ရန်ကုန်မြို့မှာ အကျဥ်းစံဘဝဖြင့်ကွယ်လွန်ခဲ့သူ အိန္ဒိယမဂိုဘုရင် စဖားရ်ရှား၏ရင်ဖွင့်သံ

Поделиться
HTML-код
  • Опубликовано: 5 мар 2023
  • ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်ခြေတော်ရင်း ကန်တော်မင်ပန်းခြံအတွင်းတွင် ကုန်းဘောင်ခေတ်နောက်ဆုံးဘုရင် သီပေါမင်း၏မိဖုရားကြီး စုဖုရား#လတ်အုတ်ဂူတော်အပါအဝင် မြန်မာ့အထင်ကရပုဂ္ဂိုလ်တချို့ကို မြှပ်နှံသဂြိုဟ်ထားသည်။ ၎င်းနှင့်မနီးမဝေး ဇီဝကလမ်း (မူလအမည် ဆီဒါးဘာဇားလမ်း) တွင်လည်း သီပေါဘုရင်နှင့် ကံအကျိုးပေးတူလှသည့် အိန္ဒိယမဂိုအင်ပါယာ၏နောက်ဆုံးဘုရင် စဖားရ်ရှားဂူဗိမာန်လည်းရှိသည်။ အင်္ဂလိပ်တို့က သီပေါဘုရင်ကိုနန်းချပြီး ရတနာရီသို့ပြည်နှင်ဒဏ်ပေးခဲ့သလိုပဲ မဂိုဘုရင်စဖားရ်ကိုလည်းနန်းချကာ ရန်ကုန်မြို့သို့ပြည်နှင်ဒဏ်ပေးပြီး ဘဝနိဂုံးအဆုံးသတ်စေခဲ့သည်။ ဘုရင်ကြီး၏ဘွဲ့အမည်မှာ မီဇာ အဘူစဖားရ် ဆာရာအူဒင် မိုဟာမက် ဗဟာဒူးရှားစဖားရ် (Mirza Abu Zafar Sirajuddin Muhammad Bahadur Shah Zafar) ဖြစ်ပြီး ကဗျာစာပေတွင်နှံ့စပ်ကျွမ်းကျင်သည်။ အကျဥ်းစံနေစဥ် သူရေးသားခဲ့သည့်ကဗျာတို့မှာ ကြားရဖတ်ရရုံနှင့် မည်မျှထိညှိုးငယ်ချို့တဲ့စွာရှင်သန်နေထိုင်ခဲ့ရပုံကို မြင်ယောင်လာစေသည်။ ကဗျာရေးသည့်ကလောင် စဖားရ်ရှားအမည်ဖြင့် လူသိပိုများပြီး အကျဥ်းစံအိမ်ရှိရာ ဇီဝကလမ်းကိုလည်း ထိုအချိန်က စဖားရ်ရှားလမ်းဟု ခေါ်ဆိုခဲ့သည်။
    ဧကရာဇ်နန်းစံဘုရင်ဖြစ်ခဲ့ပါလျက် သူ၏တိုင်းနေ
    အိန္ဒိယမြေဝယ် သေဆုံးလျှင်မြှပ်နှံဖို့ရာ ၆ပေ (၂ကိုက်) မျှသောမြေယာကိုပင် မရရှိခဲ့ပုံကို ဤသို့ရေးသားထားခဲ့၏။
    💔 စဖားရ်ရှား၏ ရင်ဖွင့်သံ
    ပျက်ပြုန်းကြွေမည့်ကမ္ဘာကြီးဝယ်..ငါ၏ဆန္ဒ မစွဲငြိတွယ်
    မမြဲသံသရာဤမြေကမ္ဘာဝယ်...အဘယ်သူများမြဲရစ်ကြွင်းအံ။
    သစ်ခြောက်ကိုင်းထက် နားနေလေသည့်..ဥသြငှက်ငယ် ပျော်ရွှင်မြူးလည်း
    ပလ္လင်ထက်စံ ငါဧကရာဇ်မှာ...ရင်သည်းနုလုံးဝယ်ပူလောင်သွေးချောင်း စီးနေလေတယ်။
    သြော်..လူတို့ဘဝနိဂုံးချုပ်မြဲ ရှိတတ်လေရာ..
    ဘဝနောက်ဆုံးနေဝင်ချိန်၌... ခြေလက်ဆန့်ကာလဲလျောင်းနိုင်ဖို့
    ကျဥ်းမြောင်းနေရာ တစ်နေရာထက်..ကောင်းသည့်နေရာ မရှိပါလား။
    မြတ်နိုးတွယ်တာ နိုင်ငံသာ၌...မြေယာ (နှစ်) ကိုက် သဂြိုဟ်လိုက်ဖို့
    စဖားရ်ခမျာ မရရှာပေ...ဆိုးလှကြမ္မာပါတကား။

