ဆုတောင်းပြည့်တဲ့ ခမဲပြင်ဘိုးဘိုးနတ်နန်းဆီသို့

Поделиться
HTML-код
  • Опубликовано: 20 окт 2024
  • Eattingvlog
    မိသားစုနဲ့အတူ နေ့ချင်းပြန်ခရီးလေးတစ်ခုကို သွားဖြစ်ပြန်ပါတယ်။ သန်လျင်တံတားအသစ်ကြီးကို ဖြတ်ပြီး သန်လျင်ကနေ ခရမ်း သုံးခွလမ်းအတိုင်းသွားခဲ့ပါတယ်။ သုံးခွက ဥက္ကံသွန်းဘုရားကြီးကိုဝင်ဖူးခဲ့ပါသေးတယ်။ အဲ့ကနေ ခရမ်းဘက် နောင် သက္ကလမြို့ကို ဖြတ်ပါတယ်။ လမ်းတစ်လျှောက် မြင်ကွင်းတွေကို ကိုယ်တိုင်သွားရောက်ရသလိုမျိုးဖြစ်အောင် အတတ်နိုင်ဆုံး ရိုက်ကူးပေးထားပါတယ်ယ
    အဲ့နောက် ခမဲပြင်ရွာနားက ဆုတောင်းကြည့်တယ်လို့ နာမည်ကြီးတဲ့ ခမဲပြင်ဘိုးဘိုးကြီးနတ်နန်းကို ဝင်ဖူးပြီး ဆုတောင်းခဲ့ပါတယ်။ ဘိုးဘိုးကြီး နတ်နန်းကအပြန်မှာတော့ ကဝ အုန်းနှဲလမ်းမပေါ်မှာရှိတဲ့ လမ်းကနေနောက် မိနစ်၂၀ ထပ်မောင်းရင် ရောက်တဲ့ မွန်ရှေးဟောင်းဘုရားကြီး မိုးဂနိန်းစေတီကို ဝင်ဖူးခဲ့ပါသေးတယ်။
    ဒီတစ်ပတ်Vlog မှာတော့ အစားအသောက်တွေရော၊ မြို့ရှုခင်းတွေ၊ ဘုရားတွေ ဘိုးဘိုးနတ်နန်းတွေကို အများကြီးရိုက်ကူးဖော်ပြပေးထားပါတယ်နော်....
    Inside Myanmar by YMK
    #myanmar
    #travel
    #travelvlogger
    #

Комментарии • 30

  • @PhoetharLay-ly5xh
    @PhoetharLay-ly5xh 4 месяца назад +7

    ကျေးဇူးအများကြီးတင်ပါတယ် မရောက်ဘူးတဲ့နေရာကဘုရားတွေဖူးရလို့ပါ စိတ်သွားတိုင်းကိုယ်ပါလိုအင်ဆန္ဒများပြည့်ပါစေ

  • @htoonhtoon3206
    @htoonhtoon3206 4 месяца назад +3

    မရောက်တာ အနှစ် ၃၀ ရှီပြီ ကျေးဇူးပါညီမရေ

  • @Alinneain-n5e
    @Alinneain-n5e 4 месяца назад +4

    ရွာကိုတောင်ပြန်လာချင်ပီခမဲပင်ဘိုးဘိုးကြီးကပျော်စရာအကောင်းဆုံးနဲ့စီကားဆုံးကဝါခေါင်လပြည့်ပါဘဲ

  • @aungsan9641
    @aungsan9641 3 месяца назад

    ကျေးဇူးပါနော်
    ကျမ်းမာချမ်းသာပါစေ
    အဲလိုတွေရှောက်သွားကတာ
    ဝါသနာပါတယ်
    နီးရင်ကောင်းမှာ

  • @nwesan9768
    @nwesan9768 3 месяца назад

    ကျေးဇူးအထူးတင်ပါတယ်ညီမ ရေ။ နိုင်ငံခြားမှာ နှစ်ရှည်နေလာခဲ့ရတော့ကိုယ့်နေရာဒေသလေးတွေကိုအရမ်းလွမ်းပြီးငိုမိပါတယ်။ စုံနေအောင်ရိုက်ပြထားတာအရမ်းကျေးဇူးတင်တယ်နော်။ အားပေးနေပါတယ်။ ဘေးကင်းပါစေ။ ထာဝရရွင်လန်းချမ်းမြေ့ပါစေ။ ❤🎉❤

