နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်

Поделиться
HTML-код
  • Опубликовано: 19 ноя 2024
  • ခရစ်တော်၌ရှိသော ခိုင်မာသောထောက်မပံ့ပိုးမှု
    myanmar-odb.or...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ဒေသနာကျမ်း ၄:၉-၁၂
    odb-ministries...
    ထင်ဟပ်ဖော်ပြချက်
    ခရစ်တော်၌ရှိသော ခိုင်မာသောထောက်မပံ့ပိုးမှု
    လူနှစ်ဦးသည် တစ်ဦးတည်းထက်သာ၍ ကောင်းသည်ကို ဆွေး‌‌နွေးရာ၌ (ဒေသနာကျမ်း ၄:၉)၊ ခရီးသွားခြင်းသည် ရှောလမုန် (သို့ ) ဒေသနာဆရာ၏ (‌၁:၁) တင်စားသရုပ်ဖော်ချက်ဖြစ်သည်။ အတူသွားသည့် ခြေကျင်ခရီးကြမ်း၌ ဝန်ကို ပို၍ သယ်ပိုးနိုင်သည် (:၉)၊ အန္တရာယ်ရှိသောလမ်း၌ တစ်ဦးနှင့်တစ်ဦး ကူညီနိုင်သည် (:၁၀)။ အေးသောညများတွင် အတူအိပ်လျှင် နွေးစေနိုင်သည် (:၁၁)။ လမ်းဆုံးပန်းတိုင်သို့ မရောက်မီစပ်ကြား သူတို့အား မထီမဲ့မြင်ပြုမှု ခံရနိုင်ခြေ အလားအလာ နည်းလိမ့်မည် (:၁၂)။ ထိုအချက်များကြောင့် သုံးလွန်းတင်သောကြိုး (လူသုံးဦးဆိုပါ)က ပို၍ပင်ကောင်းကြောင်း ဖော်ပြလျက် နိဂုံးချုပ်ထားသည်။
    ‌ဒေသနာကျမ်းတစ်လျှောက်တွင် ဒေသနာဆရာ၏ စိတ်ပျက်ဖွယ်အမြင်များ ရှိနေလင့်ကစား မျှော်လင့်ခြင်းနှင့် ကောင်းမြတ်ခြင်းရောင်ခြည်ကို ရှာတွေ့နေဆဲဖြစ်သည်။ ခရီးလမ်းတစ်လျှောက်တွင် မိတ်ဆွေအပေါင်းဖော်၏ အင်အားက အထင်အရှားဖြစ်ပြီး သခင်ယေရှုကို ယုံကြည်သူများအတွက်ဆိုလျှင် သာ၍ ကြွယ်ဝသော အရောင်အသွေးကို တွေ့ရပါသည်။ တပည့်တော်ဖြစ်ခြင်းလမ်းခရီးကို ကျွန်ုပ်တို့ လျှောက်လှမ်းစဥ် ကျွန်ုပ်တို့ တစ်ဦးတည်း မဟုတ်ပါ။ ခရစ်တော်သည် ကျွန်ုပ်တို့နှင့်အတူ လျှောက်လှမ်းနေပါသည်။ ကိုယ်တော်သည် ဤခရီးကို အရင်လျှောက်ခဲ့ပြီဖြစ်၍ အဘဘုရား၏အိမ်တော်သို့ ရောက်ရှိသည့်အထိ ကျွန်ုပ်တို့ကို လုံခြုံစွာ ကွယ်ကာပို့ဆောင်ပေးလိမ့်မည်။
    စာရေးသူ - မာဗင်ဝီလီယံ

Комментарии •