Комментарии • 104

  • @davidaks936
    @davidaks936 4 месяца назад +11

    ရာဇဝင်ကြားရတာ၏စိတ်မကောင်းဖြစ်မိပါတယ် ဒါပေမယ့်နောက်ဆုံးချိန် ဘုရင်ကြီးတရားသိသွားတယ်ထင်ပါတယ် ကဗျာထဲမှာတရားသဘောတွေပါနေတယ် သာဓုသာဓုသာဓုပါ သံသရာဝဋ်မှလွတ်ကင်းနိုင်ပါစေ ဘုရင်ကြီး🙏

  • @yangonrangoon650
    @yangonrangoon650  Год назад +20

    စဖားရ်ဘုရင်နဲ့ပတ်သတ်တဲ့အချက်အလက်တွေက ရှာရခက်တော့ဖတ်မှတိရသလောက်ကိုအနီးစပ်ဆုံးစုစည်းရလို့ အမှားပါရင်ခွင့်လွတ်ပါ။ အထက်ပါအကြောင်းအချက်ကိုတော့ ခုဇီဝကလမ်းစဖားရ်ရှားဗိမာန် ကထုတ်တဲ့ စဖားရ်ဘုရင်အထုပတ္တိစာအုပ်ထဲကရည်ညွှန်းကိုးကားရခြင်းဖြစ်ပါတယ်။ တိတိကျကျသိသူမှ ဝင်ရောက်မှတ်ချက်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • @PekonThar-vw6vb
    @PekonThar-vw6vb 4 месяца назад +12

    ဧကရာဇ်လို့သုံးပေးစေချင်ပါတယ်စစ်ရှုံးပေမယ့်လည်းဧကရာဇ်ကဧကရာဇ်ပဲလေ။လေးစားသမှုပေါ့ဗျာ။

  • @PyayNyeinOo-qy4bh
    @PyayNyeinOo-qy4bh 4 месяца назад +4

    ဇဖရ်ရှားဟ်ပါ။
    စဖားရှားဟ် မဟုတ်ပါ။

  • @dawyi460
    @dawyi460 Год назад +18

    ဘုရင်ကြီရေးဖွဲ့ခဲ့တဲ့ရင်ဖွင့်စာကိုဖတ်ရပြီးသနား၊စိတ်မကောင်းဖြစ်မိ......
    ...

  • @GjI-lq6ts
    @GjI-lq6ts Год назад +5

    စိတ်ထဲမကောင်းအရမ်းသနားတယ်

  • @zirlianamatthew4598
    @zirlianamatthew4598 Год назад +5

    Thank you for News 📰 🎉❤

  • @nyogyi6862
    @nyogyi6862 Год назад +11

    သီပေါမင်း နေရတာထက်တော့ သာပါတယ် ဗျာ ..

    • @zawmin1621
      @zawmin1621 Год назад

      Haha

    • @AungMyatThu-rr6bi
      @AungMyatThu-rr6bi 11 месяцев назад +3

      သီပေါမင်းနေတဲ့နေရာရောက်ဘူးလား
      ဒီထက်၁၀ဆသာတယ် လူမသိသူမသိမသေခဲရဘူး လူသိရှင်သိသေခဲရတာပါသမိုင်းမသိစာဖက်ပါ

  • @KophoezawZawThatWin-xu3rh
    @KophoezawZawThatWin-xu3rh Год назад +12

    အဂ်လိပ်အဆော်လူပါးဝတာ

  • @UNYEINGMAUNG
    @UNYEINGMAUNG 2 дня назад

    ဘုရင် အလောင်း ချင်း ပြန်လဲ‌လိုက်လေ။😂😂😂😂😂

  • @naingnaing2310
    @naingnaing2310 4 месяца назад +2

    သနားလိုက်တာ

  • @user-xk1gp1ql7s
    @user-xk1gp1ql7s Год назад +17

    မဂိုလ် ဘုရင် ဗမာစာနဲ့ကဗျာတောင်ရေးဖွဲ့ထားနိုင်တာကိုဘဲ အံသြမိတယ်ဗျာ

    • @pinkylay72
      @pinkylay72 Год назад +12

      ရေးတာတော့ မြန်မာ လိုမဟုတ်ပါဘူး။ အနီးစပ်ဆုံးနဲ့ အ သေ သပ်ဆုံး ဘာသာ ပြန်ဆို ထားတာ ပါ

