ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ [အပိုင်း - ၅] | Up To the Top of Phong Kan Razi Glacier [Episode - 5]

Поделиться
HTML-код
  • Опубликовано: 17 окт 2024
  • ဖုန်ကန်ရာဇီ ရေခဲတောင် ဟာ ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့အနီးမှာ တည်ရှိတဲ့ အမြင့်ပေ ၁၁၉၀၀ ကျော်ရှိတဲ့ တောင်ဖြစ်ပါတယ်။ ရေခဲတောင်တွေပေါများရာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် အတွင်းက ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ နွေလယ်ကာလ ကြိုးစားတက်ခဲ့ပေမဲ့ မုန်တိုင်းမိုးနဲ့ ကြုံခဲ့ရတာမို့ တမူကွဲပြားတဲ့ တောင်တက်အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ ဖုန်ကန်ရေခဲတောင်ထိပ်ကို ရာသီဥတုအခြေအနေကြောင့် တော်တော်များများ မရောက်ဖြစ်ကြချိန် ဘုရား မစ လို့ ကျွန်တော်တို့ ၃ ယောက် က တောင်ထိပ်ကို ရာသီဥတုသာယာချိန်ခဏ ရောက်ခဲ့ရပါတယ်။ အပြန်ခရီးဟာ တောင်ဆင်းမို့ မြန်မယ်ထင်ပေမဲ့ အတော်ခက်ခဲပါသေးတယ်။ မိုးများလို့ပါ။ ၃ ည အိပ်ရမဲ့အစား ၂ ည တည်းနဲ့ တောင်ခြေရွာကို ပြန်ဆင်းခဲ့ကြပါတယ်။ ဒီအဆင်းခရီးမှာ ကြုံရသမျှကို အတူလိုက်ပါခံစားနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ်ဗျ...
    ဖုန်ကန်ရေခဲတောင် တက်ဖို့ စိတ်ဝင်စားသူတွေ၊ တောင်တက်ခရီးအကြောင်း လေ့လာလိုသူတွေအတွက် ကျွန်တော်ကိုယ်တိုင် ဖုန်ကန်တောင်တက်ရင်း ကြုံခဲ့သမျှကို အရှိအတိုင်း ရိုက်ကူးထားတဲ့ ဖုန်ကန်ခရီးစဉ်ကို တင်ဆက်လိုက်ပါတယ်။ တောင်တက်ခရီးစဉ်ဟာ ရက်ရှည်တဲ့အတွက် တစ်ပိုင်းတည်း တင်ဆက်ဖို့ ခက်ခဲတာမို့ Series အနေ အပိုင်းလိုက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ခရီးစဉ်အတွက် လိုအပ်တာတွေကို ဒီဗီဒီယိုတွေကြည့်ရင်း ခန့်မှန်းတွက်ဆနိုင်မယ်လို့ ယုံကြည်ပါတယ်။
    အခု အပိုင်း (၅) မှာတော့ အထက်ရေခဲစပ် စခန်း ကနေ တောင်ခြေရွာ ဇီယာဒမ်း အထိ အဆင်းခရီး သွားလာခဲ့တဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်ခင်ဗျာ။
    အားလုံးပဲ အမြဲ ဘေးကင်း ကျန်းမာ ရွှင်လန်းကြပါစေ...
    သီဟလုလင် (Thiha, the Traveller)

Комментарии • 104

  • @user5zctx9r
    @user5zctx9r 10 месяцев назад +2

    အစကနေ နောက်ဆုံးပိုင်းထိ လိုက်ကြည့်ရင်း ကိုယ်တိုင်ပါ တက်နေရသလို ခံစားရပါတယ်။ တောင်ထိပ်ထိရောက်ရှိခဲ့တဲ့အတွက် အဖွဲ့သားအားလုံးကို Congratulations ပါ။ Much appreciate for all of your effort and nice sharing, brother.👋👋👋

  • @zarniaungtoe38
    @zarniaungtoe38 Месяц назад

    တင်ဆက်ပေးတာအရမ်းကျေးဇူးတင်ပါတယ်
    အားပေးနေပါတယ်

  • @blairandhertraits
    @blairandhertraits Год назад +4

    ​ကျေးဇူးတင်ပါတယ် ပန်း​ရောင်​တောင်ဇလပ်ပန်း​တွေလည်းလှချက် ခရီးစဥ်တ​လျှောက်လိုက်ပို့ဝန်​ဆောင်​ပေးတဲ့ ​ဒေသခံတိုင်းရင်းသား​တွေကလည်း ​တော်လိုက်တာ ၅ပိုင်းစလုံးကြည့်လို့ ​ကောင်းပါတယ် အများကြီးသိခွင့်ရပါတယ်