  • @dr.deepak1035
    @dr.deepak1035 4 месяца назад +2

    အမြဲအားပေး သည် ကျမ်းမာ ရေးမကောင်း လို့ ဒီ က နေ ဘဲ ဖူး ရတယ်

  • @dawaye-i3f
    @dawaye-i3f 2 месяца назад

    ဒို့လဲလိုက်ချင်တယ်

  • @nayayelin-nk4hc
    @nayayelin-nk4hc 2 месяца назад

    ရန်ကုန်မှာလည်း နေ့စဉ် ကန်တော်ကြီးတပတ် တစ်လတိတိ အဓိဋ္ဌာန်နဲ့လမ်းလျှောက်ရင် ဆုတောင်းပြည့်ပါတယ်နော်။ ဆုတခုပဲ တောင်းရပါတယ်။ အဲ့ဒီတလမှာ ငါးပါးသီလတော့ လုံရပါတယ်။ ငါးပါးသီလလည်း အဓိဋ္ဌာန်နဲ့ စောင့်ပေါ့။ စမ်းကြည့်ပါ။ အောင်မြင်ကြပါစေ။

  • @yathaetaung268
    @yathaetaung268 2 месяца назад

    ဒကာမတုိခရီးသြားပေလာကုိ
    သဘောကြတယ်အမြဲကြည်နေတယ်

  • @essentialmoe3078
    @essentialmoe3078 3 месяца назад

    အရမ်းသဘောကျ sis.. fb ကော အတ်လို့ရလား

    • @insidemyanmarbyymk
      @insidemyanmarbyymk  3 месяца назад

      သဘောကျပေးလို့ ကျေးဇူးပါနော်
      fb က သိပ်မသုံးဖြစ်လို့ပါ✌✌✌

  • @nayayelin-nk4hc
    @nayayelin-nk4hc 2 месяца назад

    အဲ့ဒီ နေရာ ပိုင်ရှင်က တော်တော် ထောမှာ၊ နတ်နန်းဆိုပြီး ပိုင်ရှင်မရှိဘူးမထင်နဲ့၊ တောင်ပြုံးမှာဆို နတ်နန်းက ပိုင်ရှင်ရှိတာ။ တောင်ပြုံးနတ်နန်းပိုင်ရှင်ဆို အလွန်ချမ်းသာတာ။

  • @essentialmoe3078
    @essentialmoe3078 3 месяца назад

    ဘုရားတောင် ဖြတ်ခိုးတဲ့သူတွေ ငရဲမကြောက်

  • @lapyaesoe4427
    @lapyaesoe4427 4 месяца назад +1

    နောက်တစ်ခုက အမ သွားတဲ့လမ်းကြောင်းလေးတွေကို ကျွန်တော်တို့ သွားလို့ရအောင် ဘယ်ကားအမျိုးအစားနဲ့အဆင်ပြေလဲ ဆိုတာသိရအောင် အင်းတကော်လမ်းကိုလဲ ရိုက်ပြပေးသင့်ပါတယ်.... အမကတော့ ပါဂျရိုနဲ့ဆိုတော့ လမ်းမရွေးဘူးလေ.... ဥပမာ လမ်းလေးတွေ ကျဉ်းလား ကျယ်လား. လမ်းကြမ်းလား ဘာညာပေါ့ဗျာ.....ထည့်ပြော ပေးပါခင်ဗျာ....

    • @insidemyanmarbyymk
      @insidemyanmarbyymk  4 месяца назад

      သုံးခွ ခရမ်းလမ်းက အစစ်အဆေးရှိပြီး လမ်းမကောင်းတဲ့နေရာတွေရှိပါတယ်
      သွားမယ်ဆိုရင် အင်းကကော် ထုံးကြီး ကဂဘက်ကသွားရင် ပိုကောင်းပါတယ်

    • @kyawwinmg3547
      @kyawwinmg3547 4 месяца назад

      အင်းဒကော်ကနေသွားနိီးလေး

    • @Kennethchen-b2k
      @Kennethchen-b2k 4 месяца назад

      Sardu Sardu Sardu

  • @3bsd69bhmdfawp9
    @3bsd69bhmdfawp9 4 месяца назад

    မြန်မာပြည်က အလွမ်းဆုံးအရာကတော့ မြန်မာအစားအစာဘဲ။ ခုနေဆီချက်ခေါက်ဆွဲတစ်ပွဲ ကျပ်တစ်သိန်းတောင်းတောင်း နှစ်သိန်းတောင်းတောင်း ဈေးမစစ်ဘူး စားမယ်၊ သုံးပွဲအနည်းဆုံး။ လ္ဘက်ရည် ငါးခွက် တစ်ထိုင်တည်း။