    • @user-xk1gp1ql7s
      @user-xk1gp1ql7s Год назад +7

      @@pinkylay72 သြော် အဲလိုလား အခုလိုပြန်ပြောလို့ ကျေးဇူးတင်တယ်ဗျာ။

    • @colleensamuels3473
      @colleensamuels3473 11 месяцев назад +1

      အခုလိုရာဇဝင်လေးတွေတင်ပေးတါကျေးဇူးပါ
      နောက်ထပ်လဲတင်ပေးပါအုံး

    • @khinchowin4969
      @khinchowin4969 10 месяцев назад +1

      ​@@maungtootu4265အင်္ဂလိပ်ကမြန်မာဘုရင်အိန္ဒိယပို့သလို မရိုဘုရင်က်ုမြန်မာ ပြည်ပို့ခဲ့တာ

  • @ukhunmgthan3527
    @ukhunmgthan3527 Год назад +34

    ရာဇဝင်ကို ကြားသိရတဲ့အခါမှာ စိတ်မကောင်းဖြစ်ရပါတယ်။ မဂိုအင်ပါယာရဲ့ ဧကရစ်ဖြစ်ခဲ့တာကြောင့် အိန္ဒိယမှ နိုင်ငံ့ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို လာရောက်တဲ့အခါ သွားရောက် ဂါရဝပြုတာကို သတိထားမိပါတယ်။

  • @naingnaing2310
    @naingnaing2310 4 месяца назад +5

    မကွန်လွန်ခင်ထဲကသူ့နိုင်ငံပြန်ပို့ပေးရမှာကိုအကျင့်မကောင်းကျတဲ့လူတွေကွယ်

    • @PekonThar-vw6vb
      @PekonThar-vw6vb 3 месяца назад

      လူလိုမသိတဲ့သူတွေလေ

    • @thitminthitminthetnaingsoe5838
      @thitminthitminthetnaingsoe5838 Месяц назад

      ဟုတ်ပဒို့သျီပါဘုရင်နဲ့ဘဝအတဓတူတွေပါဲBritishတွေကရည်ရွယ်ချက်ရှိရှိလဒပ်ခဲ့တါပါ.ဘဇဇဇဲတကယ်ရုပ်အလောင်းကအဲ့ဒီ့ဝန်းထဲကရေကန်တူးဖေါ်တဲ့နေရာမှာတွေ့ခဲရြျ​ကြာငင်းသိရှိခဲ့ဇဲ့ညူးပါတယ်..

    • @TerrySoeNini
      @TerrySoeNini Месяц назад

      စိတ်မကောင်းဖြစ်မိ

  • @bcdb4635
    @bcdb4635 Год назад +8

    အင်္ဂလိပ်
    တော်လှန်ရေးနေ့
    မရှိတဲ့ မြန်မာ
    တော်တော် သနားစရာ

  • @user-kj1th2qh2i
    @user-kj1th2qh2i Год назад +3

    သူရေးခဲ့တဲ့ ----
    ကဗျာလေးကောင်းတယ်နော်
    ဂန္တဝင်မြောက်လို့ ဆိုရမယ်။
    အရေးအသား အတွေးအခေါ် မြင့်တယ်။