    • @ThihaLuLin
      @ThihaLuLin  Год назад +1

      ခရီးစဉ် ၅ ပိုင်းလုံး သေချာအားပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဗျား 😊

  • @theinlwin2959
    @theinlwin2959 2 года назад +7

    ဆိုင်ကယ်သွားတဲ့လမ်းသစ်ဖေါက်ထားတာခရီးသွားတွေအဆင်‌ပြေသွားပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဒီလမ်းတွေကိုအသုံးပြုပြီး အဲ့ဘက်ကသစ်သံယာဇာတာတွေထုတ်ယူတော့မှာကိုတော့စိတ်မကောင်းဖြစ်မိတယ်ဗျာ။

    • @ThihaLuLin
      @ThihaLuLin  2 года назад +2

      အဟုတ်ပါပဲ

  • @koyewin51
    @koyewin51 2 года назад +7

    Real travel blog ကြည့်ခွင့်ရသည့်အတွက်နှင့် တချိန်တခါက ထိုဒေသဝန်းကျင်တွင် အမှုထမ်းဘဝက အငွေ့အသက်များပြန်လည်ခံစားလွမ်းမောခွင့်ရရှိသည့်အတွက်ပါ ခရီးသွားဆောင်းပါးရှင်အား အထူးကျေးဇူးတင်ပါသည် - ရေရိုင်းမြေရိုင်းနှင့်ကြမ်းတမ်းသည့်ရာသီဥတုကိုကြံခိုင်စွာ ရင်ဆိုင်ခဲ့ကြသည့် မိန်းကလေးတို့ကိုလည်း ချီးကျူးပါသည် -
    ရာသီဥတုကြောင့် ဖုန်ကန်ရာဇီတောင်ထိပ်မှ ပတ်ဝန်းကျင်အလှနှင့်ဓါတ်ပုံများ ရိုက်ခွင့်မရခဲ့ကြသည့်အတွက် စိတ်မကောင်းဖြစ်မိပါသည် - သို့သော်လည်း ခရီးသွားအဖွဲ့ဝင်များ၏ ဇွဲလုံ့လဝိရိယနှင့်သံမဏိစိတ်ဓါတ်ကို မှတ်တမ်းတင်နိုင်ခဲ့ကြသည်ဖြစ်၍ အထူးပင်လေးစားဂုဏ်ယူပါကြောင်း ကမ္ဗည်းတင်အပ်ပါသည် -
    ဆက်လက်အားပေးကြည့်ရှုသွားပါမည်

  • @aungmk4166
    @aungmk4166 2 месяца назад +1

    ရိုက်ထားတာရော အသံရော ကြည့်ရတာ သိပ်ကောင်းတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

  • @MGKHANA2313
    @MGKHANA2313 Год назад +1

    🌿ကိုသီဟ အခုခရီးစဉ်လေးကိုအရမ်းသဘောကျကြည့်မိပါတယ် သွားချင်စိတ်လည်းဖြစ်မိတယ်ဒါကြောင် ရန်ကုန်ကစပြီးဘယ်နှစ်ရက်ကြားသလဲဗျအသွားအပြန် ဘယ်အချိန်သွားရင်အသင့်တော်ဆုံးလည်းဗျ စုစုပေါင်းကုန်ကျစရိပ်ကရော ဘယ်လောက်လောက်ရှိသလဲဗျ မျှဝေပေးစေချင်ပါတယ်♥️

    • @ThihaLuLin
      @ThihaLuLin  Год назад +1

      တစ်ယောက်နဲ့တစ်ယောက် သက်လုံနဲ့ အလေ့အကျင့်ပေါ် မူတည်ပြီး ရက်ကတော့ အနည်းငယ် ကွာနိုင်ပါမယ်။ ပုံမှန်အားဖြင့်တော့ ၇ - ၁၀ ရက် (လေယာဉ်ရှိတဲ့ရက်ပေါ်လည်းမူတည်) အချိန်ပေးကြရပါတယ်။ ကုန်ကျစရိတ်ကတော့ ၈ - ၁၂ သိန်း အတွင်း ရှိတတ်ပါတယ်။
      အသေးစိတ်အချက်အလက်တွေကိုတော့ ဒီနေရလေးမှာ ဖတ်ကြည့်နိုင်ပါတယ်ဗျ။ 💕
      facebook.com/100044599472106/posts/pfbid02S15XuwJ4HJajcSUaZJNtVZPHvpTGsRp3AbDess9tHfViwCkJQbDcNjUdk1YFMVAel/?mibextid=cr9u03

