မန်မာနိုင်ငံက လူတွေစာမဖတ်ဘူးလားဆိုတဲ့မေးခွန်းကို ချေဖျက်ခဲ့တဲ့ Big Bad Wolfစာအုပ် အရောင်း
HTML-код
- Опубликовано: 15 сен 2024
- မြန်မာနိုင်ငံက လူတွေစာမဖတ်ဘူးလားဆိုတဲ့မေးခွန်းကို ချေဖျက်ခဲ့တဲ့ Big Bad Wolfစာအုပ် အရောင်းပွဲတော်(ရုပ်သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၎
Big Bad Wolfစာအုပ်အရောင်းပွဲတော်ကိုလာရောက်ဝယ်ယူတဲ့ စာဖတ်ပရိသတ်အရေအတွက်ဟာ မြန်မာနိုင်ငံမှာ လူတွေ စာမဖတ်ဘူးလားဆိုတဲ့မေးခွန်းကို ချေဖျက်ပြသွားခဲ့တယ်လို့ Big Bad Wolfစာအုပ်အရောင်းပွဲတော် စီစဉ်သူ ဦးမျိုးအောင်ကပြောပါတယ်။
သူရောင်းချခဲ့ဖူးတဲ့ စာအုပ်ပွဲတွေအနက် အခု Big Bad Wolf စာအုပ်အရောင်းပွဲတော်က စာအုပ်ရာင်းချလို့ရတဲ့ပိုက်ဆံပမာဏမျိုးကို အခုတစ်ခါပဲတွေ့ဖူးသေးတယ်လို့လဲ Big Bad Wolfစာအုပ်အရောင်းပွဲတော် စီစဉ်သူ ဦးမျိုးအောင်ကပြောပါသေးတယ်။
Big Bad Wolfစာအုပ်အရောင်းပွဲတော်မှာ စာအုပ်အရေအတွက်တစ်သန်းကျော်ပြသခဲ့ပြီး တစ်ဝက်ကျော်ရောင်းချခဲ့ရတယ်လို့ သူကဆိုပါတယ်။
စာအုပ်အစုံအလင်ကို ဈေးပေါပေါနဲ့ အမျိုးအစားစုံလင်စွာရရှိဖို့နဲ့ နိုင်ငံခြားစာအုပ်တွေအပြင် နောက်ပွဲတွေမှာ မြန်မာစာအုပ်တွေကိုပါ ထည့်သွင်းရောင်းချသွားဖို့ကိုလဲ စီစဉ်နေတယ်လို့ သူကပြောပါတယ်။
သီဟ
ရိုက်ကူး - အောင်နိုင်စိုး(ကစ္ဆပ)