ဖက်ဒရယ်ဘုံသဘောထားရပ်တည်ချက် ဘယ်လိုရယူကြမလဲ

Поделиться
HTML-код
  • Опубликовано: 4 окт 2024
  • ဖက်ဒရယ်ဘုံသဘောထားရပ်တည်ချက် ဘယ်လိုရယူကြမလဲ
    ~~~
    ■ စစ်ကောင်စီအာဏာသိမ်းတာကို တစ်နိုင်ငံလုံး ဆန့်ကျင်တော်လှန်နေတာ သုံးနှစ်ဆိုတဲ့ အချိန်ကို ရောက်ရှိလာပါပြီ။ ဒီအချိန်အတွင်းမှာ အဖွဲ့အစည်းအသီးသီးအနေနဲ့ ခိုင်မာတဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်တစ်ရပ် ရှိထားဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ အခုနှစ်ဆန်းပိုင်းက K2C လို့ လူသိများတဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးနဲ့ NUG တို့က ဘုံသဘောထား ရပ်တည်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး တခြားအဖွဲ့အစည်းတွေနဲ့ပါ သဘောတူညီချက်ရဖို့ဆက်ပြီး ကြိုးပမ်းနေတဲ့အကြောင်း ဒီတစ်ပတ်စကား၀ိုင်းမှာ ဆွေးနွေးကြမှာပါ။
    ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ - ပအို၀်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒေါ်နှင်းနှင်းမွှေးနဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ဦးမိုဃ်းသွေးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စီစဉ်တင်ဆက်ထားပါတယ်။
    ____________
    Subscribe ▶ bit.ly/2ajgBxf
    မိုဘိုင်းအက်ပ် ▶ smarturl.it/RF...
    ဝဘ်ဆိုက် ▶ www.rfa.org/bu...
    ဖေ့စ်ဘွတ်ခ် ▶ / rfaburmese
    တွစ်တာ ▶ / rfaburmese
    အင်စတာဂရမ် ▶ / rfaburmese
    တယ်လီဂရမ် ▶t.me/rfaburmes...
    (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)

Комментарии • 65

  • @UWyne-f2z
    @UWyne-f2z 4 месяца назад +10

    ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး အများအကျိုးကိုပျက်စီးအောင် လုပ်နေသမျှကာလပတ်လုံး အလုံးစုံပျက်စီးကြပြီး မငြိမ်းမချမ်းဖြစ်နေကြဦးမည်သာ။

  • @brangmai5059
    @brangmai5059 4 месяца назад +4

    စစ်ဘောမများရဲ့စသ်တပ်မရှိလို့မဖြစ်ဘူးဆိုတာကို ဖက်ဒရယ်တပ်မတော်စစ်တပ်နဲ့အစားထိုးရမယ် အရင်ပင်လုံစာချုပ်မချုပ်ခင်က မြန်မာနိင်ငံစစ်တပ်5ခုရှိခဲ့တယ် ဗမာရခိုင်ကရင်မွန်လူမျိုး4မျိုးပေါင်းထားတဲ့ပြည်မစစ်တပ် ကချင်စစ်တပ်ကယားစစ်တပ်ချင်းစစ်တပ်ရှမ်းစစ်တပ်ဆိုပြီးရှိခဲ့တယ်နေ မြေကိုယ်စီလဲးရှိပြီးသားပါ နောက်ဂေါ်ရခါးစစ်တပ်တောင်ရှိသေးတယ် ပင်လုံစာချုပ်ချုပ်ပြီးလွတ်လပ်ရေးအတူယူချိန်ဒီစစ်တပ်ကကိုယ်ဒေသ ကိုကာကွယ်ပြီးပြည်ထော၈်စုစစ်တပ်အသွင်ရှိခဲ့တာကိုသိသင့်ပါတယ်

  • @tintinwin3427
    @tintinwin3427 3 месяца назад +1

    ဘုံသဘောတူညီချက်။ အကြောင်ရာကိုသိချင်တာ။

  • @harryla2800
    @harryla2800 25 дней назад

    All friend are cleverly speakier.Very nice.