  • @khunnaing4594
    @khunnaing4594 2 года назад +3

    ကျနော်အရမ်းသွားချင်တာ ဘဝမှာရေခဲတောင်တော့ သွားဖူးချင်တယ် အကိုvideo ကြည့်ပြီးတကယ်ရောက်သွားသလိုလည်း ခံစားရတယ်အကို အရမ်းလည်းကျေးဇူးတင်ပါတယ်🥰

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      အဆင်ပြေတဲ့အချိန်လေး ကြိုးစားတက်ကြည့်ပါညီရေ 💪💕

  • @ZarNiTun-qd1jp
    @ZarNiTun-qd1jp 24 дня назад

    ရေခဲတောင်အထိကားလမ်းခင်းပီးရင်နိုင်ငံရေးခဲတောင်ပြည်နယ်တိုးတက်လာမှာအမှန်ပဲကားလမ်းခင်းပီးရင်လားခဲမယ်

  • @tuntunoo4714
    @tuntunoo4714 2 года назад +3

    ကြိုးစားမူရဲ့ရလဒ်ကတော့ ရေခဲတောင်ပေါ်ရောက်သွားတာနဲ့ ဖြစ်ပေါ်လာတဲ့ခံစားချက် အဲလိုခံစားချက်ရဖို့သွားခဲ့ကြတဲ့လူတိုင်းကိုလေးစားသလိုအားကျမိတယ် တော်ရုံသဘာဝအလှတရားကိုမြင်လိုက်ရတဲ့ခံစားချက်ကိုသိနေတဲ့အတွတ်အခုလိုဝေးလှံခေါင်သီတဲ့နေရာက အလှတရားကိုခံစားလိုက်ရတဲ့ခံစားချက်က ပြောပြလို့မရအောင်ကြည်နူးမိမယ်ဆိုတာယုံကြည်တယ် ထပ်ပြီးလည်းသွားနိုင်ပါစေ အစ်ကိုရေ

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      ဒေသက လူငယ်လေးတွေ ခရီးသွားလုပ်ငန်းနဲ့အတူ ပိုပြီး တိုးတက်လာမယ်ဆို ပိုကျေနပ်စရာ ဖြစ်ရပြီ

  • @ayeaye7588
    @ayeaye7588 Год назад +1

    ကျေးဇူးတင်ပါတယ်မောင်လေးရေ👍

    • @ThihaLuLin
      @ThihaLuLin  Год назад +1

      ပျော်ရွှင်ပါစေအစ်မဗျ 😊

  • @sunflowerleo2718
    @sunflowerleo2718 2 года назад +2

    လေးစားပါတယ် အားကျမိတယ်

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ကျေးဇူးတင်ပါတယ်ဗျား

  • @maeieithwe
    @maeieithwe 4 месяца назад

    ကျေးဇူးပါသား‌ရေ။ကျန်းကျန်းမာမာနှဂ့်ခရီးတွေအများကြီးသွာနိုင်ပါစေ။

  • @theinlwin2959
    @theinlwin2959 2 года назад +2

    အောက်ရေခဲစပ် အထက်ရေခဲစပ်တွေမှာ ရေခဲတွေမတွေ့ရတော့ဘူး ရေခဲလည်းအလွန်နည်းတဲ့အချိန်ဖြစ်နေတယ်နော်။တောင်ထိပ်ရောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      ဟုတ်တယ် ရေခဲတွေ မရှိတော့ဘူး ဖြစ်နေတယ်

  • @UChitSanMaung-n3x
    @UChitSanMaung-n3x Месяц назад +1

    မနေ့က ရေခဲတောင်ထိပ်ထိ မထင်မှတ်ပဲ ရောက်သွားတဲ့နေရာက ဘယ်နေရာလေးလည်း ထင်သာအောင်ပြပေးဖို့လိုပါတယ် ဘယ်နေရာက ရေခဲတောင်ထိပ်ဆိုတာ ကြည့်ရင်းနဲ့ကို ဘယ်နေရာမှန်းမသိ
    အားပေးလျှက်ပါ

