“ဝရမ်းထုတ်ပြီး ဖမ်းဆီးခွင့်ကို ခွင့်ပြုဖို့ (ICC)က ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်တယ်”
HTML-код
- Опубликовано: 9 фев 2025
- “ဝရမ်းထုတ်ပြီး ဖမ်းဆီးခွင့်ကို ခွင့်ပြုဖို့ (ICC)က ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်တယ်”
……..
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC တွင် ရုံးတင်စစ်ဆေးနိုင်ရေး ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေ က နိုဝင်ဘာ ၂၇တွင် လျှောက်ထားခဲ့သည်။
၂၀၁၆၊ ၂၀၁၇ခုနှစ် ရခိုင်ပြည်နယ်အတွင်း သတ်ဖြတ်မှုများနှင့် ရိုဟင်ဂျာများ သန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးကြရသည့် အခြေအနေများကို ၂၀၁၉ခုနှစ်က စတင်စစ်ဆေးခဲ့ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူဟု သတ်မှတ်နိုင်ကြောင်း ICC ရှေ့နေ Mr.Karim Kham က ဆိုသည်။
Mr.Karim Kham ၏ လျှောက်ထားချက်ကို တရားရုံးက မည်သို့ ဆုံးဖြတ်မည်ကို မသိရသေးသော်လည်း စစ်ခေါင်းဆောင်သည် ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း ခိုင်မာသေချာသည့် အထောက်အထားများရှိခြင်းကြောင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုချက် အပါအဝင် ICC ၏ ပြောဆိုချက်များကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဟု စစ်ကောင်စီဘက်က တုံ့ပြန်ထားသည်။