Zero ပြောက်ကျားတပ်ရဲဘော်တွေကို မွမ်းမံသင်တန်းပေးပြီး ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေး

Поделиться
HTML-код
  • Опубликовано: 16 сен 2024
  • Zero ပြောက်ကျားတပ်ရဲဘော်တွေကို မွမ်းမံသင်တန်းပေးပြီး ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေး
    မြင်းခြံ၊ မေ ၂၂၊ ၂၀၂၄။
    Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် ရဲဘော်တွေကို မွမ်းမံသင်တန်းပေးပြီး မေ ၂၁ ရက်မှာ သင်တန်းဆင်းပွဲနဲ့အတူ ယူနီဖောင်းနဲ့ လက်နက်တွေကို တပ်ဆင်ပေးခဲ့ပါတယ်။
    မွန်းမံသင်တန်းကို လျှို့ဝှက်စွာနဲ့ ၃ လကြာ ပြင်းပြင်းထန်ထန် သင်ကြားပေးခဲ့ပြီး မေ ၂၁ ရက်မှာတော့ စစ်ကိုင်းတိုင်းတနေရာမှာ အခုလို သင်တန်းဆင်းပွဲကို အခမ်းအနားနဲ့ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
    ဒီမွမ်းမံသင်တန်းဖြစ်မြောက်ဖို့အတွက်ကိုလည်း ရဲဘော်တွေ လုံခြုံရေးအတွက် တိုက်ပွဲတွေ ရပ်နားထားရပြီး အချိန် ၅ လလောက်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
    သင်တန်းဆင်းပွဲကနေ ရဲဘော်တွေ လိုအပ်နေတဲ့ ယူနီဖောင်းတွေကို ရဲဘော် ၈၀ ကို တပ်ဆင်ပေးနိုင်ခဲ့ပြီး လက်နက်တွေကိုတော့ ရဲဘော်အယောက် ၄၀ ကိုပေးခဲ့တယ်လို့ သိရပါတယ်။
    ဒါ့အပြင် MOD က ပေးတဲ့ AK သေနတ် ၆လက်အပါအဝင် ပြည်တွင်းပြည်ပမှာရှိတဲ့ အလှူရှင်တွေကနေ လှူဒါန်းတဲ့ငွေနဲ့ လက်နက်ခဲယမ်းပစ္စည်းတွေပါ ဝယ်ယူဖြည့်တင်းထားနိုင်ပြီဖြစ်လို့ အားရကျေနပ်သလို ဝမ်းသာပီတိဖြစ်ရတယ်လို့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။
    အခုဆိုရင် Zero ပြောက်ကျားတပ်မဟာရဲဘော်တွေဟာ တိုက်ခိုက်ရေးပိုင်းမှာ အသင့်အနေထားဖြစ်နေကာ လက်နက်ပိုင်းမှာလည်း ပြည့်စုံသလောက်ရှိနေပြီဖြစ်လို့ စစ်ရေးဘက်ကို ပြန်လှည့်ဖို့ အချိန်ယူပြင်ဆင်နေတယ်လို့ ပြောပါတယ်။
    စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီကတော့ သူတို့အားသာမဲ့ နေရာမျိုးကို စစ်ကြောင်းထိုး ရွာတွေကို မီးရှို့တာတွေ ရှိနေပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းပြီး သူတို့အားနည်းတဲ့နေရာမျိုးဆိုရင် တွန်းတွန်းတိုက်တိုက် ဝင်လာတာမျိုး မရှိတော့ဘဲ အရင်လို စစ်ကြောင်းထိုးတာတွေပါ လျော့နည်းသွားတဲ့ အနေအထားတွေ ရှိနေပါတယ်။
    သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်း‌ဇော်
    #မြေလတ်အသံ
    #စစ်ကိုင်း #Zeroပြောက်ကျားတပ်မဟာ #တပ်ရင်း၇ #လက်နက် #ယူနီဖောင်း #တပ်ဆင်

Комментарии • 50