    • @ThihaLuLin
      @ThihaLuLin  Месяц назад

      ကျွန်တော်တို့က သူများထက် တစ်ရက်လျော့ပြီး တက်ခဲ့ကြတာရော၊ ညမမှောင်ခင် ချက်ချင်းပြန်ဆင်းခဲ့ရတာရော၊ ကင်မရာဘက်ထရီအခြေအနေကြောင့်ရော၊ အားလုံးပင်ပန်းလွန်းနေတာရောကြောင့် တကယ်ရောက်ချိန် အများကြီးမလုပ်နိုင်တော့တာကြောင့် အရုပ်တွေနည်းသွားတာပါ

  • @komin-yj3lb
    @komin-yj3lb 2 года назад +1

    မြန်မာ တွေ အဲလို့ ရှာဖွေလေ့လာစွန့်စားနေတာ သဘောကြတယ်ဗျ နောက်ပြီးမှတ်တမ်းမှတ်ရာတွေ ရှားပါးဖြစ်စဥ်ပုံတွေကိုလည်း သတင်းဂျာနယ် တွေမှာ ဖော်ပြသင့်တယ်

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      ဟုတ်ကဲ့ဗျ

  • @ss3995
    @ss3995 2 года назад +3

    လွမ်းသွားပီ အကိုရေ နေ့တိုင်းတင်မဲ့အချိန်ကိုကြည့်ဖို့တာဆူနေရတာ
    တနေ့ရောက်ဖစ်အောင်သွားမယ် 🥺❣️

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      တကယ်ရောက်စေကွာ 💕

  • @umyomyintthu6315
    @umyomyintthu6315 3 месяца назад

    အစအဆုံး ကြည့်ပြီး
    အရမ်းအားကျမိတယ်
    တခါတော့ ဒီလိုမျိုး
    တောင်တက်ခရီးသွားချင်မိတယ်

  • @heme8840
    @heme8840 2 года назад +1

    အားပေးနေပါတယ်🙂အမြဲတမ်းဘဲ
    ကြည့်ဖြစ်တယ်.

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      ကျေးဇူးအထူးပါဗျား 💕

  • @konaing9784
    @konaing9784 2 года назад +1

    အရမ်းကေင်းတယ်
    သဘောကြတယ်
    အားပေးတယ်။

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ထပ်တူခံစားပေးလို့ ကျေးဇူးပါဗျ

  • @nyinaing5516
    @nyinaing5516 2 года назад +1

    nice video thanks for your sharing

    • @ThihaLuLin
      @ThihaLuLin  2 года назад

      It’s my pleasure. Enjoy video please. 💕

  • @phookhaungkyaw4205
    @phookhaungkyaw4205 Год назад +1

    Congratulations 🎉

  • @shineminlwin5556
    @shineminlwin5556 Год назад +1

    အတော်လှတယ် bro ,အခုလို share လို ကျေးဇူးတင်ပါတယ် ၊video resolution ကို 1440 p လောက်ဆို ပို မိုက်မယ် ဒါပေမဲ့အခု1080 p လဲကောင်းပါတယ်၊မျှော်လင့်မိတာလေး ပြောပြတာပါ၊အစ်ကို အောင်မြင်ပါစေ။

