JOB ( အလုပ် ) - Bigg_Y

Поделиться
HTML-код
  • Опубликовано: 15 сен 2024
  • တခါတလေလွယ်မယ်ထင်တဲ့ အလုပ်တွေက လုပ်ရခက်
    ဘဝက ငါတို့အခန်းလိုပဲ အမြဲတမ်းရှုပ်ပွလျှက်
    ရည်မှန်းထားတာတော့ အောင်မြင်မှု မသေခင်ယူမယ် အရ
    ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် နေထွက်ပြီးနေဝင်သွား
    မင်းတို့ရော သိလိုက်ကြလား အချိန်ဘယ်လိုကုန်သွားလဲ
    မယ်မယ်ရရ ဘာတစ်ခုမှမလုပ်လိုက်ရတဲ့ ဘဝထဲ
    ကြိုးစားမှုအားကောင်းအောင်လုပ်ရင် ဖန်တီးမှုကအားနည်း
    ဖန်တီးမှုကောင်းတိုင်း ပရိသတ်မကြိုက်ရင် အလကားပဲ
    လူငယ်တိုင်းလိုချင်တာပဲ ပိုက်ဆံဆိုတာက
    အသက်ကြီးလာတာနဲ့အမျှ ထောက်ပံ့မှုလိုလာကြ
    မိဘတွေလည်း တစ်ရက်ပြီး တစ်ရက် အိုလာကြ
    သူတို့ကို တိုက်နဲ့ကားနဲ့ ထားနိုင်ဖို့အတွက် rap ဆိုပါလား
    ဟာသတစ်ခုလိုပါပဲ ပျော်ရွှင်မှုက သိပ်မကြာ
    သူငယ်ချင်းတွေရဲ့စည်းလုံးမှုလည်း ထားခဲ့လိုက်ပီ အတိတ်မှာ
    တကွဲတပြားစီ ကွဲ အားလုံးကိုယ့်တက်လမ်း ကိုယ်ကြိတ်ရှာ
    ကြာတော့ အနုပညာဆိုတာက လုပ်နေရလည်းစိတ်မပါ
    ဒီအတွေ့အကြုံတွေ လူငယ်တိုင်း ရင်ဆိုင်ဖူးတာပဲ
    အရေးကြီးတာကအလုပ်ပေါ်မှာ အာရုံစိုက်ဖို့ပဲ
    လူတိုင်းလူတိုင်း အောက်ခြေက စပြီးတက်လာခဲ့
    အရေးကြီးတာကအလုပ်ပေါ်မှာ အာရုံစိုက်ဖို့ပဲ
    ဂရုမစိုက်နဲ့ အသစ်ဆိုပြီး ပရိတ်သတ်မကြိုက်လို့လည်း
    အရေးကြီးတာကအလုပ်ပေါ်မှာ အာရုံစိုက်ဖို့ပဲ
    နှင်းဆီတွေ အစည်းလိုက်ဝယ် မင်းကြိုက်သလောက်ရိုက်လို့ဆွဲ
    အရေးကြီးတာကအလုပ်ပေါ်မှာ အာရုံစိုက်ဖို့ပဲ
    သူငယ်ချင်းတချို့ကမေးတယ် မင်း Hip hop လုပ်တယ်ဆို
    အခုထိ Air Force - 1 ဖိနပ်အစုတ်နဲ့ ဒိုး
    ငါသတ်မှတ်တဲ့ ငါ့တန်ဖိုး မင်းတို့နဲ့တော့ သိပ်မဆိုင်
    မနက်ဖက်မှာ မာနထားလိုက် ညဖက်ကျရင် မအိပ်နိုင်
    ရွယ်တူတချို့ မိဘတွေရဲ့စီးပွားရေးဝင်လုပ်
    သူတိူ့ကိုကြည့်ပြီးအားကျအတုယူချင်လို့
    အလုပ်လုပ်ပြီး ရည်းစားထား အားတဲ့ရက်မှာလျှောက်လည်
    ၁၀၉/၁၁၀ ငါလိုကောင်က ရည်းစားထားတိုင်း အောက်တယ်
    တွဲတော့တွဲတာပဲ ငါလည်း ယူမလားဆို မယူတော့ဘူး
    ချစ်တော့ ချစ်တာပဲ ငယ်စဥ်ဘဝနဲ့ မတူတော့ဘူး
    တစ်သက်စာ ရွေးချယ်မှု တခုတော့သတ်မှတ်ရမှာပဲ
    အဆက်ဖြတ်ဖို့ အချိန်တန်ရင်တော့ အဆက်ဖြတ်သွားမှာပဲ
    မင်းလည်းမလွမ်းပါနဲ့ စိတ်ချလိုက် ငါလည်းမလွမ်းပါဘူး
    စိတ်ကျန်းမာဖို့ အဓိကက ကိုယ်တိုင်ချမ်းသာမှု
    အောင်မြင်ချိန်မှာ ရသလောက်သယ်ပြီး ဝမ်းစာယူ
    ဒါပြီးရင်တော့ ဘဝလမ်း အရင်လိုမကြမ်းပါဘူး