  • @SwesweLwin-e5b
    @SwesweLwin-e5b 4 месяца назад

    ဆွေးနွေးမှုတွေ အရမ်းကောင်းပါတယ်။ လေးစားကျေးဇူးတင်ပါတယ်။

  • @DawKhinHla-t1z
    @DawKhinHla-t1z 4 месяца назад

    အာဏာကိုလုံးဝစကစနဲ့မပတ်သက်တော့ပါ။အမျိုးသားနိုင်ငံသစ်ထူထောင်မယ်တိုင်းရင်းသားလက်နက်ကိုင်ညီကိုများနဲ့ဆွေးနွေးရပါမယ်တိုင်ပင်ရပါမယ်ဘုံသဘောတူရယူရမယ်။စကစအားလုံးလက်နက်ချရပါမယ်။

  • @BoBo-j6w
    @BoBo-j6w 4 месяца назад +1

    စစ်ကောင်စီဘက်ကို လုံးဝ မျှော်လင့်ချက်မထားဘာနဲ့ စစ်တပ်က သူတို့တရားမဝင်အာဏာသိမ်းထားပြီးသက်တန်းရှေအောင် ကြိုးစားနေတာဘာ တိုင်းပြည်တခုလုံးဖျက်စီးသွားမှာဘာ တော်လှန်ပြည်သူတွေက နိုင်အောင်တိုက်မှရမှာဘာ စစ်ချုံးစာချုပ်ရမှ တော်လှန်ရေးပန်းတိုင်းရောက်မှာဘာ

  • @UmphangMobile-b1z
    @UmphangMobile-b1z 4 месяца назад +7

    သွေးကျွေးမှာဆွေးနွေးစယာမရှိဘူးဆိုတာစစ်တတ်ကစစ်တတ်အလုတ်မလုတ်ဘဲနေယာတကာပုလေယာငပိချက်ဖြစ်ပြည်သူတွေကိုရန်သူလိုထားလို့ပြည်သူကစစ်မိတ်ဆာတတ်ကိုလုန်းဝပြည်သူကာကွယ်ရေးစစ်တတ်မဟုတ်ပါဘူးအကြမ်းဖက်သူပုန်စစ်ခွေးတတ်ပါ

  • @UWyne-f2z
    @UWyne-f2z 4 месяца назад +1

    ဘယ်အရာပဲလုပ်ကြပါစေ သဘောတူညီချက်ရယူပြီး လိုအပ်ချက်ကို တည်ဆောက်ယူသင့်တာပါ။

  • @nawlewis374
    @nawlewis374 4 месяца назад

    Thanks

  • @phaymana-hx5ik
    @phaymana-hx5ik 4 месяца назад +1

    သေချာတာတစ်ခုကဆော့ ရှေ့ရောက်နေသူတွေက နောက်ကလူတွေကို ဆွဲခေါ်ချင်တဲ့ စိတ်မရှိသေးသရွေ့တော့ ဘယ်သောအခုမှ ဖက်ဒရယ် မဖြစ်နိင်ကြောင်း

  • @စိုးမိုးနိုင်
    @စိုးမိုးနိုင် 4 месяца назад

    ဆရာမ ပြောတဲ့ယုံကြည်မှုကိုအထွဋ်အထိပ်ထားပြီး အဖက်တိုင်းက မကြိုက်တာ မလိုအပ်တာ မကျေနပ်တာတွေကို ပွင့်လင်းမြင်သာစွာဖွင့်ချတင်ပြကြမှ မိမိတို့နှစ်သက် မိမိတို့ကိုက်ညီ တဲ့ နှစ်သက်တဲ့ ပုံစံကောင်းတွေရမှာပါ တစ်ဦးတစ်စု တစ်မျိုးသားထဲအတွက် ကိုတော့ ဘယ်တော့မှရမည်မဟုတ်ပါ

  • @AyeThin-c9v
    @AyeThin-c9v 4 месяца назад

    မဂ်လာပါ RFA မျှဝေတာကျေးဇူးအများကြီးတင်ပါတယ် 👋👋💙💙အန်ကယ်တင် ကိုမိုးသွေး ဆရာခွန်းမြင့်ထွန်း မမမနှင်းမွှေးရေ ကျေးဇူးအများကြီးတင်ပါတယ် 👋👋👋⭐⭐⭐🌹🌹🌹

  • @thidartinkoko1625
    @thidartinkoko1625 4 месяца назад

    မဂ်လာပါ..RFA ရေ...