    • @ThihaLuLin
      @ThihaLuLin  Год назад

      2K ဖြစ်နိုင်အောင် ပိုကြိုးစားပါ့မယ်ဗျား

  • @Xinn9497
    @Xinn9497 Год назад +1

    ဘယ်လောက်ကုန်မလဲဗျ အသွားအပြန်ကိုလေ နောက်နှစ်သွားတက်ဖို့စဉ်းစားထားလို့ပါ

    • @ThihaLuLin
      @ThihaLuLin  Год назад

      ၇ သိန်းဝန်းကျင်လောက် ကုန်ကျတတ်ပါတယ်ဗျ

  • @tunnandakyaw4361
    @tunnandakyaw4361 2 года назад +2

    ပျော်စရာကောင်းမှာပဲ 😍😍😍

    • @ThihaLuLin
      @ThihaLuLin  2 года назад +2

      ဟုတ် ပျော်ခဲ့ရပါတယ်
      ပင်လည်းအရမ်းပင်ပန်းပါတယ် 😊💕

  • @minlaing2765
    @minlaing2765 Год назад +1

    ပူတာအိုကနေ အစ အဆုံး ဘယ်နှစ်ရက်ကြာသွားလဲဗျာ

    • @ThihaLuLin
      @ThihaLuLin  Год назад

      ပူတာအိုကနေ ကျွန်တော်တို့ကတော့ ၆ ရက် ဖြစ်သွားတယ်။ ပူတာအို ဇီယာဒမ်း တစ်ရက်ပုပ်သွားတာ။ တောင်တက်တာတော့ အသွား ၃ ရက် အပြန် ၂ ရက် ပါ။ တစ်ဦးနဲ့တစ်ဦး သက်လုံ နဲ့ အလေ့အကျင့်ပေါ််မူတည်ပြီး အတိုးအလျော့ရှိပါမယ်။

  • @Goodtotravel-zf2pt
    @Goodtotravel-zf2pt Год назад +1

    လိုက်ပို့တဲ့လူတွေရဲ့ဖုန်းနံပါတ်မရှိတော့ဘူးလာအကို ကျွန်တော်သွားချင်လို့ပါ

    • @ThihaLuLin
      @ThihaLuLin  Год назад

      နွေဦး ခရီးသွားလုပ်ငန်း
      09421111977 , 09264466887
      ကို ဆက်သွယ်နိုင်ပါတယ်

    • @Goodtotravel-zf2pt
      @Goodtotravel-zf2pt Год назад

      @@ThihaLuLin ဟုပ်ကဲ့ပါအကိုကျေးဇူးတင်ပါတယ်

  • @soemoezawphotographer3040
    @soemoezawphotographer3040 2 года назад +1

    thanks

  • @兄弟ザイ
    @兄弟ザイ 2 года назад +2

    Good

  • @peepee5123
    @peepee5123 Год назад

    အတူတကွ စုစုစည်းစည်း အုပ်စုလိုက် သွား ရင် အကောင်းဆုံး ပါ ပိုးသတ် ဖျန်း ဆေး တစ်ဘူးစီ လူတိုင်းမှာ ယူသွား ရင် အရမ်း ကောင်း မည်

  • @MemoriesTube.
    @MemoriesTube. 2 года назад +2

    Thanks bro.. 😃👍

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      My pleasure 💕
      Hope you enjoy video.

  • @user-qp8mg8pt4l
    @user-qp8mg8pt4l 2 года назад +1

    အားကျတယ်bro🤗

    • @ThihaLuLin
      @ThihaLuLin  2 года назад

      တက်ကြည့် သဘောကျသွားမှာ 😊

  • @minmaylin125
    @minmaylin125 Год назад +1

    သွားမယ့်သွား တောင်ထိပ်မှာ သုံးညလောက်အျပ်ပေါ့ကွာ ဘယ့်နှယ့်၃နာရီပဲနေပီးပြန်လာတာတုန်း

    • @ThihaLuLin
      @ThihaLuLin  Год назад +1

      ဒေသခံလမ်းပြတွေရဲ့စကားကို နားထောင်ရပါတယ်
      မသင့်လျော်ဘူး ဆုံးဖြတ်ရင် ဆုံးဖြတ်တဲ့အတိုင်းပါပဲ
      နေဖို့ဆိုတာကလည်း စရိတ်ကြီးပါတယ်
      အစားအသောက်က ရက်နဲ့အတိအကျယူကြရသလို အထမ်းနဲ့လမ်းပြ တစ်ဦးချင်းဆီရဲ့နေ့တွက်ကြေးတွေကလည်း များပါတယ်
      စရိတ်သက်သာအောင် ကြိုးစားသွားလာကြရသူတွေအတွက် မဖြစ်နိုင်ပြန်ပါဘူး

    • @minmaylin125
      @minmaylin125 Год назад +1

      @@ThihaLuLin သိတယ်လေ ညရောက်ရင်‌ တောင်ခြေ စခန်းမှာညအိပ်ပေါ့ မနက် ရေခဲတောင်တက်။ ညနေ စခန်းပြန်အိပ်
      အဲ့ပုံစံအတိုင်း သုံးရက်လောက်နေဖို့ပြောတာပါ ငွေအများကြီးအကုန်ခံပြီး ရေခဲတောင်ပေါ်မှာ သုံးနာရီလောက်ပဲနေရမယ်ဆိုရင်တော့ လုံးဝ မတန်

