Around The Taunggyi - 4 တောင်ကြီးညစျေး

Поделиться
HTML-код
  • Опубликовано: 10 фев 2023
  • တောင်ကြီးမြို့ကို ရောက်သူတိုင်း သွားလည် ၊ သွားကြည့် ၊ သွားစားသင့်တဲ့နေရာတစ်ခု ။
    မြန်မာစာ ၊ အိန္ဒိယစာ ၊ တရုတ်စာ ၊ ယိုးဒယားစာ ၊ ကိုရီးယားစာ ၊ အနောက်တိုင်းစာ ၊ ရှမ်းစာ ၊ ဓနုစာ ၊ ပအိုဝ့်စာ ၊ အင်းသားစာ တွေပါရတဲ့ ညစျေးတန်း ။
    မုန့်လင်မယားချဥ်စပ် ၊ အင်းသားလေးကောက်ညှင်းပေါင်း ကစလို့ ကင်ပေါင်းကြော် ၊ တော့ပူကီ ၊ ကြက်သားချဥ် ၊ ပါနီပူရီ အလည် ရေခဲမုန့် ၊ အသားဆလတ် အဆုံး အကုန်လုံးရတဲ့နေရာ ။
    မြို့လည်ကောင်ဝန်းကျင်မှာပဲရှိတာမို့ သွားလို့လာလို့ကလည်း အခက်အခဲသိပ်မရှိ ၊ စျေးကလည်း သက်သာ ၊ သင့်တင့် ၊ တန်ရာတန်ဘိုး ဆိုသလို အစားစား ရွေးချယ်စားသုံးနိုင်တဲ့နေရာ ။
    ဘာသာစုံ လူမျိုးစုံ တိုင်းရင်းသားအစုံ စားလို့ရတဲ့နေရာ ။
    အစားအသောက်တင်မက လူ့အသုံးအဆောင်ဆိုင်အချို့ကလည်းအနားမှာတင်ရှိနေတဲ့နေရာ ။
    #တောင်ကြီး
    #ညစျေး
    #တောင်ကြီးညစျေး
    #ကင်ပေါင်းကြော်
    #ပါနီပူရီ
    #ပါနီးပူရီ
    #မုန့်လင်မယားချဥ်စပ်
    #အင်းသားအစားအစာ
    #တောင်ကြီးမြို့ကလည်ပတ်စရာများ
    #TaunggyiFood
    #ShanFood
    #TaunggyiNightMarket
    #TaunggyiTrip
    #ShanTrip

Комментарии • 36

  • @DarrylAquino-zb9xn
    @DarrylAquino-zb9xn 11 месяцев назад +2

    One of the best places to visit and to stay as well too

    • @rollingrecords-myanmar
      @rollingrecords-myanmar  11 месяцев назад

      ဟုတ်ပါတယ်ဗျ ။
      တကယ့်ကို စိတ်လိုလက်ရ ထောက်ခံရမယ့် အမြင်တစ်ခုပါ ။

  • @gfffzghc6487
    @gfffzghc6487 Год назад +4

    ကျေးဇူးပါ
    မမ ဝန်ထမ်းဘဝနဲ့ နေထိိုင်ချင်ခဲ့တဲ့နေရာပေါ့၊ ❤❤❤❤

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад

      ဟုတ်ကဲ့ နေထိုင်ချင်တဲ့နေရာမှာ နေထိုင်နိုင်ခွင့်ရပါစေဗျ ။

  • @MarMar-oh3zp
    @MarMar-oh3zp Год назад +2

    တောင်ကြီး ညစျေး သွားခဲ့
    ဝယ်ခဲ့ဖူးပါတယ် ဒီလောက်တော့
    စုံအောင်မရောက်ခဲ့ဖူးပေါ့

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад

      ဟုတ်ကဲ့ပါဗျ ။
      ကျွန်တော်တို့လည်း တစ်ခေါက်တည်းနဲ့ဆို ဒီလောက်မစုံပါဘူးဗျ ။

  • @soehtetmg2608
    @soehtetmg2608 16 дней назад

    ပါမိုးနဲ ဘက်ရော ခေါင်ရည်နဲ့ဝက်ကြော်😋😋😋😋

  • @theingishwe3396
    @theingishwe3396 9 месяцев назад +1

    မုန့်လင်မယားပါ တို့ကလေးအရွယ်ထဲကမန်းလေးမှာရှိ အခုအသက်၇၀ ရှိပီ

      @rollingrecords-myanmar  9 месяцев назад

      ဟုတ်ကဲ့ပါဗျ ။ ဒါဆို သေချာတာက မုန့်လင်မယားသက်တမ်းက ၇၀ လောက်ရှိပြီပြောရမှာပေါ့ ။ ကျွန်တော်တို့ အောက်ဖက်ဒေသတွေကို အရောက်နောက်ကျတာနေမယ် ။

