ပြောင်းဖူးလက်ဖက်သုပ် နဲ့ ဆန်ပြားဘဲဥမွှေကြော်
HTML-код
- Опубликовано: 9 фев 2025
- ကဲဒီနေ့တော့ စျေးသက်သက်သာသာနဲ့ စားမြိန်တဲ့ ဘတ်ဂျက်ထမင်းဝိုင်းလေးပါရှင်။ မြိုင်ကလေ လက်ဖက်အရမ်းကြိုက်တော့ အမျိုးမျိုးလုပ်စားနေကျ။ ရှမ်းကြီး အဆင့်မြင့်လက်ဖက်ခြောက် က တစ်ခါပြင်စာလက်ဖက်ထုပ်လေးတွေက အကြော်ရောလက်ဖက်ပါတွဲပါပြီးသားကိုမှ စျေးသက်သာတော့ အရမ်းအဆင်ပြေတာ။ ပြောင်းဖူးလက်ဖက်သုပ်လေးကို ရှမ်းကြီးလက်ဖက်ထုပ်လေးတွေနဲ့ သုပ်စားတာ အဝအပြဲစားရတယ်။ မြေပဲအစိုတော့ မရှိတော့ မထည့်လိုက်ရဘူး။
ဆန်ပြားဘဲဥကြော်ကတော့ စမ်းကြော်ကြည့်ရင်းအရမ်းကြိုက်။ ဒီတိုင်းစားလည်း ကောင်းနေရော။ စားကောင်းမကောင်းတော့ မြိုင့်အိမ်ကလူတွေဘယ်လို အားပေးကြလည်းဆိုတာ video လေးမှာကြည့်လိုက်နော်။