ဆူးလေလမ်းက အာမေးနီးယန်းသင်္ချိုင်းဟောင်း

Поделиться
HTML-код
  • Опубликовано: 6 окт 2024
  • အာမေးနီးယန်းသင်္ချိုင်းဖြစ်ခဲ့တဲ့ ဆူးလေပန်းခြံ သို့မဟုတ် ပိုစတာပန်းခြံ
    အရင်က ဆူးလေမှတ်တိုင်အနောက်ဘက်မှာ ပန်းခြံလေးတစ်ခုရှိခဲ့ဖူးတယ်။ အနော်ရထာလမ်း (ဖရေဇာလမ်း) နဲ့ ဆူးလေဘုရားလမ်း ဆုံရာ အခုဆူးလေစကွဲ (Sule Square) ဝန်းကျင်မှာပေါ့။ ဆူးလေပန်းခြံရဲ့မျက်နှာစာမှာ ကြော်ငြာပိုစတာတွေကပ်ထားတော့ လမ်းတဖက်ခြမ်းကကြည့်ရင် ပိုစတာတွေနဲ့ပြည့်နေလို့ ပိုစတာပန်းခြံလို့လည်း ၁၉၇၀ ဝန်းကျင်များဆီက လူသိများတဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ထူးထူးဆန်း ဒီနေရာမှာပဲ အုတ်ဂူအဟောင်းတချို့လည်း ရှိနေပါတယ်။ အာမေးနီးယန်းသင်္ချိုင်း ဖြစ်ခဲ့ဖူးတဲ့နေရာလို့လည်း ဆိုကြပါတယ်။
    မြို့သမိုင်းကိုပြန်ကြည့်ရင် အလောင်းဘုရားရဲ့ရန်ကုန်မြို့​အပြင်ဘက် ဆူးလေစေတီရဲ့မြောက်ဘက် မလှမ်းမကမ်းမှာ နိုင်ငံခြားသားတို့ရဲ့သင်္ချိုင်းတစ်ခုပေါ်ထွက်ခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါ့ကြောင့် "ဆူးလေလမ်းက လုပ်တိုင်း" လို့ ခေါ်တာပါ အာမေးနီးယန်းသင်္ချိုင်းပေါ့။ အာမေးနီးယန်းလူမျိုးတွေဟာ ကုန်သည်များအဖြစ် ၁၇ ရာစု အစောပိုင်းကတည်းက မြန်မာနိုင်ငံကို အိန္ဒိယမှတဆင့်ရောက်ရှိလာပြီး မန္တလေးဝန်းကျင်၊ ရန်ကုန် နဲ့ သံလျင်တို့မှာ အခြေချနေထိုင်ခဲ့ပါတယ်။ မြန်မာဘုရင်ရဲ့ အမှုတော်ထမ်းများလည်းဖြစ်ခဲ့တော့ အထူးအရေးပေးခံရသူ နိုင်ငံခြားသားများဖြစ်ကြပါတယ်။ ရန်ကုန်မြို့ရဲ့အကောက်ဝန်အဖြစ် အလောင်းမင်းတရားက ပထမဆုံးတာဝန်ပေးအပ်ခဲ့သူမှာ အာမေးနီးယန်းလူမျိုး Gregory ဂရီဂေါ်ရီ ဆိုသူပါ။ ၁၇၆၀ အလောင်းမင်းတရား နတ်ရွာစံပြီးချိန်မှာ ပုသိမ်မြို့ဝန်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၇၈၈ မှာ ကွယ်လွန်ခဲ့ပါတယ်။
    ဂရီဂေါ်ရီသေဆုံးတဲ့နှစ်နဲ့ဆက်စပ်ပြီး အာမေးနီးယန်းသင်္ချိုင်းရဲ့သက်တမ်းကို ဤသို့တွက်ဆယူကြပါတယ်။ ပရော်ဖက်ဆာ Pearn ရဲ့ ရန်ကုန်သမိုင်းအရ မူလအုတ်ဂူပေါင်း ၂၈ လုံးရှိခဲ့ပေမယ့် ၈ လုံးမျှသာ မည်သူမည်ဝါဆိုတဲ့ ကမ္ဗည်းမှတ်တမ်း ကျန်ရစ်တယ်။ သေဆုံးတဲ့နေ့တွေ ဖော်ပြထားရာမှာတော့ အစောဆုံးတွေ့ရတဲ့အုတ်ဂူမှာ ၁၈၁၁၊ မေလ ၁၇ ရက်လို့ ပါရှိပါတယ်။ ဒါ့အပြင် အကောက်ဝန် ဂရီဂေါ်ရီရဲ့ ဆွေမျိုးတော်စပ်သူနှစ်ဦး၏ အုတ်ဂူတွေလည်းရှိနေတာကြောင့် အကောက်ဝန်ကိုလည်း ယင်းသင်္ချိုင်းမှာပဲ မြှပ်နှံခဲ့မယ်လို့ ယူဆကြပါတယ်။ သေဆုံးတဲ့ခုနှစ်က ၁၇၈၈ ဖြစ်တာကြောင့် အာမေးနီးယန်းသင်္ချိုင်းရဲ့သက်တမ်းဟာ ရန်ကုန်မြို့တည်ပြီး ဆယ်စုနှစ်များအတွင်းကပဲ ရှိခဲ့တာလို့ မှတ်ယူနိုင်ပါတယ်။
    ၁၉၅၈ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်လက်ထက်မှာ သာကေတ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာမြို့နယ်များတည်ထောင်ပြီး ရန်ကုန်မြို့အနှံ့ ကျူးကျော်များကို နေရာချ မြို့ကွက်ချဲ့ခဲ့ချိန်မှာတော့ အာမေးနီးယန်းသင်္ချိုင်းကိုပါ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာမှာ ပန်းခြံအဖြစ်မဆောက်ခင် စျေးဆိုင်ခန်းလေးတွေနဲ့ ညစျေးတန်းလေးဖြစ်ခဲ့သေးဆိုပါတယ်။ ၁၉၇၀-၈၀ ဝန်းကျင်လောက်ထိ ဒီပန်းခြံထဲ အုတ်ဂူလေးငါးလုံးကျန်​သေးတယ်၊ အုတ်ဂူလေးတွေပေါ်မှာ အပန်းဖြေထိုင်ခဲ့ဖူးသူများရှိတယ်လို့ဆိုပါတယ်။