  • @user-hi1rj1ox5b
    @user-hi1rj1ox5b Год назад +1

    မင့်းတိုခြပြမှမြင်ဘူးတာသွားသွားလာလာရောက်ဘူးတယ်ကိုတို့အလုပ်တွေဘဲအချိန်ကုန်နေတာမင်းတို့ကျေးဇူးပါ🎉🎉🎉😢🎉🎉🎉👍👍👍👍🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад

      အားပေးနေရင်ကိုပဲ ကျွန်တော်တို့ မျှဝေရကျိုးနပ်ပါတယ်ဗျ ။ ကိုယ်မြင်တွေ့ခဲ့ရသလို အကြောင်းကြောင်းကြောင့် မရောက်ဖြစ်သူတွေ မသွားဖြစ်သူတွေကို မြင်တွေ့ခွင့်ရစေခဲ့ရင် ၊ အဲ့လို မြင်တွေ့ရတာကိုလည်း ကျေနပ်ကြတယ် ဆိုရင် ကျွန်တော်တို့ အားလုံး ပီတိဖြစ်ရပါတယ်ဗျ ။

  • @gfffzghc6487
    @gfffzghc6487 Год назад +2

    အေးချမ်းတဲ့တစ်နေ့ပေါ့
    အေးအေးဆေးဆေးနေပြီးလည်မှာ😊😊😊😊😊

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад

      တကယ်လည်သင့်တဲ့နေရာတစ်ခုပါ ။

  • @myintmyintthan9092
    @myintmyintthan9092 Год назад +2

    ရှမ်းပြည်နယ်ကအစားအစာေတွွ ကစားလို့ေကာင်းပါတယ်
    တို့ဟူးေကြာ်လည်းကြိုက်တယ်
    သွားချင်ပါေသးတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад +1

      ရှမ်းပြည်နယ်မှာကတော့ တို့ဟူးသုပ် တို့ဟူးနွေး တို့ဟူးနောက် တို့ဟူးကြော် ဆိုပြီးအစုံစားတာတွေ့ဖူးပါတယ် ။ တို့ဟူးကြော်ကတော့ နေရာတိုင်း လိုလို မပါမပြီးတဲ့ အကြော်ပါဗျ ။ စားလို့ကောင်းပါတယ် ။

  • @user-ol1qm9ey7g
    @user-ol1qm9ey7g 5 месяцев назад

    ใช่ทำถนนคอนกรีตถนนดีๆทำร้านอาหารดีๆสุขอนามัย ให้ดีกว่าที่นี่ที่นี่ไม่ทำอะไรทั้งสิ้นนอกจากเก็บรายเดือนแล้วก็ไป

    • @rollingrecords-myanmar
      @rollingrecords-myanmar  5 месяцев назад

      ขอบคุณสำหรับคำแนะนำ. เราทุกคนจะทำงานร่วมกันเพื่อเป็นตลาดกลางคืนที่สะอาดและดีต่อสุขภาพมากขึ้นเร็วๆ นี้ ขอบคุณที่รับชม!

  • @user-nm7pz4fi7w
    @user-nm7pz4fi7w Год назад +1

    ေတာ့ပိုကီစားခ်င္လိုက္တာ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад

      တော့ပိုကီ က အချို့ဆိုင်တွေ တကယ်ကောင်းတာဗျ ။အနှစ်ကရှယ်မိုက် ။

  • @user-nm7pz4fi7w
    @user-nm7pz4fi7w Год назад +1

    ပါနီးပူတီကပါးစပ်ထဲရောက်ရင်ပျောက်သွားလို့မကြိုက်ဘူး


      ဟုတ်တော့ဟုတ်တယ် ။
      သူက အရသာခံမယ်ကြံရင် ကုန်ကုန်သွားရော 😁

  • @AB-le1ct
    @AB-le1ct 4 месяца назад

    ❤❤❤good

  • @myintthein3747
    @myintthein3747 Год назад +1

    တောင်ကြီးပျံကျတွေကလမ်းပေါ်တွေရောင်းနေတာအမိန့်ရလိုဘဲ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад

