖိုင်နယ်ပီး နောက်နေ့ကျ အိမ်မှာမိသားစုတွေ ဒံပေါက်ချက်စားကြတယ်။ အီတလီပရိသတ်တွေက ဘရာဇီးပရိသတ်တွေကိုချက်ကျွေးရတာ။ အဲ့ပွဲပြီးကတည်းက ဘောလုံးပွဲဆိုအသည်းစွဲဖြစ်တာမှ မြန်မာပွဲဆို ရေဒီယိုကနားထောင်တဲ့အထိပဲ။

  • @chitsea
    @chitsea 19 дней назад

    မော်ကြီး အကြောင်း ပြောသွားတာ တကယ့်ကို ကျွတ်ကြီးဗျာ၊

  • @thetwinhtun6688
    @thetwinhtun6688 24 дня назад +1

    မိုးအေးအေးမှာ ကော်ဖီခါးဆိမ့်ဆိမ့်လေးတစ်ခွက်နဲ့ ဆရာနှစ်ယောက်ရဲ့ရေယာဉ်ကြော စီးမျောခံစား အရသာရှိချက်

  • @PoLay-lm6kh
    @PoLay-lm6kh 24 дня назад +1

    ဘောလုံး အကြောင်း ကို ဆရာတို့နှစ်ယောက် ဆိုရင် မလွတ်တန်း ကြည့်ချင်တာ

  • @LwinmoeShwesin
    @LwinmoeShwesin 24 дня назад

    🎉

  • @TtoTto-zg4pu
    @TtoTto-zg4pu 24 дня назад

    ခင်ဖုန်းသက်ဝေရေ😢

  • @aungkyawoo4484
    @aungkyawoo4484 24 дня назад +2

    KNDW လူကြီးကို စတယ်နော်... Nကြယ်စင်... မဟုတ်ဘူးလား ဘာညာနဲ့... 😂 အစေးပိုကပ်လာပြီဆရာတို့... ဆက်နားထောင်လိုက်ဦးမယ်ဗျို့ 😍

  • @yeko9358
    @yeko9358 24 дня назад +3

    ဆရာNကြယ်မင်းရဲ့ ဝါခေါင်ညချမ်းမှာ ကော်ဖီလေးတစ်ခွက်နဲ့ rubyလေးဖွာပီးဆိုတဲ့talkingတွေအမှတ်ရနေဆဲပါ

  • @KyawMyoTun830
    @KyawMyoTun830 23 дня назад +1

    🎉🎉🎉🎉

  • @Cityfootball916
    @Cityfootball916 24 дня назад +1

    🥰🥰🥰🥰🥰🥰🥰

  • @dreamlife3380
    @dreamlife3380 24 дня назад

    မဂင်္လာပါ

  • @tinkokhant1652
    @tinkokhant1652 24 дня назад

    အမြဲအားပေးလျက်ပါဆရာတို့ GOATနှစ်ပါး❤

  • @user-vj8nn6st4h
    @user-vj8nn6st4h 24 дня назад +1

    ရိုနယ်ဒိုမက်ဆီခေတ်လောက် ဘယ်ခေတ်ကများ အားပြိုင်မှုကောင်းခဲ့လဲကောင်းအုံးမှာလဲဗျာ သူတို့နှစ်ယောက်ကိုတကယ်လွမ်းရတော့မှာ😢😢

  • @BoBo-kj2mc
    @BoBo-kj2mc 24 дня назад +1

    ကျော့မောင် ဆိုတဲ့ ကလောင်ရှင်ဆရာကြီးတွေ
    ရော ဘယ်ရောက်နေပြီလဲ ခုထိ ရှိကြသေးလားဗျ

  • @thihatinmyint3653
    @thihatinmyint3653 23 дня назад

    Old School ဆရာကြီး ၂ ​ယောက်ပါ ​ခုထက်ထိလဲထိပ်တန်းအဆင့်ဆက်လက်ထိန်းထားနိုင်တုန်းပါ ဆရာNကြယ်မင်း ​ရေးတာဖတ်ချင်ရုံနဲ့တင် ဂျာနယ်​တွေဝယ်ဖတ်ခဲ့တာရှိပါတယ် ဆက်လက်​အောင်မြင်ကျပါ​စေခင်ဗျာ

  • @minzin881
    @minzin881 24 дня назад +1

    စိတ်ဝင်စားစရာကြီးဗျာ

  • @poeheart7495
    @poeheart7495 23 дня назад

    ဂွာကြီးထွက်ရင်ကျနော်ဝမ်းသာမှာ လို့အာဆင်နယ်ဖန်ကပြောတဲ့အချိန် ကိုငြိမ်းချမ်းမချိပြုံးတာလေးကို zoomဆွဲပြတာeditiorကသွေးရိုးသားရိုးဟုတ်ရဲ့လား