    • @PekonThar-vw6vb
      @PekonThar-vw6vb Месяц назад

      ဧကရာဇ်တပါးရေးထားတာလေ၊လန်ချားဆွဲကုလားရေးထားတာမှမဟုတ်တာ။

  • @KhinMaungWin-ko3bl
    @KhinMaungWin-ko3bl 27 дней назад

    လူတိုင်းကမ္ဘာမြေကိုခဏလာလည်တဲ့ဧည့်သည်တွေချည့်ပါဘဲ။လူ့ဘဝကခဏလေးပါ။

  • @user-ut9jo7li2f
    @user-ut9jo7li2f 4 месяца назад

    ဗဟုသုတတွေ အများကြီး ရပါတယ်

  • @uwin765
    @uwin765 Месяц назад

    သံ​ေ၀ဂရဘွယ် ဆင်ခြင်ကြပါကွယ်
    ရွှေမှန်ကင်းက ထင်းဖြစ်တတ်ပါတယ်

  • @winnaungoo4606
    @winnaungoo4606 11 месяцев назад +1

    မဂိုဘုရင် နဲ့အုတ်ဂူကခန်းနားပြီး မြန်မာဘုရင်တွေရဲ့အုတ်ဂူတွေကဘာလို့စုတ်ပြတ်နေတာလဲ

    • @TinTun-lk4by
      @TinTun-lk4by 4 месяца назад

      စောက်သုံးမကျတဲ့ဘုရင်မို့လြိ့ပါ။

  • @zawzaw-uu8jo
    @zawzaw-uu8jo Год назад

    😭

  • @cinderella4973
    @cinderella4973 Месяц назад

    😢

  • @kokomgmg2728
    @kokomgmg2728 4 месяца назад

    😮😮😮

  • @user-pt3nq1jf2j
    @user-pt3nq1jf2j 3 месяца назад

    အဲ့ဒါဆိုရင် ရန်ကုန်မှာသူ့ရဲ့မျိုးဆက်တေကျန်အုန်းမှာပဲ

  • @user-nv3tt2xo3j
    @user-nv3tt2xo3j 4 месяца назад

    ဇက်ဘလာစ်ရှာဘုရင်ပါ
    နံမယ်ခေါနေတာမှာလိုပါ

  • @kyukyuthein7732
    @kyukyuthein7732 Год назад +1

    So sad

  • @AungNaingTun-cz1yo
    @AungNaingTun-cz1yo 26 дней назад

    အဂ်လိပ်ရဲ့ မတော်လောဘကကြောက်စရာပဲ

  • @kyawkyawkyaw5948
    @kyawkyawkyaw5948 Год назад +1

    😢ကဲး တိုင်းပြည်စီုးအုပ်ချုပ် နေသော မဟာဗန္ဓုလ အရှင်မင်းကြီး စပါးရှားဘုရင်မြတ်ဘာရေးသွားလည်းလို့ သြောအဲ့နားမှာလည်း မြန်မာဘုရင်ဆွေတောတွေလည်းရှိသဗျား မသခင်မနာခင် လေ့လာသွားကြ❤❤❤

  • @DawShwesin-j4d
    @DawShwesin-j4d Месяц назад

    သိချင်တာကဘယ်ဘာသာ၀င်လဲဆိုတာ

  • @ffshxgdgsghbxrg
    @ffshxgdgsghbxrg Год назад +13

    ကုလား ဘုရင်ကို မြန်မာပြည်ပို့
    မြန်မာ ဘုရင်ကို ကုလားပြည်ပို့
    English.🙃🙃🙃

    • @theintan3590
      @theintan3590 Год назад +4

      အောင်ဆန်းကတော်အီမ်ဒိယပို့။သု့သမီးအင်ဂလန်မှာအီမ်ထောင်ကျ၊သု့သားလူမိုက်အမေရီကန်မှာအီမ်ထောင်ကျ။မြိုးရိုးဖျောက်တယ်။အာဏာရှင်တွေအသုံးမကြလို့စိတ်ပြက်ဆူပူချိန်သု့သမီးပြန်လာတာကိုပြည်သူကအားကိုးလက်ခံတာကနေမြန်မာအရေးကခုထိမတည်ငြီမ်တာပါ။

    • @Oneman55365
      @Oneman55365 4 месяца назад

      ဗမာထမလေလူမျိုးပါကွ ဗမှားတွေပြောပြောနေကြ ကုလားဆိုတာဘာလူမျိုးလဲး ပါစပ်ကရမ်းထက်ရမ်းခေါ်နေကြတဲ့ဗမှားလူးမျိုတွေပဲကွ

  • @raintun773
    @raintun773 3 месяца назад

    It can be said that King Bahadur Shah Zafar is the most loyal son-in-law and the most loved by the people An exemplary king in the history of India He ruled Hinduism, Islam, and Buddhism without discrimination He ruled to prevent the growth of chauvinism Nowadays, it is ruled by will and justice There is no king like Bahadur Shah Zafar Only the advancement of technology has reached the lowest level in terms of morals