  • @streamflowers1556
    @streamflowers1556 4 месяца назад

    ပြစ်မှုကျူးလွန်သူတွေပြစ်ဒဏ်ပြန်ခံရဖို့နဲ့သူတို့ဖျက်ဆီးခဲ့သည့်ပြည်သူ့အိုးအိမ်စိမ်စည်တွေ၊အ သက်တွေအတွက်သူတို့အပိုင်ခိုး
    လဘ်စားခဲ့တဲ့ငွေနဲ့ပြန်လျှော်ကို
    လျှော်ပေးရမှာဖြစ်။ RFAရိုဟင်ဂျာသတင်းဌာနတော့မလုပ်နဲ့နော်

  • @harryla2800
    @harryla2800 25 дней назад

    💪👍💪👍💪👍❤️❤️❤️💪👍💪👍💪👍🙆🙋 very good discussion for the people,

  • @AyemyaCho-io8dk
    @AyemyaCho-io8dk 4 месяца назад +1

    ဆရာမ k3c ပါ
    ကရင်။ကရင်နီ။ကချင်။ချင်းပါ

    • @mgmg-f9g4z
      @mgmg-f9g4z 4 месяца назад

      ဖက်ဒရွယ်ဒီမိုကရေစီတည်ဆောက်တဲ့အခါမှာသတိပြုရမှာက-ဘေးမှာရှိတဲ့အာနာရှင်နိုင်ငံရဲ့သွေးထိုးဖျက်စီး-မတည်ညိမ်တာကိုဘဲလိုချင်ဖြစ်စေချင်တဲ့နိုင်ငံတွေကိုသတိထားကြဖို့အရေးကြီးပါတယ်ဘယ်တုန်းကမှမကောင်းခဲ့တဲ့မကောင်းဆိုးဝါးဂုတ်သွေးစုတ်အာနာရှင်နိုင်ငံ

  • @soamwun
    @soamwun 4 месяца назад +2

    စောက်ရူး တွေ၏ စကားဝိုင်း

  • @Uchitswe
    @Uchitswe 4 месяца назад

    မင်ဂလာပါ RFA

  • @ZawWin-p2n
    @ZawWin-p2n 3 месяца назад +1

    လက်ရှိမြန်မာနိုင်ငံ အခြေအနေက ပြည်နယ်နဲ့တိုင်းတွေ နယ်မြေတွေ ကိုယ်စီသိမ်းပိုက်စိုးမိုးလာကြပြီး အုပ်ချုပ်ရေးကို တပြိုင်တည်းထူထောင်လာကြတာတွေ့ရတယ်၊ ဝ ၊မိုင်းလား၊တအောင်း၊ကိုးကန့်တွေက အုပ်ချုပ်ရေးထူထောင်နေပြီ၊နောက်ထပ် ရခိုင်၊ကချင်၊ကရင်၊ကယား၊ချင်း တွေကလဲ ကိုယ်စီအုပ်ချုပ်ေရးထူထောင်လာကြတယ်၊တိုင်းဒေသကြီးတွေဖြစ်တဲ့စစ်ကိုင်း၊မကွေး၊တနင်္သာရီကလဲ နယ်မြေတွေသိမ်းယူထားပုံရတယ်၊မန္တလေး၊နေပြည်တော်၊ပဲခူး၊ဧရာဝတီ၊မွန်ပြည်နယ်လောက်ဘဲကျန်တယ်၊လက်ရှိမြေပြင်အခြေအနေက အဲဒီလိုဖြစ်နေတယ်၊ပြည်ထောင်စုအမည်ခံဘဲ ရှိတယ်၊သူ့အုပ်ချုပ်ရေးနဲ့သူ ဖြစ်နေကြတယ်၊
    သီးခြားနိုင်ငံတွေမဖြစ်ရုံလေးဘဲ ဆယ်နှစ်၊ဆယ်ငါးနှစ်စသည်ဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုယ်စီဖြင့် ဝနဲ့မိုင်းလားတို့လို အထိုင်ကျအောင် အုပ်ချုပ်နေကြပြီးမှ ကုန်းတွင်းပိတ်နယ်မြေတွေဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့နယ်မြေနဲ့ အရင်ဆုံးပူးပေါင်းပြီး ပြည်နယ်ဖွဲ့စည်းပုံတွေကို မထိစေဘဲ ပြည်ထောင်စုဖွဲ့စည်းပုံကို ရေးဆွဲပြီး ဖက်ဒရေပြည်ထောင်စု လုပ်လာကြလိမ့်မယ်ထင်တယ်၊အခုအချိန်မှာ ဖက်ဒရေလို့ ပြောနေကြပေမယ့် လက်တွေ့မြေပြင်အရ မဖြစ်နိုင်သေးဘူးလို့ထင်တယ်ဖက်ဒရေဖြစ်ဖို့ဆိုရင် ပြည်နယ်တွေတစ်ခုချင်းစီဟာ အုပ်မြစ်ခိုင်မာဖို့လိုမယ်၊တက္ကဆက်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ၂၈ ခုမြောက် ပြည်နယ်ဖြစ်လာတယ်၊ဖက်ဒရေနိုင်ငံ အဆင့်ထိသွားမယ်ဆိုရင် ဖွဲ့စည်းပုံခိုင်မာပြီး အဲဒီဖွဲ့စည်းပုံနဲ့အထိုင်ကျတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ဖို့ လိုအပ်လိမ့်မယ်ထင်တယ်

