အရာရာပြောင်းလဲစေခဲ့တဲ့ခရီး......

Поделиться
HTML-код
  • Опубликовано: 29 сен 2024
  • “ကား” ဆိုတဲ့ စကားလုံးတောင်မပေါ်သေးတဲ့အချိန်၊ လှည်းတွေကို ဆွဲဖို့အတွက် မြင်းတွေကိုပဲ အားထားအသုံးပြုနေရချိန်မှာ 𝐁𝐞𝐫𝐭𝐡𝐚 𝐁𝐞𝐧𝐳 ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့ရဲ့အမျိုးသားတီထွင်ခဲ့တဲ့ စက်တပ်ယာဉ်တစ်စင်းနဲ့ ကီလို ၁၀၀ ကျော်အကွာအဝေးရှိတဲ့ ခရီးဝေးတစ်ခုကို ပထမဆုံးသွားခဲ့တယ်။ အခက်အခဲအမျိုးမျိုးကြုံပေမယ့်လည်း သူမဟာ ရပ်တန့်ခြင်းမရှိခဲ့ဘဲ သူ့အမျိုးသားရဲ့ တီထွင်ထားတဲ့ စက်တပ်ယာဉ်ဟာ အနာဂတ်သယ်ယူပို့ဆောင်ရေးအတွက် တီထွင်ဖန်တီးမှုဆိုတာကို သက်သေပြသနိုင်ခဲ့တယ်။
    အဆုံးသတ်မှာတော့ သမိုင်းတွေဖြစ်စေခဲ့တယ်………
    သူမဟာလည်း သမိုင်းမှာ ပထမဆုံးကားမောင်းသူတစ်ယောက်ဖြစ်ခဲ့တယ်….
    #mercedesbenz #automobile #history #explorethecar

Комментарии •