  • @vivosato7144
    @vivosato7144 Год назад

    😢😢

  • @nansan8303
    @nansan8303 7 месяцев назад

    အိမ်တော်ရာဘုရာပုံလေသိသန့်လေတင်ပေးပါလား

  • @naingnaing2310
    @naingnaing2310 4 месяца назад +2

    နယ်ချဲ့တွေဟာလူကိုလူလို့မမြင်ခဲ့ကြဘူးရက်စက်ကြတယ်

  • @kyawzaya3862
    @kyawzaya3862 Год назад +1

    Do you tell many relatives of Myanmar King lived in India and many relatives of Mongo King are living in Myanmar for 160 years ?

    • @bulldog981
      @bulldog981 10 месяцев назад

      Yeah.. you are right.

  • @moezinmoezin3737
    @moezinmoezin3737 Год назад +2

    ကျူးကျော်သူတွေဟ ဂေါင်းသုံး

    • @zayyarkozay6608
      @zayyarkozay6608 Год назад

      မင်းဦးနှောက် လူစဉ်မမီသေးဘူး

  • @sothaik1532
    @sothaik1532 Год назад +18

    မော်လမြိုင်ကိုအပို့ခံရသူဘုရင်ကြီး၏အစ်မဝမ်းကွဲတော်စပ်သူရဲ့သားပါဘုရင်ကြီးရဲ့သားမဟုတ်ပါဘူးဘုရင်ကြီး၏တူတော်မောင်သာဖြစ်ပြီးဘုရင်ကြီးမှာသားမရှိလို့တူတော်မောင်အားအိမ်ရှေ့အရပေးခဲ့တာပါ
    သမိုင်းကြောင်းအမှန်မသိဘဲရမ်းမတုတ်ကြပါနဲ့အိမ်ရှေ့မင်းသားရဲ့ဇနီးဟာကျုပ်ရဲ့ဘွားတော်ဖြစ်ပါတယ်အိမ်ရှေ့မင်းသားရယ်အိမ်ရှေ့မင်းသားရဲ့နှစ်မနဲ့ကလေးလေးဘဲရှိသေးတဲ့အိမ်ရှေ့မင်းသားရဲ့တူကိုမော်လမြိုင်ပို့ခဲ့တာပါအိမ်ရှေ့မင်းသားဟာမော်လမြိုင်ရောက်မှကျုပ်အဖိုးရဲ့ကြီးမေနဲ့စုလျားရစ်ပတ်ခဲ့တာပါ
    ဘယ်အရာမဆိုထဲထဲဝင်ဝင်လေ့လာပြီးမှပြောကြပါရမ်းမတုတ်ကြပါနဲ့

    • @douglasgyi
      @douglasgyi Год назад +9

      သမိုင်းမပျောက်အောင်။လူအများသိ အောင် တင်ပေးတါ ကိုကျေးဇူးတင် ပါ။ အဆိုးအပြစ် ပြော မဲ့ အစား။

    • @kktin29
      @kktin29 10 месяцев назад +6

      သိလို့ ထောက်ပြပြောဆိုတာ လက်ခံ ပေမဲ့ ..စကားသုံးနုံးတာ တွေက ရင့်သီး ပီးတဖက်လူ ခံရ ခက်စေတယ် .. ရမ်းမတုတ် ပါ နဲ့ ကို ၂ခါသုံးထားသေးတယ် .. လက်လှမ်းမှီသလောက် တင်ပြ ပေးတာ ကျေးဇူးတင်သင့်တယ် .

    • @user-ly7xj1gr4q
      @user-ly7xj1gr4q Месяц назад

      မော်လမြိုင်တောင်ရိုးတန်းခြံအမှတ်24တွင်ဧကရာဇ်ကြီး၏အနွယ်တော်တွေရှိနေပါ၏ဒုက္ခရောက်နေကြပါ၏ကူညီပေးကြပါ