Комментарии • 15

  • @cherrymay-z5d
    @cherrymay-z5d Год назад +1

    ေက်းဇူးပါ

  • @1937D
    @1937D Год назад +5

    အိမ်သာရှီခဲ့ပါတယ်
    တကယ်ပါ
    ၁၉၅၆မှာအသုံးပြုနေဆဲ
    ကျနော်ရန်ကုန်သားပါ
    ၁၉၃၇ဖွားပါ

    • @bigfoot839bigfoot5
      @bigfoot839bigfoot5 Год назад

      အိမ်သာကပန်းခြံနဲ့အတူပျောက်သွားတာလေ။မြို့လည်ခေါင်မှာဝင်ကြေးမပေးရတဲ့ပန်းခြံလေးရှိတော့လမ်းသွားလမ်းလာတွေငွေမကုန်ပဲထိုင်နားလို့ရတာသိပ်အဆင်ပြေခဲ့တာပေါ့။အများသုံးအိမ်သာကလည်းရှာရသွားရလွယ်ပြီးသွားရင်းလာရင်းရုတ်တရက်ထဖြစ်တတ်တဲ့ဆီးဝမ်းကိစ္စတွေအတွက်အရမ်းအဆင်ပြေခဲ့တာပေါ့။ဆူးလေစကွဲကလည်းဆောက်ပြီးကာစကတော့အများပြည်သူတွေထိုင်နားလို့ရမယ့်နေရာလေးလုပ်ပေးပြီးခွင့်ပြုခဲ့သေးတယ်။အခုတော့!

  • @mashell-slh7869
    @mashell-slh7869 Год назад +3

    ကျေးဇူးတင်ပါတယ် admin ခင်ဗျာ ၊ အားပေးနေပါတယ် ။

  • @zirlianamatthew4598
    @zirlianamatthew4598 Год назад

    Thank you for News 📰 🎉

  • @shinnyainchan5870
    @shinnyainchan5870 Год назад +1

    ဆူးလေဘုရား လမ်း နဲ့
    အနော်ရထာလမ်းထောင့် ကနေရာလို့
    ပြောကြပေမယ့်...
    တကယ်က ဆူးလေဘုရားလမ်း နဲ့
    ကုန်သည်လမ်းထောင့် က ကလေးပန်းခြံ လို့ခေါ်တဲ့နေရာပါ....။

  • @kyiwin8629
    @kyiwin8629 3 месяца назад

    ၁၉၅၆-၅၉ အထိ အုတ်ဂူ မြေပုံ လက်ဝကတ်တိုင် တွေ့နေရပါသေးတယ်။

  • @uwin-p5j
    @uwin-p5j Год назад

    မြဝတီပုံနှိပ်တိုက်ကလည်းအဲဒီ
    ပန်းခြံဘေးမှာရှိခဲ့ဘူးတယ်

  • @jameshsu6462
    @jameshsu6462 Год назад +1

    အာမေးနီးယန်းChurch ကတော့ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်မှာပါ။

  • @KyawLay-c4y
    @KyawLay-c4y 10 месяцев назад

    သမိုင်းကို သိခြင် တဲ့ လူတွေ အတွက် တော့ တန်ဖိုး မဖြတ် နိုင် ပါ ဘူး

  • @KyawmoeKhing-e9c
    @KyawmoeKhing-e9c Год назад

    ဗဟုသုတ(များစွာသောအကြားအမြင်)ရရှိခဲ့တဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်။

  • @ayeaye3338
    @ayeaye3338 Год назад

    အသံ ကျယ် ေပးပါ

    • @yangonrangoon650
      @yangonrangoon650  Год назад

      နောက်တခါသေချာဂရုစိုက်လိုက်ပါမယ်

  • @mintun9077
    @mintun9077 Год назад

    Thank