    • @ThihaLuLin
      @ThihaLuLin  Год назад +2

      @@minmaylin125 ရက်တိုးတာနဲ့ ပိုက်ဆံက သိန်းချီ ကုန်တာ​လေ
      ​ရောက်ပြီးပြီပဲ​ ​ကျေနပ်တယ်​လေ

    • @minmaylin125
      @minmaylin125 Год назад +1

      @@ThihaLuLin သွားမယ့်သွား အကုန်ခံပြီးသွားမှာပေါ့ဗျာ။ ရေခဲတောင်ပေါ်သုံးနာရီပဲနေရတယ်ဆိုတော့ ရေခဲတောင်သွားတာနဲ့မတူတော့ဘူး တောထဲပတ်သွားပြီးပြန်လာတာနဲ့တူသွားပြီ လူလည်းပင်ပန်း ကိုယ့်ဒုက္ခကိုယ်ငွေပေးဝယ်သလိုဖြစ်နေ

    • @ThihaLuLin
      @ThihaLuLin  Год назад

      @@minmaylin125 ငွေကြေးတတ်နိုင်ရင်တော့ အဆင်ပြေတယ်လေ လုပ်ကြပေါ့

  • @kokolwin1900
    @kokolwin1900 2 года назад +1

    အစီအစဉ်ကောင်းများစွာကို မျှော်လင့်လျက်။

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ဆက်ပြီး တင်ပါဦးမယ်ဗျား 😊

  • @PhoeKhant-oc7vd
    @PhoeKhant-oc7vd 8 месяцев назад +1

    လမ်းပြပေးတဲ့အထွဲ့ကို ဘယ်လိုဆက်သွယ်ရမလဲဗျ အစ်ကို
    ညွှန်းပေးပါဦးဗျ

    • @ThihaLuLin
      @ThihaLuLin  8 месяцев назад +2

      ပူတာအို အခြေစိုက် Spring Travels & Tours ကို ဆက်သွယ်နိုင်ပါတယ် ညီဗျ
      facebook.com/Spring.MyanmarTravel

    • @PhoeKhant-oc7vd
      @PhoeKhant-oc7vd 8 месяцев назад +1

      @@ThihaLuLin thank you brother

  • @ArMin-hg9vj
    @ArMin-hg9vj 2 года назад

    နွေရာသီမာသွားပေါ့

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ဧပြီ သွားတာပဲလေ

  • @kokyaw6011
    @kokyaw6011 9 месяцев назад

    အီးဘယ်လိုပါကြလဲ ပြောပေးကြပါဦး..😂

  • @Aaaaaaaaa-c3b
    @Aaaaaaaaa-c3b 2 года назад +1

    အစ်ကို စုစုပေါင်း ကုန်ကျစရိတ်ကဘယ်လောက်ရှိလဲသိချင်လို့ပါဗျာ

    • @ThihaLuLin
      @ThihaLuLin  2 года назад

      လေယာဉ်ခ နဲ့ ပူတာအို အဝင်အထွက် တည်းခိုစားသောက်ခ မပါဘဲ၊ တောင်တက်ခရီး သီးသန့် ကို (လမ်းပြ၊ အထမ်း၊ အကြို၊ အပို့၊ စားသောက် အကုန်အပါပေါ့လေ) ၅ သိန်းဝန်းကျင်ပါ။ လမ်းပြအထမ်းညီအစ်ကိုတွေကို မုန့်ဖိုးကတော့ အဆင်ပြေသလို ထပ်ပေးကြတယ်။ အသေးစိတ်ကိုတော့ ပူတာအိုအခြေစိုက် Spring Travels & Tours ရဲ့ Facebook page ကနေ စုံစမ်းလို့ရပါတယ်ဗျား။