  • @UMaungOo-ys1zu
    @UMaungOo-ys1zu 4 месяца назад

    ရှင်ကြီး က ကျားထက်မဆိုးပါနဲ့ ပြည်သူတွေ အလုပ်အကိုင်ပေါများမှု့ လုံချုံမှု မချမ်းသာတာတောင် ဝမ်းရေးအတွက်ချောမွေ့စွာဖြေရှင်နိုင်မှု့အတွက် မာန်တွေ မာန တွေ အတ္တတွေ ခဝါချပြီး သဘောထားကြီး သမာသမတ် ကျ လူကြီးပိုင်းကဆောင်ရွက်ဖို့လိုပါတယ်

  • @ShweMon-c9x
    @ShweMon-c9x 28 дней назад

    ❤❤❤

  • @theintwanaung7938
    @theintwanaung7938 4 месяца назад

    ကိုမိုဃ်သွေး ❤

  • @aunglayaungzaynilmyat5238
    @aunglayaungzaynilmyat5238 4 месяца назад

    ❤❤❤🎉🎉🎉

  • @WaiWai-v7q
    @WaiWai-v7q 4 месяца назад

    မဂ်လာပါ ရင်

  • @LazyMen-lh2gh
    @LazyMen-lh2gh 4 месяца назад

    အားအနည်းဆုံးဖြစ်နေတဲ့ အပိုင်း
    သူတို့တာ၀န်မကျေသေးဘူး
    အဲ့ကိစ္စကို အခုအထိ ရေကြည်ထဲကလရိပ်လေး😂

  • @ZTuHkawng
    @ZTuHkawng 4 месяца назад

    တိုင်းရင်းသားလို့ သတ်မှတ်ခံရသောသူတွေအနေနဲ့ ကိုယ်လိုချင်တဲ့ဘာစနစ်ဘဲဖြစ်ဖြစ် ၊ ကိုယ်တိုင် လုပ်ယူ တိုက်ယူရမှာကို ၊ တောင်းဖို့ ၊ ဆွေးနွေးငြိနှိုင်းဖို့ ၊အတူတကွအားလုံးကျိုးစားမှဖြစ်မယ်လို့
    ဒီအမြင် ဒီသဘောထား ရှိနေသေးသ၍
    ဘယ်တော့မှ လွတ်မြှောက်မှာ မဟုတ်တော့ပါဘူး။

  • @ayemoe4375
    @ayemoe4375 4 месяца назад

    ပြောနေတာလဲဒါဘဲ
    ဒီ့ထက်မပိုတော့ဘူး

  • @MuhammadAlang-sb4zy
    @MuhammadAlang-sb4zy 4 месяца назад

    အဲဒီဆွေးနွေးပွဲမှာငါတို့ရို‌ေဟင်ဂျာတွေကိုကော်ခွင့်မရှိဘူးလား

  • @myooo8901
    @myooo8901 4 месяца назад

    ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ် ၁နဲ့၂ ကို ဘယ်သူမှထည့်မပြောကြတာကိုက ဘုံသဘောတူချက်ဆိုတာဘာလဲဆိုတာကိုသူတို့ချာလည်လည်နေတုန်းဖြစ်တာသေချာတယ် ၊ဘုံသဘောတူညီချက်အကြမ်းဖျဉ်းရထားတာလောက်တောင်မသိကြသူတွေ ၊ဘုံရန်သူနဲ့ဘုံသဘောတူညီချက်ဆိုတာမကွဲပြားကြနေကြတယ် ။