      အခုရိုက်ထားတာက ညနေပိုင်း မှာ ဖွင့်လှစ်ရောင်းချတဲ့ ညဈေးမြင်ကွင်း တွေပါဗျ ။

  • @mosestunoo254
    @mosestunoo254 Год назад +2

    Around the Taunggyi မှာ the မသုံးရပါ

    • @MXY-mw5kg
      @MXY-mw5kg Год назад

      😅

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад +1

      ဟုတ်ကဲ့ ခုလိုအသိပေးတာ ကျေးဇူးပါဗျ ။ အဲ့လို အဓိပ္ပါယ်ကိုပဲ လှတပတ လေး သုံးချင်ရင် ဘယ်လိုက ပိုအဆင်ပြေမလဲဗျ ။တဆိတ်လောက် အကြံပေး ကူညီပါအုံးဗျ ။

  • @hijio5249
    @hijio5249 3 месяца назад

    ညစျေးအသစ်မရောက်ခဲ့ဘူး
    လင်းခေးကနေတောင်ကြီးမှါဆေးလာကု့ရင်းနေရတာတစ်လတစ်ခါလာရတယ်ညစျေးအဟောင်းဘဲရောက်ရတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  3 месяца назад

      အခြားဒေသ က လာသူတွေက ညဈေးသစ်ကို ပိုသဘောကျတယ် ။ ဒေသခံတွေက ညဈေးဟောင်းကို သဘောကျတယ် ။

  • @soehtetmg2608
    @soehtetmg2608 16 дней назад

    အကင်တန်းဘက်သွားခဲ့ဘူးလားဗျ 😅

    • @rollingrecords-myanmar
      @rollingrecords-myanmar  16 дней назад

      ဟုတ်ကဲ့ ။ နောင်ကြုံရင် သွားလိုက်ပါ့မယ်ဗျ ။

  • @Mira_1245
    @Mira_1245 Год назад +1

    ,ကျမအခုအသက်၇၀ရှိပြီအသက်ငါးနှစ်အရွယ်ကတဲကမုန့်လင်မယားစားလာခဲ့တာခုထိဘဲမုန်လင်မယားကတောင်ကြီးမှာဦးမှတ်မုန့်လင်မယားကျော်ရောင်းကတဲကစားလာတာရှင့်ညဈေးအဟောင်းတုန်းကပေါ့အခုတော့မရှိတော့ဘူး

    • @rollingrecords-myanmar
      @rollingrecords-myanmar  Год назад

      ဟုတ်ကဲ့ကျေးဇူးပါဗျ ။
      ဒါဆိုရင်တော့ သေချာတာက မုန့်လင်မယားက လွန်ခဲ့တဲ့ ၆၅ နှစ်တည်းက ရှိခဲ့တာကတော့ သေချာပြီလို့ မှတ်ထားရပါမယ် ။ ဖတ်လိုက်တော့ ကြုံရင်သွားစားအုံးမှပဲ စိတ်ကူးလိုက်တာ ။ မရှိတော့ဘူးဆိုတော့ သွားစားလို့တော့မရတော့ဘူးပေါ့ ။ စားနေကျ ကောင်းတဲ့ဆိုင်လေးရှိရင် ပြောထားပေးပါအုံးဗျ ။ကြုံရင်စားလို့ရအောင်ပါ ။ ကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ် ။ နောက်ထပ်နှစ်တွေ အများကြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ပါစေဗျ ။

  • @soehtetmg2608
    @soehtetmg2608 16 дней назад

    ညဈေးတန်းဘက်ကကျနော်အထင်နဲနဲဈေးကြီးတယ်ထင်တာပဲ😊😅😅

    • @rollingrecords-myanmar
      @rollingrecords-myanmar  16 дней назад

      ဟုတ်ကဲ့ ။ ဒေသခံတွေက ဈေးကြီးဘေးနားက ညဈေးကို ပိုသဘောကျကြတာ တွေ့ရပါတယ် ။ ကျွန်တော်တို့ တွေကတော့ ဘောလုံးကွင်းဘေးကညဈေးက စိတ်ထဲ ပို စုံသလို ထင်လို့ပါဗျ ။