    • @Aaaaaaaaa-c3b
      @Aaaaaaaaa-c3b 2 года назад +1

      @@ThihaLuLinပြန်လည်ဖြေကြားပေးတာ ကျေးဇူးပါဗျာ ဒီထက်မက အောင်မြင်ပါစေဗျာ

  • @kelvinz9719
    @kelvinz9719 2 года назад +2

    ကျွတ် ကြည့်ပြီး ခြေထောက်တွေတောင် ယားလာတယ်😂

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      😅 တကယ်အူယားတာ

    • @myamyawin143
      @myamyawin143 8 месяцев назад

      ဟုတ်ပ အကြောက်ဆုံးပဲ😅

  • @myamyawin143
    @myamyawin143 8 месяцев назад

    ❤❤❤

  • @tazinaung8824
    @tazinaung8824 2 года назад +2

    မျှော်နေတာ မနက်ကထဲက

    • @ThihaLuLin
      @ThihaLuLin  2 года назад

      လာပါပြီ 💕

  • @thangpi860
    @thangpi860 2 года назад +1

    👌👌👌👌👌👌👌👌👌

  • @ukyawsein5898
    @ukyawsein5898 2 года назад +1

    like

  • @dawtinthan803
    @dawtinthan803 2 года назад +1

    လှလိုက် တာ

    • @ThihaLuLin
      @ThihaLuLin  2 года назад

      အရမ်းလှ 😊

  • @ZawZaw-tq8ys
    @ZawZaw-tq8ys 2 года назад +1

    Great!

  • @winnada5326
    @winnada5326 2 года назад +1

    ဘာဖြစ်သူတိုနဲ့မလိုက်တက်လဲ

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ဘယ်သူတွေနဲ့???

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ကျွန်တော်တို့က မနေ့က တောင်ထိပ်ရောက်ပြီ ထပ်မတက်နိုင်တော့ဘူး
      အဲ့အဖွဲ့က ကျွန်တော်တို့လို ရေခဲတောင်ထိပ် မရောက်ခဲ့ရဘူး
      ရာသီဥတုဆိုးလာလို့ ပြန်လှည့်လာကြရတာ

    • @winnada5326
      @winnada5326 2 года назад +1

      မသိလိုပါ အကို

  • @mountbatten288
    @mountbatten288 2 года назад +1

    Is there leeches ?

    • @ThihaLuLin
      @ThihaLuLin  2 года назад

      Yes. At near the bottom village during rainy season or when there’s a rain.

  • @hahaha8706
    @hahaha8706 2 года назад +2

    အဲရေခဲတောင်မှာအီးဘယ်လိုပါလဲ❓😂

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      ခြုံတိုးရတယ်ဗျ၊ အပိုင်း ၃ မှာ စခန်းတွေနားက အိမ်သာဖန်တီးပုံ ပါခဲ့ပါတယ်။

  • @ukyawzayaroo
    @ukyawzayaroo 4 месяца назад

    thanks

  • @pyonepyone8179
    @pyonepyone8179 2 года назад +1

    မဂ်လာပါမောင်လေးရေကိုယ်တိုင်သွားရသလိုမျိုးခံစားမိပါတယ်မမြင်ဖူးသေးတဲ့ရေမြေတောတောင်သဘာဝတွေကိုစုံလင်စွာရိုက်ကူးတင်ပြပေတဲ့အတွက်ကျေးဇူးပါဗဟုသုတရပါတယ်အဲလိုခက်ခဲတဲ့တောလမ်းလေးတွေသွားရတာပျော်ဖို့ကောင်းပါတယ်တဦးနဲ့တစ်ဦးလဲပိုမိုတဲ့ရင်းနှီးမူ့လေးတွေကူညီဖေးတာတွေကြည့်ပီးတော့ပီတိဖြစ်မိပါတယ်အားလုံးပဲပျော်ရွင်ချမ်းမြေ့ကျပါစေ🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      မှတ်ချက်ကောင်းလေးအတွက် ကျေးဇူးအထူးပါ အစ်မ 💕💕

  • @zwemann5810
    @zwemann5810 Год назад +1

    လူတစ်ယောက်စာကုန်ကျငွေခန့်မှန်းခြေလေးပြောပြနိင်မလားဗျ

    • @ThihaLuLin
      @ThihaLuLin  Год назад

      ၇ သိန်း ကနေ ၁၅ သိန်းလောက်ထိ ရှိတတ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ အဖွဲ့အလိုက် ယူတာချင်း နည်းနည်းကွာပါတယ်။

  • @winnada5326
    @winnada5326 2 года назад +1

    လမ်မှာဖုန်းကျသွားတာပြန်ရပီလာ

    • @ThihaLuLin
      @ThihaLuLin  2 года назад +1

      ရဝူး ညီမ
      ​​ကောက်ရသူက ပြန်မ​ပေး​တော့ဘူး
      မြစ်ကြီးနား ယူပြီး သုံး​နေတယ်လို့ iOS မှာ ပြန်​​ပေါ်လာတယ်
      လှူတယ်ပဲ သ​ဘောထားလိုက်​တော့တယ် 😁