  • @skydanielsai13137
    @skydanielsai13137 Год назад +7

    စည်းလုံးမှု့မရှိလို့။english စားတာပေါ့။ မင်းတုန်ကမိန်းမကိုဘဲစိတ်ဝင်စားတယ်။

  • @kyawswar4684
    @kyawswar4684 4 месяца назад

    မဂိုမဟုတ်ပါဘူး စွန်နီ

  • @modernfurniture6664
    @modernfurniture6664 4 месяца назад

    😊
    P
    P

  • @ametbe
    @ametbe Месяц назад

    🕊️🤹‍♀️😅

  • @Ibraheem9665
    @Ibraheem9665 11 месяцев назад +1

    😂😂😂 ဇဖရ်ရှားပါ

  • @user-hk6ye6zw4k
    @user-hk6ye6zw4k 4 месяца назад +1

    ဇဖရ်ရှားဘုရင်ကြီး အထ္ထုပ္ပတိ ဆောင်းပါးတပုဒ်ဖတ်ဘူးတယ် တော်တော်ကြာခဲ့ပီပေါ့၊ စိတ်ဝင်စားလို့ လက်ကတောင်မချနိုင်ဘူး၊ ရန်ကုန်ရောက်ရင်ဂူဗိမာန်သွားရောက်လေ့လာမယ်၊ British တွေ တော်တော်ယုတ်မာခဲ့တယ်၊ မြန်မာဘုရင်ကို အိန္နိယပို့၊ အိန္နိယ ဘုရင် မြန်မာကိုပို့၊ ဘဝတွေပျက်စီးသွားအောင်လုပ်ခဲ့တယ်၊ အခုကျတော့ သူတို့က နိုင်ငံကြီးသားပုံ ခန့်ခန့်ထည်ထည်ကြီးလုပ်နေတာ ။

  • @Thone63445
    @Thone63445 11 месяцев назад +4

    အမ်ဒိယာက မုဆာလင်မှမဟုတ်တာ သုစာအရေးအသာကလဲ သံဝေဂအပြည့်နဲ ဗုဒ္ဓဘာသာ ဘဲဖြစ်မာပါ 😊😊

    • @James-JC
      @James-JC 11 месяцев назад +1

      သံဝေကရတဲ့ ဗုဒ္ဓဘာသာမှမဟုတ်တာ ဗုဒ္ဓဘာသာဖစ်ပီးအခုထိသံဝေဂ မရပဲ ခွေးစိတ်ပေါက်နေတဲ့ မအလကိုပဲကြည့်

    • @Thone63445
      @Thone63445 11 месяцев назад

      @@James-JC ဟုဟု

    • @sawsaw8624
      @sawsaw8624 11 месяцев назад

      အတော်သမိုင်းနှံစပ်တာဘဲ၊မဂိုဆိုတာအဖဂန်နစ်စတန်ဘက်ကဆင်းသက်လာတာမွတ်ဆလင်ပေါ့၊ဟိန္ဒူဘုရင်တွေကိုတိုက်ပြီးနှစ်၂၀၀ ကျော်လောက်အိန္ဒိယကိုအုပ်ချုပ်လာတာ၊သူတို့ရောက်လာလို့အိန္ဒိယမှာမွတ်ဆလင်တွေပျံနှံလာတာ

    • @mineraljera9516
      @mineraljera9516 10 месяцев назад

      @@James-JC မအလကနင့်နဲ့နင်အမေကိုစောက်ဖုတ်နဲ့ချီးအိုကိုလိုးခွဲးတာကောင်းလားဖသည်မမျိုး

    • @James-JC
      @James-JC 10 месяцев назад +1

      @@mineraljera9516 မအလက နင့်အမေရဲ့ပထွေးလား မအေလိုးစစ်ဘောမ

  • @user-fd9cr5ds8x
    @user-fd9cr5ds8x 3 месяца назад

    😞🌟💛🙏🙏🙏🙏🙏😞😞😞

  • @wailinhtike3201
    @wailinhtike3201 11 месяцев назад +1

    ငါ ဘာသာ ရေး လူမျိုး ရေး မပါဘူး ဆိုတာကို မင်းတို့ လူမျိုး အားလုံး ကို သဗ္ဗေသတ္တာ ကမ္မသကာ ထားတယ် ဆိုတာကိုမင်းတို့ အားလုံး သိတယ် မင်းတို့ လူမျိုး တွေ ဗိုလ်ချုပ်မှူးကြီးဦး မင်းအောင်လှိုင် နဲ့ ရှင်း ငါ ယုန် သတ္တဝါလို နှားစေး နေတယ် ဘာ အနံ့ မှ မရဘူး
    မြန်မာနိုင်ငံ ရဲ့ ပြင်ပ ရန်သူ ကို ငါးပါး သီလ မကျိုး တဲ့ နည်းနဲ့ နေပြည်တော် ကို
    လင်းနို့ အသံလှိုင်း နဲ့ သတင်းပို့နေတယ်