Комментарии • 12

  • @rrtt5283
    @rrtt5283 11 месяцев назад +16

    ငယ်ငယ်က Bigg Y ကို သူများတွေက မိုက်တယ်ပြောလဲ မကြိုက်ခဲ့ဘူး ဘာတွေဆိုနေလဲပေါ့..ခုတော့ တကယ်အသက်အရွယ်ရလာတော့ သူ့ lyrics တွေက ဘေးကနေကိုယ့်ကိုထိုင်ကြည့်ပီး ရေးထားသလားအောက်မေ့ရတယ် ❤

    • @MateSweGyi
      @MateSweGyi  11 месяцев назад +6

      That's why we love Hip-hop 😉😉

    • @minmin-b5o
      @minmin-b5o 10 месяцев назад +1

      Brother J me ကိုနားဆင်ကြည့်

    • @utowmyint.4ung
      @utowmyint.4ung 3 месяца назад

      ဟစ်ဟော့ပ်ဘုရင်J Meတောင်Bigg Y ကိုဆရာတင်ထားတာဟိုးအစကတည်းကOnTrack ကောသိရဲ့လား Mc Cho Cho နဲ့ Bigg Y ဖွဲ့ထားတာလေ။
      မမှတ်မိရင်လဲမင်းအတွက်၁နဲ့၂ကိုပြန်ရှာကြည့်လိုက်။

  • @utowmyint.4ung
    @utowmyint.4ung 3 месяца назад +1

    အခုဘဲနှင်းဆီ၂ထုတ်၀ယ်ပြန်လာတာအရင်ကလိုအစီးလိုက်ကမရတော့လို့အထုတ်လိုက်စိတ်ကြိုက်ဆွဲပြီဗျို့။

  • @vangotta5657
    @vangotta5657 8 месяцев назад +1

    Biggy made my day

  • @IdiotRonin
    @IdiotRonin 10 месяцев назад +1

    this is biggy y❤❤

  • @user-nn9ew1oj8e
    @user-nn9ew1oj8e Месяц назад +1

    စောက်ရမ်းကြမ်းထော်နေတာပဲ ❤

  • @htetarkar2134
    @htetarkar2134 10 месяцев назад +3

    Biggy ကို အသက်ကြီးလာလေ ပိုကြိုက်လာလေ‌ပဲ ငယ်စဉ်ကမကြိုက်သေးခဲ့တဲ့အကြောင်းအရင်းက ကိုယ့် brain level နှိမ့်နေလို့ပဲဖြစ်လိမ့်မယ်

  • @joshk2146
    @joshk2146 Год назад +1

    🔥

  • @BiggDope-g2p
    @BiggDope-g2p 2 месяца назад +1

    မိဘတွေလည်းတစ်ရက်ပြီးတစ်ရက်အိုလာကြ သူတို့ကိုတိုက်နဲ့ကားနဲ့ထားနိုင်ဖို့ မင်းအလုပ်လုပ်ပါလား၊ ဟာသတစ်ခုလိုပါဘဲ ပျော်ရွှင်မှုကသိပ်မကြာ သူငယ်ချင်းတွေရဲ့စည်းလုံးမှုလည်းထားခဲ့လိုက်ပြီအတိတ်မှာ တကွဲတပြားစီကွဲ အားလုံးကိုယ့်တတ်လမ်း ကိုယ်ကြိတ်ရှာ ကြာတော့အလုပ်ဆိုတာက လုပ်နေရလည်း စိတ်မပါ။😪😪

  • @toewinmyanmar6852
    @toewinmyanmar6852 3 года назад +1

    Litt ko yel gyi yay . one day see ml