  • @SawNyeinAung-qc3ib
    @SawNyeinAung-qc3ib 4 месяца назад

    အရုံးကိုသတိ အနိုင်ကိုသတိ အလှော့ပေးတဲ့စိတ်မွေးနိုင်ပီး ကိုယ့်ကျိုးအတွက်မတွေးရင်တယ်

  • @DawKhinHla-t1z
    @DawKhinHla-t1z 4 месяца назад

    ကိုယ်ကျိုးအပ်တမပါကြပါနဲ့တော့သေရင်ကိုယ်နောက်ကိုပါလာမှာမဟုတ်လို့ဝေပါမျှပါချစ်ပါခင်ပါကြင်နာပါအဲးဒါဆိုအေးချမ်းသာယာမဲ့မြန်မာပြည်အမြန်တိုက်ကြမှာပါကျေးဇူးတင်ပါတယ်။ပြုံးပျော်ရွှင်လမ်းမဲ့အချိန်နီးကပ်လာပါပြီညီညွတ်ကြပါသတိလည်မလွတ်ရအောင်ကြိုးစားကြစေချင်ပါသည်မြန်မာပြည်။

  • @zaw1228
    @zaw1228 4 месяца назад

    ဖက်ဒရယ်ပြည်ထောင်စုမှာ လက်ဝါးကြီးအုပ်စီးပွားရေး မရှိဘို့ အလွန်အရေးကြီးပါတယ် ကာကွယ်နိုင်ရန် ဥပဒေထုတ်ထားကြပါ။

  • @OozawGiy-ij4cv
    @OozawGiy-ij4cv 4 месяца назад

    ဘားမှာ ဆွေးနွေးစရာမလိုပါ ခွေးသွေးမှန်သမျှ အမြစ်ဖျက်နိုင်ဖို့သာလိုပါတယ် ‌

  • @DawKhinHla-t1z
    @DawKhinHla-t1z 4 месяца назад

    စကစမပါတဲ့ဆွေးနွေးပွဲးတွေကတော့အစဉ်အမြဲးလုပ်ရပါမယ်။

  • @SaiMaungNyunt-qt3mf
    @SaiMaungNyunt-qt3mf 4 месяца назад

    တော်လှန်ရေးပြီးသွားပြီလား။နေပြည်တော်အထိတက်သိမ်းဘို့ဘယ်အဖဲွ့တာ၀န်ထားမလဲ။
    ။ စကစတဖဲွ့လည်းကလည်းဟုတ်ပါပြီ ရှုးံပါပြီလက်မြှောက်ပါပြီလက်နက်ချပါပြီအညံ့ခံလက်မှတ်ထိုးပေးပါပြီဆိုပြီးနိင်ငံတကာရှေ့မှာသက်သေအဖြစ်ထားပြီးနှုတ်ထွက်သွားသည့်နောက်ရှေ့ဆက်အဖွဲ့အားလုးံတိုင်းရင်းသားအားလုးံညီညွတ်မျှတမှုရှိအောင်ကြိုတင်စီစဥ်ပြီးကြပြီလား။

  • @DawKhinHla-t1z
    @DawKhinHla-t1z 4 месяца назад

    မအလကိုတောင်ဖြုတ်နိင်ရင်နောက်ဖြစ်လာမဲ့ဘဘုံသဘေားတူဖို့ဆိုတာသိတ်ပြီးပူစရာမလိုပါ၊ကြိုးစားရမှာကတော့ကြိုးစားရမှာပါ။အခုလက်တွဲးမိနေတာကိုကပထမအောင်မြင်ခြင်းပါကျန်တဲ့အချက်တွေကတော့နားလည်မှု့တွေလည်းပေရမှာပေး။ဒါပေမဲ့မအလလိုလူတယောက်မှမရိတော့တာကြောင့်အခက်ခဲးကရှိတော့ရှိမယ်ဒါပေမဲ့အောင်မြင်ဖို့ကပန်းတိုင်။