  • @yelinaung3361
    @yelinaung3361 24 дня назад

    ဆရာဦးခင်မောင်ထွေး(ပျဉ်းမနား) ကိုတောင် အမှတ်ရမိတယ်။ဆရာကြီးကတော့ ဆုံးသွားတာ ကြာလှပြီ။

  • @seintheinmaung6695
    @seintheinmaung6695 24 дня назад +1

    ရိုမုရီယိုခရေစီဖြစ်ခဲ့ရတယ်နှစ်နာရီခွဲမှာကန်မယ်ဆိုပေမဲ့ဆယ်နှစ်နာရီလောက်ကတည်ကစောင်ခဲ့ရ တဲ့ပွဲ

  • @user-gk3wm2kb1t
    @user-gk3wm2kb1t 23 дня назад +1

    ဟိုဆေး မိုရင်ဟို နည်းပြအကြောင်းတင်ပြပေးပါအုန်း

  • @geniusentertaiment
    @geniusentertaiment 23 дня назад

    အကိုတို့အခုဆွေးနွေးနေသလိုမျိုးဘယ်ဖတ်မှအမုန်းမဖတ်ပဲရှေ့ရေးကောင်းဖို့အတွက်ဝေဖန်ခွင့်ရပြီး၊လွတ်လွတ်လပ်လပ်အားကစားတစ်ခုလိုမြန်မာနိုင်ငံရေးလည်းဆွေးနွေးခွင့်၊ဆွေးနွေးပေးနိုင်သူတွေပြောဆိုကြရင်ဘယ်လောက်ကောင်းမလဲဗျာ။

  • @linnlinn7250
    @linnlinn7250 23 дня назад +1

    chelseaကိုလည်းလုပ်ပေးပါအုံး

  • @ayeminoo7358
    @ayeminoo7358 23 дня назад

    ❤😊 35:47

  • @aungkaungmyat88-wq7fw
    @aungkaungmyat88-wq7fw 24 дня назад +1

    စောင့်နေပါတယ်ခင်ဗျ

  • @user-vc6cv5fr8p
    @user-vc6cv5fr8p 24 дня назад

    Like🎉🎉🎉

  • @aung.kyawlay1212
    @aung.kyawlay1212 24 дня назад +1

    ငယ်ဘဝကိုသတိယမိတယ်
    အင်အား တက်လမ်း အိုလံပစ်

  • @Kyaw-nz3dw
    @Kyaw-nz3dw 24 дня назад +1

    KDB ကိုမှီ တဲ့ကစားသမားကရှားပါတယ် လိုမြင်မိတယ်။

  • @KyawGyi-yn9jz
    @KyawGyi-yn9jz 24 дня назад +1

    ရီးရဲကအမ်ဘာပေကိုလိုအပ်တာထက်အမ်ဘာပေကရီးရဲကိုပိုလိုအပ်တေ

  • @Need4Breezy
    @Need4Breezy 24 дня назад

    ကျွန်တော်သိတဲ့ခရမ်းကတော့
    Iron Cross က ဒရမ်မာကြီး
    ဦးခရမ်းပဲ😂

  • @ayeminoo7358
    @ayeminoo7358 23 дня назад

    44:01

  • @user-vw5yg9yy4w
    @user-vw5yg9yy4w 23 дня назад

    နောက်ဆိုရင်စပိန်လာလီဂါတွေကိုသိပ်စိတ်ဝင်စားမယ်မထင်တော့ဘူးကစားသမားတွေရဲ့ဖန်တွေလောက်သာကြည့်နိူင်တယ် အေစီအင်တာလိုဖြစ်သွားမလားဘဲ လုပ်ခလစာတွေပြောင်းရွေ့ကြေးအများကြီးပေးနိူင်တာကငွေရှိတိုင်းလုပ်နေတယ်ဘဲထင်တယ် ပြင်းထန်တဲ့ပြိုင်ဆိုင်မူ့မျိုးအောက်သင်းတွေအတွက်မျှော်လင့်ချက်မယ့်သွားပီလို့ထင်တယ်

  • @Kyaw-nz3dw
    @Kyaw-nz3dw 24 дня назад +1

    မော်ကြီးက လစားကတော့မလျော့ဘူး။10သန်း

  • @kyisoe9933
    @kyisoe9933 24 дня назад

    ရတနာသစ် မဂ္ဂဇင်းမှာလဲ
    လောလုံးသတင်းတွေ
    စောင့်ဖတ်ဘူးခဲ့ပါရဲ့ ။

  • @painghtetoo9949
    @painghtetoo9949 22 дня назад

    ‌မော်ကြီးက ပေါ်တူဂီ လူမျိုးမဟုတ်လား
    အီတလီလူမျိုးလား

  • @phyodana4910
    @phyodana4910 23 дня назад

    ငယ်ငယ်ထဲကဆရာNကြယ်မင်းရဲ့ အက်ဆေးဆန်ဆန်စာလေးတွေဖတ်ရတာကိုအရသာတွေ့လှသူမို့
    live နားထောင်ရတာ အရသာရှိတယ်ဗျာ။ ဆရာနန္ဒဝန်ငြိမ်းချမ်းရဲ့ Analysis တွေ
    ကိုမြင်ရင် ဆရာခင်မောင်နိုင်ရဲ့ Tactical Analysis တွေကိုပြန်သတိရတယ်ဗျာ။
    ဆရာခင်မောင်နိုင်ရဲ့
    ပင်တိုင်ဆောင်းပါးတွေပါတဲ့ Sports news ဂျာနယ်ကိုလည်းသဘောကျခဲ့သူပါ။

