ခဲ​ရေပြင်ထက်က ကြယ်စုံည_STARRY NIGHT on the ice_ကဗျာ_အေးချမ်းအောင်

Поделиться
HTML-код
  • Опубликовано: 21 сен 2024
  • ခဲရေပြင်ထက်က Starry Night ။
    အမှောင်ကိုခွင်း၊ အလင်းရောက်သည်။
    ဝင်းလက်တောက်ပ၊ သူ့အလှနှင့်
    မှုဟန်အပြည့်၊ ဝံ့ကြွားနေ။
    ဓားသွားပေါ်တက်၊ အေးစက်စက်ကို
    တွန်းလှန်၍သာ၊ လှပမယ်။
    ပြေပြစ်နူးညံ့၊ လက်နှစ်ဖက်ကို
    ရင်ဝယ်ထက်တွင်၊ ထွေးပွေ့မယ်။
    တမူထူးခွား၊ သူ၏အားကို
    လှပဖို့သာ၊ သူသုံးမယ်။
    သေးသွယ်နူးညံ့၊ လက်နှစ်ဖက်က
    သံစဉ်အတိုင်း၊ လုပ်ရှာရမယ်။
    ကျယ်ပြန့်ကြီးမား၊ အချစ်စွမ်းအားကို
    လက်နှစ်ဖက်ဖြင့်၊ ပုံပြမယ်။
    တည်မှတ်ရန်ခက်ခဲ၊ ပြင်ရေခဲတွင်
    လှပနူးညံ့၊ ပြေးလွှားမယ်။
    ပန်းလေးတစ်ပွင့်၊ လေထဲလွင့်သည့်ပမာ
    နူးညံ့ပျော့ပျောင်း၊ လက်ချောင်းလေးများ
    မဲနက်ကေသာ၊ သေသပ်စွာဖြင့်
    ဝင်းလက်တောက်ပ၊ အင်္ကျီစက
    ကောင်းကင်ထက်က၊ STARRY NIGHT။
    လမင်းမျက်နှာ၊ ပင်လယ်ပြာတွင်
    ရေလှိုင်းပမာလှုပ်ရှားနေသည်။
    သူ့ကမ္ဘာ၊ ခြေအမွှာသည်
    ပင်လယ်၊ကောင်းကင်၊ကြယ် အလင်း နှင့် လမင်းတို့ကို ပေါင်းစီးစေသည်။
    လေတွင်ပျံဝဲ၊ ပန်းပွင့်လေးကို
    အမြတ်တနိုး တန်ဖိုးထားမည်။
    မီးရောင်ဝင်းလက်ကြား ကမယ်၊ လှမယ်။
    သူနှင့်ယှဉ်ပြိုင်၊ ကကြပေမဲ့
    ယှဉ်ပြိုင်လာသူ၊ သူ့အရိပ်ပင်
    သူနှင့် မယှဉ်သာခဲ့ပြီ။
    အေးချမ်းအောင်
    ၄-၄-၂၀၂၄
    ၁၂:၄၆ နေ့လယ်
    အားပေးကြပါအုံး။ အသစ်သစ်တွေတင်တိုင်း ကြည့်ရှူ့ခံစားနိုင်အောင်လည်း Subscribe လေးလုပ်ပေးထားပါအုံး။ Like and share လေးတွေလည်း လုပ်ပေးပါအုံး။ 🌹
    RUclips channels လေးကိုလည်း အားပေးနိုင်ပါတယ်။
    • ဟန်ကျိုး_ကဗျာ_နွေးဦး_...
    အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ဘေးရန်ကင်းကြပါစေ။
    #kyawphone_ #ဟန်ကျိုး _ #နွေးဦး _ #HangZhou _ #Spring _ #FreeLineSkate_ #orientalcherry #yelimkim #iceskating #figureskate #figureskater #ကဗျာ #poem #starrynight #ခဲရေပြင်ထက်ကstarrynight #ကျော်ဖုန်း
    Camera shot အချို့ကို Credit ပေးပါတယ်။

Комментарии •