နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်

Поделиться
HTML-код
  • Опубликовано: 19 ноя 2024
  • လူတို့အား သခင်ယေရှုအကြောင်းကို ပြောပါ
    myanmar-odb.or...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - တမန်တော်ဝတ္ထု ၂၁:၂၇-၂၂:၁
    odb-ministries...
    ထင်ဟပ်ဖော်ပြချက်
    လူတို့အား သခင်ယေရှုအကြောင်းကို ပြောပါ
    တမန်တော်ဝတ္ထု ၂၁ တွင် ရှင်ပေါလုသည် တစ်ပါးအမျိုးသား ဟေလသလူ/ ဂရိလူမျိုးများကို ဗိမာန်တော်သို့ ခေါ်ဆောင်ခဲ့ခြင်းအတွက် စွတ်စွဲပြစ်တင်မှုခံရသည် (:၂၈)။ ဟေရုဒ်မင်းတည်ခဲ့သည့် ဗိမာန်တော်၏ ခွဲခြားကန့်သတ်ထားပုံကြောင့် ဤသို့မှားယွင်းသောစွတ်စွဲမှု ဖြစ်ပေါ်ရခြင်းဖြစ်သည်။ အပြင်ကန္နားပြင်ကို ဣသရေလကန္နားပြင် (ဂျူးအမျိုးသားများ ဝင်ရောက်ရန် အတွက်သာဖြစ်သည်) နှင့် အမျိုးသမီးများကန္နားပြင် (ဂျူးလူမျိုး ကျား/မ မရွေး ဝင်ရောက်နိုင်သောနေရာ) ဟူ၍ ပိုင်းခြားထားပြီး၊ ပို၍ဝေးသည့်နေရာတွင် တစ်ပါးအမျိုးသားများကန္နားပြင် (ဂျူးလူမျိုးမဟုတ်သည့် တစ်ပါးအမျိုးသားများ) ဝင်ရောက်ဝတ်ပြုနိုင်သော နေရာရှိသည်။ သမ္မာကျမ်းစာ၌ ဤသို့ခွဲခြားမှုမျိုး မရှိသော်လည်း ဤသတ်မှတ်ထားသောနေရာထက် ကျော်လွန်ဝင်ရောက်လာသူ မည်သည့်တစ်ပါးအမျိုးသား ဖြစ်စေသည် သေဒဏ်စီရင်နိုင်သည့်အထိ ခြိမ်းခြောက်မှုရှိပြီး ထိုကိစ္စကို အရေးတယူ လုပ်ဆောင်ကြပေသည်။
    စာရေးသူ - မိုနီကာလာရို့စ်

Комментарии •