  • @نورالامين-ف6م
    @نورالامين-ف6م 4 месяца назад

    လူနည်စူကိုသတ်ဖြတ်ပါ အိစ္စ်လာမ်ဘာသာကိုသတ်ဖြတ်ပါ မဟာလူမျိုကြီးဝါဒသုံးပါ

    • @BoBo-j6w
      @BoBo-j6w 4 месяца назад +1

      အကိုကလူလား တိရိတ်ဆန်လာ လူ့အသိညဏ်လေး ခေါင်းထဲ နဲနဲထဲ့ပေးထားဘာနော် အကို

  • @نورالامين-ف6م
    @نورالامين-ف6م 4 месяца назад

    အ​နောက်ဖက်တံခါမှ ရခိုင်အမျိုးသာ​ရေဝါဒ အမှန်တရာမရှိ လူမူ​ရေမရှိ ဖိနိပ်ခံလူမျိုး

  • @Zotung760
    @Zotung760 4 месяца назад

    ❤🎉

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 4 месяца назад

    ဒါခေါင်း‌ောင်မူ့ကိုဆွေးနွေးနိုင်ရေးအတွက်ဖန်းဆိးခံများများခေါင်းဆောင်နိုင်ရေးအဖွဲ့အစိးနျားလွတ်ပေးဘို့တစိုက်မတ်မတ်တောင်းဆိုနေတာကတော့ယနေ့ထိတိုင်ပါဘဲညှိနိုင်းဆောင်ရွက်နိုင်ရေးမူဘောင်ဖွင့်လစ်ဖို့လိုနေတယ်လို့မြင်မိပါတယ်

  • @WaiWai-v7q
    @WaiWai-v7q 4 месяца назад

    အောက်ခြေပြည်သူကတောကုန်ပြီ မအလ မီးရှို သတ် ခိုး လုပြီ ပြည်သူမှာတာ့ ကုန်ဈေးနှုန်းတတ် ငတ်ပြတ်သေကုန်ပြီ

  • @စိုးမိုးနိုင်
    @စိုးမိုးနိုင် 4 месяца назад

    လူကြီးတို့ ဆွေနေတာ အရမ်းကို နိုင်ငံအတွက်အကျိုးများပါတယ် ၊
    ပြောလိုတာလေး တင်ပြလိုပါတယ် ၊ ဗမာ (မြန်မာ) လူမျိးတွေပဲ အကျိုးထူးခံစားနေတယ်လို့ တိုင်ရင်းသားတွေထင်မြင်နေတာကို မှားနေတယ်လို့ ပြောလိုပါတယ်၊တကယ်က စစ်အုပ်စုမိသားစုပဲ စံစားကြီးပွားနေတာ မြင်သာအောင်တိုင်းရင်းသား လူမျိုးအားလုံးအသိတခုပေးနိုင်အောင်သိသွားအောင်၊
    လူမျိုးစုအားလုံးသိစေချင်ပါတယ်ခင်မျ၊။

  • @UWyne-f2z
    @UWyne-f2z 4 месяца назад

    လူမျိုးတစ်မျိုးချင်းစီ ဘုံသဘောတူညီနိုင်ပါမှ တ်ုင်းရင်းသားအားလုံးရဲ့ ဘုံသဘောတူညီမှုရနိုင်ပါလိမ့်မယ်။

  • @GgameS-y2j
    @GgameS-y2j 4 месяца назад

    တိုင်းရင်းသား ယောက်ျား တွေက မိန်းမ မှီခိုစားတာ မင်းမသိဘူးလား စစ်တိုက်ဖို့ လက်နက်ကိုင်တာမဟုတ်ဘူး တရက် အလုပ်မလုပ်ဘဲ ထမင်းစားရဖို့ လက်နက်ကိုင်ကြည့်တာ သဘောမပေါက်ရင် ရှမ်းပြည် မြို့တွေ တိုင်းရင်းသားသူဌေးမရှိဘူး တရုတ်သူဌေး ကုလားသူဌေးဘဲရှိတာကို ကြည့်လိုက်ရင် တိုင်းရင်းသား အလုပ်လား မလုပ်လား သိပါတယ် ဟုတ်မဟုတ် မြို့တိုင်း လေ့လာကြည့်လိုက်

  • @myooo8901
    @myooo8901 4 месяца назад

    ယောင်ဝါးဝါး မိုးသွေး ။

  • @AungAung-p5s1r
    @AungAung-p5s1r 4 месяца назад

    စစ်တပ်တခုလုံးကျုးလွန်ထားတာ

  • @ShweMon-c9x
    @ShweMon-c9x 28 дней назад

    ??? 13:31

  • @ayepo3340
    @ayepo3340 4 месяца назад

    မိုးသွေး မင်းပြောသလိုဆို အာဏာရှင်မပြုတ်ပဲတိုင်ပတ်နေရတော့မှာလား
    အရင်အလုပ်အရင်မလုပ်ပဲ ဝေဝါးသွားအောင်ပြောနေတာလား

