🥰ဂျပန်နိုင်ငံရဲ့ အကျယ်ဆုံးနဲ့ အလှဆုံး ရဲတိုက်ကြီး Himeji Castle

Поделиться
HTML-код
  • Опубликовано: 8 фев 2025
  • မဂ်လာပါ ခရီးသွားချစ်သူတို့ရေ
    ဒီ‌နေ့တော့ လာရောက်လည်ပတ်သူတိုင်းကို ကောင်းကင်ထက်က နတ်နန်း‌ေတာ်ကြီးကို မျက်ဝါးထင်ထင်မြင်ရတဲ့အလား ခံစားရတဲ့ရသကိုပေးနိုင်တဲ့ ဂျပန်နိုင်ငံရဲ့ အလှဆုံးနဲ့ အကျယ်ဆုံး ရဲတိုက်ကြီးဖြစ်တဲ့ Himeji ရဲတိုက်ကြီးကို နီ့ ဗီဒီယိုပုံရိပ်လေးတွေကနေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
    ၁၄ ရာစုက စပြီးတည်ဆောက်ခဲ့တဲ့ ဒီရဲတိုက်ကြီးက နီရဲ့ အကြိုက်ဆုံး ဂျပန်နိုင်ငံကရဲတိုက်ကြီး ဖြစ်သလို ရိုးရာ ဂျပန်ရဲတိုက်တွေထဲက ခုချိန်ထိ ရှေးယောင်းလက်ရာမပျက်ထိမ်းသိန်း ကျန်ရစ်ခဲ့ရုံသာမက ဒုတိယ ကမ္ဘာစစ်ကော ငလျင်ဒဏ် ကို ပါ ကျော်ဖြတ်နိုင်ခဲ့တဲ့ရဲတိုက်ကြီးပါ။
    နှစ်စဉ် ကမ္ဘာလှည့် ခရီးသွား ၂ သန်းကျော် လည်ပတ်ခံရပြီး Himeji မြို့ရဲ့ နေရာတွေနဲ့ အနီးတဝိုက် ဘယ်နေရာက ကြည့်ကြည့် ခန်းနား လှပစွာ မြင်ရတဲ့ ဒီရဲတိုက်ကြီးက ဂျပန်နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်ကြီးဖြစ်ရုံသာမက
    UNESCO မှလည်း ကမာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်အသိမှတ်ပြုခံရတဲ့ နေရာလည်းဖြစ်ပါတယ်။
    ရဲတိုက်အတွင်းက ရန်သူကို မျက်စိလည်လမ်းမှားစေမယ့် လျှောက်လမ်းတွေ
    ထောင်ချောက်တွေနဲ့ သစ်သားအခင်းအကျင်းတွေ
    ဝန်းရံထားတဲ့ သစ်ပင်စိမ်းစိမ်း‌ေလးတွေနဲ့ ချစ်စရာ တံတားလေးတွေသာမက
    အနားက တိရိစာန်ရုံထဲက ငှက်လေးတွေ
    ဒါတွေအပြင်
    ခပ်လှန်းလှန်းက မြင်ရတဲ့ ဒီရဲတိုက်ကြီးရဲ့ ပုံရိပ်လေးတွေ က မြင်သူတိုင်းကို ရှု မဝမှို့ ခရီးသွားချစ်သူတို့ကိုလည်း ဒီနီ့ ဗီဒီယိုလေးကတဆင့် မျှဝေပေးသွားတာ ဖြစ်ပါတယ်။
    ခင်မင်စွာဖြင့်
    #tinninihtet
    #myanmartravelvlogger
    #himejicastlebytinninihtet
    #japanbytinninihtet
    #myanmartravellover

Комментарии • 2

  • @sheinwai2975
    @sheinwai2975 2 года назад +1

    Knowledge တွေအများကြီးရလို့ကျေးဇူးပါဆရာမ fb live မာလည်းကြည့်လို့မဝဘူး😁