  • @sawsaw8624
    @sawsaw8624 Год назад +9

    သူ့က်ိုရန်ကုန်မြို့မှာထားသေးတယ်၊ဒီက ငပေါလင်မယားအ​သေနှစ်ပါးကိုတော့အိန္ဒိယတောင်ပိုင်းဇနပုတ် ရတနာဂီရိဆိုတဲမကထင်မတရှားမြို့ကလေးမှာပို့ပေးလိုက်လို့ စငုတ်တုံးရလေ၏

    • @Ygn007
      @Ygn007 Год назад +4

      sawsaw ဆိုကောင် ဗမာလူမျိုးကိုစော်ကားနေတာကြာပြီး ငါတို့သိတယ် သတိထားနေ

    • @theintan3590
      @theintan3590 Год назад +1

      ဘမာဘုရင်အရည်အသွေးနီမ့်တာမှန်တယ်။မြိုးရိုးကိုနိမ့်ချမစော်ကားပါနဲ့။

    • @martinzarni3555
      @martinzarni3555 Год назад +3

      Sawsawဆိုတဲ့ကောင် သူများတွေကိုblameချင်ရင် စာလုံးပေါင်းမှန်အောင်အရင်သင်လိုက်အုန်း။ကိုယ်တိုင်ကျစာလုံ‌းပေါင်းမှန်အောင်မရေးနိုင်ပဲ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ ဘုရင်ကိုစော်ကားပီးblameနေသေးတယ်

    • @AungMyatThu-rr6bi
      @AungMyatThu-rr6bi 11 месяцев назад

      ခုနေတဲ့မဂိုဘုရင်ထက်၁၀ဆသာတယ်နွား
      ရောက်ဘူးလာလေ့လာဘူးလာစောက်ပိန်းပြောပျော်နေမယ် သီပေါကလူသိရှင်သိသေရတာ
      မဂိုလိုလက်တစ်ဆုပ်စားလေနဲ့မနေရဘူး
      သမိုင်းမသိရင်အေးဆေးနေလိုက်မဟောင်နဲ

    • @sawsaw8624
      @sawsaw8624 11 месяцев назад +1

      @@AungMyatThu-rr6bi ရတနာဂီရိဆိုတာအိန္ဒိယတောင်ပိုင်းကတောမြို့ကလေးကွ၊သေချိန်မှာမိသားစုလွဲပြီးဗမာလူမျိုးတောင်မရှိတော့ဘူး၊သမီးအကြီးကလည်းခြံစောင့်ကုလားနှင့်ညားတော့ကုလားအမျိုးအဆွေတွေတော့ရှိမှာပေါ့

  • @pagankyansit8141
    @pagankyansit8141 4 месяца назад

    စဗာရှားသမိုင်းကြောင်းကို တင်ပြသူ
    ခင်ဗျာ~
    Red Fort ဆိုတာ နယူးဒေလီ မြို့လယ်မှာမရှိပါဘူး။
    အိန္ဒိယနိုင်ငံ အာဂရာမြို့အနီးမှာရှိ
    တဲ့ တပ်ချ်မဟာ နဲ့မနီးမဝေးမှာ Red Fort ရှိတာပါ-
    ကျနော်ကိုယ်တိုင် Red Fort ကို
    သွားရောက်လေ့လာခဲ့ဘူးပါတယ်။
    အိန္ဒိယနိုင်ငံရှေးဟောင်းသုတေ
    သနကထိန်းသိမ်းထားပြီး နိုင်ငံခြား
    သာများကို ဝင်ကြေးငွေနဲ့ ဝင်ခွင့်ပေး
    တာပါ-
    အာဂရာမြို့မှ နယူးဒေလီကိုသွား
    တဲ့လမ်းကနေ Red Fort နဲ့ တာ့ချ်မဟာ ကို ဝင်ရတာပါ-
    ကျေးဇူးပါ

  • @user-pk3uc6bi9r
    @user-pk3uc6bi9r 4 месяца назад

    အင်္ဂလိပ် လုပ်လိုက်တာနဲ့
    မြန်မာနဲ့ အင်ဒီးယားမှာ
    သက်ဦးစံပိုင် ဘုရင်ရောဂါ
    ပျောက်သွားတယ်😊😊😊