  • @nayayelin-nk4hc
    @nayayelin-nk4hc 2 месяца назад

    ခမဲပြင် ရွာလေးထဲကိုလည်း ဝင်လည်ကြပါဗျ၊ ရွာက လမ်းတွေ သိပ်ကောင်းပုံမရဘူး၊ အိမ်တွေ လျှပ်စစ်မီးလိုင်းသွယ်ပြီးပြီလား၊ ရွာက မူလတန်းကျောင်းလေးထင်တယ်၊ ကလေးတွေ စာသင်ရတာ အဆင်ပြေရဲ့လား၊ ရွာဘက်မှာ ဘုန်းကြီးကျောင်းမှာ စည်စည်ကားကားရှိရဲ့လား။ ပစ္စည်းလေးပါး ပြည့်စုံရဲ့လား ဝင်ကြည့်ပေးကြပါ၊ အဲ့ဒီမှာလည်း လိုတာတွေ ရှိတတ်ပါတယ်။ လိုတာမြင်ရင် တတ်နိုင်သူတွေက ဝိုင်းကူကြပါ။ နိုင်ငံက စစ်ဒဏ်ပါ ခံရတော့ ပြန်လည်ထူထောင်ရေးက လူတိုင်းတာဝန်ဖြစ်နေပါပြီ။ လူတိုင်း နိုင်သလောက်လေးတွေ စလုပ်ကြပါတော့။

  • @lapyaesoe4427
    @lapyaesoe4427 4 месяца назад

    အမရေ အမရဲ့ ခရီးသွားလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်...ဒါပေမဲ့ အမ စကားပြောသံက တိုက်ရိုက်ပြောတဲ့အခါ အဆင်မပြေဘူး...သိပ်မကြားရဘူး....edit ပြီး နောက်ခံအသံကတော့့ကောင်းပါတယ်.... တိုက်ရိုက်ပြောတဲ့အခါ အသံကောင်းဖို့ ရင်ထိုး mic လေးတွေ သုံးသင့်ပါတယ်... အကြံပေးတာပါ....

  • @shweyeewin8677
    @shweyeewin8677 4 месяца назад

  • @ZawBhoneHtet-rr6gw
    @ZawBhoneHtet-rr6gw 4 месяца назад

    နီးတယ် ကဝမှာနေတာ

  • @MaMa-f6e5l
    @MaMa-f6e5l 2 месяца назад

    ကိုယ်တွေသွားဖူးတုန်ကလှေစီပြီသွားရတာပျော်ဖို့ကောင်း

  • @sainount4494
    @sainount4494 4 месяца назад

    ကျေးဇူးပါမရောက်တာဆယ်နှစ်ကျော်ခဲ့ပြီမိသားစုတွေလာခဲ့ကြတာလေတကယ်လဲအောင်မြင်ခဲ့ဘူးတယ်❤❤❤

  • @usaw2202
    @usaw2202 4 месяца назад

    အလွန်သွားခြင်တဲ့နေရာပါခုလိုတင်ပေးတာအလွန်ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @aungaung4612
    @aungaung4612 4 месяца назад

    မရောက်ဖူးသေးတဲ့ဘုရားတွေဖူးရလို့ကျေးဇူးတင်ပါတယ်ခရီးစဥ်အားလုံးကိုအမြဲတမ်းဘန်ကောက်ကနေကြည့်ရှုအားပေးနေပါတယ်

  • @SawLay-s6w
    @SawLay-s6w 4 месяца назад

    တံတားတွေကပိုက်ဆံနဲ့ဆောက်ထားတာအခွံခပေးရမှာပါအမြဲအလကားရမှာမတွေးထားကြနဲ့

  • @usaw2202
    @usaw2202 4 месяца назад

    အုန်းနှဲကျေးရွာမှာတချိန်ကလက်ရာအလွန်ကောင်းတဲ့ကုသိနာရုံရှိတယ်လက်စနဲ့၀င်ခဲ့ဖို့ကောင်းတယ်ကျေးဇူးတင်ပါတယ်

    • @insidemyanmarbyymk
      @insidemyanmarbyymk  4 месяца назад

      ဟုတ်ကဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က ရုပ်တုတွေရှိလို့ ရိုက်ကူးပြသတဲ့ Vlog လေးရှိပါတယ် ဟိုးအရှေ့နားလောက်မှာ ရှာကြည့်လို့ရပါတယ်ရှင့်