  • @kyawcreation8033
    @kyawcreation8033 4 месяца назад

    ဆွေးနွေးတဲ့ ခေါင်းစဉ်က “ဖက်ဒရယ်ဘုံသဘောထားရပ်တည်ချက် ဘယ်လိုရယူကြမလဲ“။ ဒါပေမယ့် ဘာမှ အဖြေ မထွက်ပါ။ resolution မရပါ။

  • @dawayepu-ox2im
    @dawayepu-ox2im 4 месяца назад

    ၅၈၅၀၆၁၅၆၀၂၅၆၀၀၇၅၁၀၅၆၆၅၁၅၇၀၅၁၆၅၅၅၅၆၅၅၀၆၅၅၆၆၅၆၆၀၆၆၆၃၁၂၀၁၇၂၀၇၅၅၀၁၀၅၅္တ၆၀၅၅၀၆န္တှီ လပ့ပ့ ပလ့

  • @brangmai5059
    @brangmai5059 4 месяца назад

    လက်နက်ချသွားတဲ့စကစနဲ့ကဆွေးနွေးစရာမလိုတော့ပါ ဆွေးနွေးရမဲ့သူများ စစ်နိင်သူများအဖွဲ့ဘဲနိင်ငံကိုဘယ်လိုတည်ဆောက်မယ်ဆွေးနွေးရမှာပါ စကစနဲ့ဆွေးနွေးစရညမလိုတော့ပါ သူတို့ကိုတော့အပြစ်ရှိသူများကိုအရေးယူရမှာပါ

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 4 месяца назад

    ခေါင်းတွဲပျောက်ဆုံးနေသရ်ျတည်ဆောက်ရေးနှောင့်နှေးနေကြအုံးမှာဖြစ်ပြိးရပ်တည်မူ့မတည်ငြိမ်မူ့ကတူညိဆန်ဖဒကြိုတင်ညှိနိုင်းဖေါ်ခေါင်နိုင်ဖို့ကမအလစစ်တပ်ကခုတုံးဖြစ်နေတာဖြစ်လိုရှေ့တိုးမရဖြစ်နေတယ်လို့မြင်မိပါတယ်

  • @ChitHtoo-im6bp
    @ChitHtoo-im6bp 4 месяца назад

    ပြည့်သူဆန္ဒကိုအလေထားတဲ့အစစ်မှန်ပြီးရိုးသားတယ်ဆိုတဲ့အဖွဲ့တိုင်းဆွေးနွေးလို့မရစရာအကြောင်းမရှိဘူး
    ပြည်သူသာမိပြည်သူသာအဖဖြစ်ဖို့လို့တာပေါ့

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 4 месяца назад

    မတူညိကွဲပြားမူ့ကြောင့်ကွဲပြားခြားနားမူ့ကြားမှာတည်ဆောက်မူ့များကပျက်ပြားနိုင်တဲ့အတွက်ခေါင်းဆောငိမူ့အတည်တကြထားရှိနနုင်ရေးကအဓိကကြတဲ့နောက်ဆက်ဆတွဲရထားတွဲများချိတ်ဆက်နိုင်ရေးကနှေးကွေးနေခြင်းဖြစ်တယ်လို့မြင်မိပါတယ်

  • @MuhammadAlang-sb4zy
    @MuhammadAlang-sb4zy 4 месяца назад

    အဲ့လိုမျိုးဆွေးနွေးလုပ်တယ်နေရာတွေမှာငါတို့ရိုဟင်ဂျာတွေကိုတခါမှပိတ်ခေါ်တာမရှိဘူးနော်

  • @dxarkyaw5557
    @dxarkyaw5557 4 месяца назад

    ပြည်သူဘက်ရပ်တည်သော်တိုင်းရင်းသားလက်နက်ကိုင်သူရဲကောင်းတို့ဘေးကင်းကြပါစေ❤❤❤❤❤❤

  • @UAikAung-vl2lq
    @UAikAung-vl2lq 4 месяца назад

    အာဏာရှင်ဆိုတဲ့ဟာအဖွဲ့တိုင်းမှာကျန်နေအုံးမှာဘဲ

  • @wintin686
    @wintin686 4 месяца назад

    ဒါကတော့စစ်မရောက်မျှားကုန်နေသလိုဖြစ်နေတယ်