မန်​မာနိုင်​ငံက လူ​တွေစာမဖတ်​ဘူးလားဆိုတဲ့​မေးခွန်းကို ​ချေဖျက်​ခဲ့တဲ့ Big Bad Wolfစာအုပ်​ အ​ရောင်း

Поделиться
HTML-код
  • Опубликовано: 5 сен 2024
  • မြန်​မာနိုင်​ငံက လူ​တွေစာမဖတ်​ဘူးလားဆိုတဲ့​မေးခွန်းကို ​ချေဖျက်​ခဲ့တဲ့ Big Bad Wolfစာအုပ်​ အ​ရောင်းပွဲ​တော်​(ရုပ်​သံ)
    ရန်​ကုန်​၊​ ဖေ​ဖော်​ဝါရီ ၎
    Big Bad Wolfစာအုပ်​အ​ရောင်းပွဲ​တော်​ကိုလာ​ရောက်​ဝယ်​ယူတဲ့ စာဖတ်​ပရိသတ်​အ​ရေအတွက်​ဟာ မြန်​မာနိုင်​ငံမှာ လူ​တွေ စာမဖတ်​ဘူးလားဆိုတဲ့​မေးခွန်းကို ​ချေဖျက်​ပြသွားခဲ့တယ်​လို့ Big Bad Wolfစာအုပ်​အ​ရောင်းပွဲ​တော်​ စီစဉ်​သူ ဦးမျိုး​အောင်​က​ပြောပါတယ်​။
    သူ​ရောင်းချခဲ့ဖူးတဲ့ စာအုပ်​ပွဲ​တွေအနက် အခု Big Bad Wolf စာအုပ်​အ​ရောင်းပွဲ​တော်​က စာအုပ်​ရာင်းချလို့ရတဲ့ပိုက်​ဆံပမာဏမျိုးကို အခုတစ်​ခါပဲ​တွေ့ဖူး​သေးတယ်​လို့လဲ Big Bad Wolfစာအုပ်​အ​ရောင်းပွဲ​တော်​ စီစဉ်​သူ ဦးမျိုး​အောင်​က​ပြောပါသေးတယ်​။
    Big Bad Wolfစာအုပ်​အ​ရောင်းပွဲ​တော်​မှာ စာအုပ်​အ​ရေအတွက်​တစ်​သန်း​ကျော်​​ပြသခဲ့ပြီး တစ်​ဝက်​​ကျော်​​ရောင်းချခဲ့ရတယ်​လို့ သူကဆိုပါတယ်​။
    စာအုပ်​အစုံအလင်​ကို ​ဈေး​ပေါ​ပေါနဲ့ အမျိုးအစားစုံလင်​စွာရရှိဖို့နဲ့ နိုင်​ငံခြားစာ​အုပ်​တွေအပြင်​ နောက်ပွဲတွေမှာ မြန်​မာစာအုပ်​​တွေကိုပါ ထည့်သွင်းရောင်းချသွားဖို့ကိုလဲ စီစဉ်နေတယ်​လို့ သူကပြောပါတယ်​။
    သီဟ
    ရိုက်​ကူး - အောင်​နိုင်​စိုး(ကစ္ဆပ)

Комментарии •