Badminton experience sharing with super star Thet Htar Thuzar
HTML-код
- Опубликовано: 8 фев 2025
- ကြက်တောင်ရိုက်အားကစားက မိန်းကလေးတွေကြိုက်တာများတယ်။ ယောက်ျားလေးတွေလည်းဆော့ကြပါတယ်။ ငယ်ငယ်တုန်းက ပလက်ဖောင်းတွေမချုံ့ခင်ကတော့ အိမ်အောက်မှာ ရိုက်နေကြ။ ရိုက်တတ်သလိုရိုက်တာပဲ။ တက္ကသိုလ်ရောက်မှ အားကစားဆရာမပြပေးတာနဲနဲပါးပါး သိတယ်။ တခါမှတော့ သေချာမသင်ဖူးဘူး။ အခုမှ အားလုံးချစ်ကြတဲ့ ကြက်တောင်ရိုက်ချန်ပီယံ သက်ထားသူဇာနဲ့ သေချာမေးမြန်းလေ့လာဖြစ်တော့တယ်။
ကြက်တောင်ရိုက်ရင် ကိုင်တဲ့ပုံစံမှန်ဖို့က အဓိက။ ပြီးတော့ ကြက်တောင်စရိုက်တဲ့ပုံစံမှန်ဖို့ပေါ့။ ပရော်ဖက်ရှင်နယ်ရိုက်ရင် တဗြောင်းဗြောင်းနဲ့ ရိုက်ကြတာ။ မြန်လဲမြန်တယ်။ ကြည့်လို့လဲကောင်းတယ်။ မီရှဲကတော့ ဖြေးဖြေးရိုက်တာတောင် လ ျှာအလျားလိုက်ထွက်နေပြီ။
ရိုက်ချင်တယ်ဆိုရင် မီရှဲသိသလောက်တော့ နှစ်နေရာရှိတယ်။ တစ်ခုက Myanmar Badminton Federation အနော်ရထာလမ်းနဲ့ (၁)လမ်းနားမှာ။ ကွင်းအားတဲ့အချိန်ကို သွားကြည့်ပြီး ရိုက်လို့ရတယ်။ ကွင်းကြေးနာရီနဲ့ ပေးရတာ။ နောက်တစ်နေရာက WYTU Badminton Team မြို့မကျောင်းလမ်းနဲ့ စံကားဝါလမ်းမှာ။ မြို့မကွင်းလို့လဲ လူသိများတယ်။ ကွင်းကြေးလဲ သိပ်မပေးရဘူး။ သိချင်တဲ့အချက်တွေကို mention ထားတဲ့ ပေ့ချ်တွေမှာ ဝင်ကြည့်လို့ရတယ်။ သွားလေ့ကျင့်ရင်း ကံကောင်းရင် သက်ထားနဲ့ တွေ့ရမယ်။
နိုင်ငံရဲ့အားကစားကို တဖက်တလမ်းကနေ မြှင့်တင်ဖို့လိုနေပါပြီ။ ဆုရလာရင်တော့ ဂုဏ်ယူချင်ကြတယ်ဟုတ်။ ကိုယ့်အိမ်က သားသမီး၊ တူ၊ တူမ၊ ညီ၊ ညီမတွေလဲ ချန်ပီယံဖြစ်နိုင်တာပဲလေ။ အားကစားလုပ်ဖို့စိတ်ဝင်စားတယ်ဆိုရင် ထောက်ခံအားပေးဖို့လဲ လိုသေးတယ်။ ဖြစ်လာမှာမဟုတ်ဘူးဆိုပြီး ဒီအတိုင်းထားရင် ထားတဲ့အတိုင်းပဲဖြစ်လာမှာ။
နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေပေါ်ထွက်လာဖို့ အားကစားကို အားပေးကြပါစို့နော် ...
ချစ်တဲ့
ရန်ကုန်သူမီရှဲ