  • @myintmyint999
    @myintmyint999 Год назад +2

    ကိုယ်ညံ့တာကိုယ်ခံလေ
    ဟာသဖဲ 😂

    • @Ygn007
      @Ygn007 Год назад +2

      မင်းခံရမှ ဒီလိုပြောနိုင်စေ

    • @vivosato7144
      @vivosato7144 Год назад +3

      တော်တော်အသိစိတ်ခေါင်းပါးတဲ့လူ
      မင်းခံရမှပျော်ပျော်နေ

  • @uwin7038
    @uwin7038 Год назад +2

    စစ်ကိုမက်ရန်လိုတတ်​ေ သာဘုရင်အာဏာရှင်နိဂုံး👹🗡☠☠☠☠☠☠☠🛇

    • @khinsandarkyaw665
      @khinsandarkyaw665 Год назад +3

      စဖားရှားဘုရင်က စစ်မက်လိုတဲ့ ဘုရင်မဟုတ်ပါဘူး အ​နေအထိုင်နူးညံ့တဲ့သူပါ စစ်မက်မလိုလို့ ​ပျော့​ပျောင်းလို့ အချင်းချင်းနန်းလုခံရပီး ကြားထဲက English ကဝင်သိမ်း သူ့သား​တွေကို ​ခေါင်းဖြတ်သတ် ဘုရင်ကြီးကို ရန်ကုန်ပို့တာပါ အဲ့အချိန်က ခုသူ​နေရတဲ့​နေရာကလည်း ​တောပုံစံပါပဲ

    • @putoo5772
      @putoo5772 Год назад

      😢

    • @Ygn007
      @Ygn007 Год назад +2

      😂သမိုင်းကြောင်းကိုသေချာမသိဘဲဝင်အာချောင်နေ မရှက်ဘူးလား

  • @AhmadAhmad-ef8bh
    @AhmadAhmad-ef8bh 11 месяцев назад +2

    ကိုးကွယ်တယ်ဆိုတာမှားနေပါတယ်

  • @utinhtaykyaw3714
    @utinhtaykyaw3714 Год назад +16

    အင်္ဂလိပ်ရဲ့အိန္ဒိယနဲ့မြန်မာမင်းဆက်တွေပျက်စီးအောင်လုပ်ခဲ့တဲ့လုပ်ရပ်တွေပါ

    • @myintmyint999
      @myintmyint999 Год назад +1

      သူများထက်သာအောင်လုပ်လေ~
      မြန်မာဘုရင်တွေဆိုလည်း ထိုင်းတွေအပေါ်ယုတ်မာခဲ့တာပဲ😂

    • @aungzawhtike-cu9id
      @aungzawhtike-cu9id Год назад +2

      ​@@myintmyint999ထိုင်း တွေ က အရင် မွန်ခ မာ နယ် ကို သိမ်း တာ လေ ကွာ မွန် ြမန် မာ စစ် ပြေငိမ်း ပီး မှ ထိုင်း က မွန် နယ် တေ သိမ်း ရာ က နေ ဖင် တက် ချ ကူ ရ တာ ကို။ 😂😂

    • @Ygn007
      @Ygn007 Год назад +3

      ​@@myintmyint999😂သမိုင်းကြောင်းကိုသေချာမသိဘဲဝင်အာချောင်နေ မရှက်ဘူးလား

    • @utinhtaykyaw3714
      @utinhtaykyaw3714 Год назад +2

      @@Ygn007 မင်းကယ်ုးဒယားမြန်မာစစ်ဖြစ်တုံးကဘေးကထိုင်ကြည့်နေလို့သိတာလား

    • @Ygn007
      @Ygn007 Год назад

      @@utinhtaykyaw3714 မင်းပထွေးရော သွားကြည့်ခဲ့လို့လား လီးလီးလားလားတွေ ပရမ်းပတာတွေ

  • @user-lg9vz6pc4s
    @user-lg9vz6pc4s 3 месяца назад

    စိတ်မကောင်းစရာဝဋ်ကြွေးတွေရှိခဲ့ရင်ကျေပါစေ

  • @MaM-eb8jk
    @MaM-eb8jk 3 месяца назад

    အခုလိုမျှဝေပေးတာကျေးဇူးပါ