  • @N0B1K
    @N0B1K 24 дня назад

    ဆရာ့ရဲ့ စာအုပ်ထဲမှာ ပါတယ်လေ

  • @KoAung-yv8vi
    @KoAung-yv8vi 23 дня назад

    both shit ကတော့..သဘောကျသွားပီးကွာ..😊😊

  • @zayarmin-nn6pr
    @zayarmin-nn6pr 24 дня назад +1

    အဲ့လိုကြီးမတင်ပါနဲ့ဗျာ စောင့်ရတာအကြာကြီး ဖီးပျက်လို့

    • @kokokhing9410
      @kokokhing9410 24 дня назад

      ဘာကိုပြောချင်တာလဲဘရို ဘာပေအကြောင်းစောင့်ရတာပြောတာလား

  • @error-12172
    @error-12172 23 дня назад +1

    ကျွန်တော်တို့ ကောလင်းမှာတော​့ ခင်များ ကို ခရမ်းလို့ ခေါ်ပါတယ်

  • @sammi2675
    @sammi2675 23 дня назад

    အကြောင်းအရာလေးတစ်ခုလောက်တောင်းဆိုပါရစေ PSG နဲ့ UEFAရဲ့FFP rule အကြောင်းပါ FFP ကြောင့် မန်ယူ ချဲဆီး ဘာကာ ဂျူဗင် ရီးရဲ စီးတီးတို့လိုအသင်းတွေတောင် ငွေကိုစိတ်ကြိုက်မသုံးနိုင်ပဲစီစီစစ်စစ်သုံးနေရတဲ့အချိန်မှာ PSG က ကစားသမားတိုင်းကို သန်းရာချီသုံးပြီးခေါ်နိုင်နေတာဘာကြောင်းများပါလဲ ၂၀၂၀ လောက်ကစကြည့်ရင်တောင် အခုချိန်ထိ PSG ဝယ်ထားတဲ့လူတွေ ပေးထားတဲ့လစာတွေ ဘာပေတစ်ယောက်ထဲကိုတစ်နှစ်ကို သန်း ၁၅၀ လောက်လက်မှတ်ထိုးကြေး သစ္စာစောင့်သိကြေး လစာတွေ ဒီလိုတွေသုံးနေတာတောင် FFP နဲ့အခုထိမငြိတာဘာကြောင့်များလဲ အသင်းအောက်မြင်မှု ဥရောကအောင်မြင်မှု နှစ်စဉ်ဝင်ငွေ fan base အရာရာမှာတခြားဥရောပအသင်းကြီးတွေရဲ့နောက်မှာသာရှိနေပေမဲ့အခုချိန်ထိ FFP နဲ့လုံးဝမငြိတာ ဘယ်လိုကြောင့်လဲဆိုတာအဆင်ပြေရင် ကိုနန္ဒဝန်နဲ့ဆွေးနွေးတာမျိုးလေးတစ်ပုဒ်လောက်လုပ်ပေးစေချင်ပါတယ်ခင်ဗျာ….

    • @SoccerHouseMM
      @SoccerHouseMM  18 дней назад +1

      အကို့မေးခွန်းလေးကိုဒီနေ့တင်ဆက်ပေးပါမယ်ဗျ 💜

    • @sammi2675
      @sammi2675 17 дней назад

      @@SoccerHouseMM ဟုတ်ကဲ့ပါ…ခုလိုဂရုတစိုက်နဲ့ဖြေကြားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ….တင်သမျှvdoတိုင်းကိုလဲ vpn နဲ့မလွတ်တမ်းအားပေးနေပါတယ်…Soccer House Myanmarလဲထက်မကအောင်မြင်တိုးတက်ပါစေ❤️

  • @kyawmintun374
    @kyawmintun374 23 дня назад +2

    နားထောင်လို့အရမ်းကောင်းပါတယ်ဆရာနှစ်ပါးဆွေးနွေးခန်း❤

  • @Km84963
    @Km84963 23 дня назад +2

    ပီးရက်စ်ကြီးရဲ့ခေါင်းကရွှေချက်လောက်ပါတယ်ဒီအစီအစဉ်နဲ့အရင်ခောတ်ကကစားသမားတွေအကြောင်းပြောတာအကြိုက်ဆုံးပဲဗျ❤❤❤