နှစ်သိန်းတန် ကနေ သိန်း ၁၂၀ ထိ (အမေး-အဖြေ) မောင်စိုးသူရထွန်း သုတစုံလင် ဗုဒ္ဓဝင် ပြိုင်ပွဲ

Поделиться
HTML-код
  • Опубликовано: 31 май 2023
  • သိန်း 120 တန် မေးခွန်းကို
    အောက်မှာ ရေးပေးထားပါတယ်‼️
    ( ၁၀ ) ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲ၌
    သိန်း 60 ဖြင့် Winner ဖြစ်ခဲ့သော မောင်စိုးသူရထွန်း ပဲခူးတိုင်း အုတ်တွင်းမြို့ ဂုဏ်ဆောင်
    ရေအိုးစင် ဓမ္မစကူးလ်မှ ဖြစ်ပါတယ်။
    ကျွန်တော်တို့ သားသမီးတွေလဲ ဂိမ်းစွဲနေတဲ့ချိန် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကြီးရဲ့ ( ၁၀ ) ကြိမ်မြောက် ပြိုင်ပွဲကြီးရဲ့ Winner
    ပေါ်ထွက်လာခဲ့ပါပြီ။
    မနေ့က တိုက်ရိုက်ထုတ်လွှင့်မူ့ဖိုင်နယ်ပွဲကို
    ကြည့်လိုက်ရတယ်ဗျ ။ ဒီကလေး ဖြေဆိုသွားတာတွေ အေးချမ်းပြီး တည်ငြိမ်နေတာပဲ ။
    တချို့မေးခွန်းတွေ အောက်က ပရိတ်သတ်တွေ
    သိဖို့ ဝေးစွ ၊ ဗုဒ္ဓ၀င် အတွဲအားလုံးကို
    သေချာလေ့လာထားတဲ့ သူတွေတောင်
    တခါတ‌လေ ဇေဝဇဝါပဲ။ ဒီကလေးက တစ်ခုချင်း
    လက်အုပ်လေး ချီပြီး အေးဆေး တည်ငြိမ်စွာ
    ဖြေသွားပါတယ်။ ကြည့်ရတာလဲ
    အတော် အားရကျေနပ်ဖို့ ကောင်းတယ်။
    သိန်း 60 တန် မေးခွန်းထိ အေးဆေး ဖြေနိုင်ခဲ့တယ်။ နောက်ဆုံး ဖိုင်နယ်မေးခွန်းဖြစ်တဲ့ သိန်း 120 တန်
    မေးခွန်းမှာ ဇဝေဇဝါ ဖြစ်ဟန်တူပါရဲ့
    ဖြေဆိုမှုကို သိန်း 60 နဲ့ ရပ်တန့်မလား❓
    ဆက်ဖြေလို့ မှားသွားရင် ရထားတဲ့
    သိန်း 60 ဆုံးရှုံးမယ်။
    ဆက်ဖြေလို့ မှန်သွားခဲ့ရင်တော့
    သိန်း 120 နဲ့ Winner ဖြစ်မယ်။
    က‌လေးက သိန်း 60 မေးခွန်းထိပဲ ယူပြီး
    နောက်ဆုံး သိန်း 120 တန် မေးခွန်းကို
    ရပ်တန့်လိုက်တယ် ဆက်မဖြေတော့ဘူး။
    ကိုကျော်ထက်အောင်နဲ့ ဘုန်းဘုန်းက သေချာအောင်နောက်တစ်ကြိမ် ထပ်ပြီး အခွင့်ရေးပေးတယ်
    ရှေ့ဆက် ကစားမလား နားမလားပေါ့။
    ကလေးက ဘဲလ် တီးပြီး ပြိုင်ပွဲကို
    ရပ်နားလိုက်တဲ့အတွက် သိန်း 60 နဲ့ပဲ
    Winner ဖြစ်ခဲ့ရတယ်ပေါ့။
    ဒါပေမဲ့ ဘုန်းဘုန်းက သိပ်မကျေနပ်ဘူး။
    ဒီကလေးရဲ့ ဇကို သိတဲ့အတွက်
    အစမ်းလေးတော့ ဖြေသွားပေး သားရယ်ပေါ့။
    ကလေးက ပြုံးပြီး ဖြေကြည့်ပါ့မယ် ဘုရားပေါ့။
    အဖြေက အနာဂါမ် ဆိုပြီး သွားမှန်နေပြန်ရော။
    သိန်း 120 တော့ မရတော့ဘူး။
    ဒါပေမဲ့ ဒီကလေး တော်တယ်ဆိုတာ
    အားလုံးသိပြီးသားမို့ 120 တန် မေးခွန်းလဲ
    မှန်မယ်ဆိုတာ သိလို့ ဖြေခိုင်းခဲ့တာပါ။
    ဒီမေးခွန်းအဖြေကို ကိုကျော်ထက်အောင်ရော
    အောက်က ကြည့်နေတဲ့ ပရိတ်သတ်တွေရော
    မသိခဲ့ပါဘူး။ ဗဟုသုတ တိုးသွားခဲ့ပါတယ်။
    ဒါကြောင့် ဒီနှစ်တော့ သိန်း60နဲ့ Winner
    ဖြစ်ခဲ့တာကြောင့် နောက်နှစ်မှာ
    ဖြေရမဲ့ ပြိုင်ပွဲ၀င်တွေဟာ
    ဒီနှစ် သိန်း120 ကို သိန်း 60 ထပ် ပေါင်းပြီး
    နောက်နှစ် Winner ဟာ သိန်း
    180 အထိ ရရှိသွားမှာ ဖြစ်ပါတယ်။
    " သိန်း ၁၂၀ တန် မေးခွန်း "❓
    =======================
    သာကီ၀င်မင်းသား ၆ ဦး + ဥပါလိဆတ္တာသည်တို့
    ရှင်ရဟန်းပြုချိန်တွင် သုဒ္ဓေါဒန မင်းကြီးသည်
    လောကုတ္တရာ တရားထူး အမြင့်ဆုံး
    ဘယ်အဆင့်ထိ ရရှိခဲ့သနည်း ။
    အဖြေ = အနာဂါမ် လို့ ကလေးက
    အစမ်းဖြေပြ သွားပါတယ်။
    ပြိုင်ပွဲက သူရပ်တန့်ထားပြီးသားမို့
    အဖြေမှန်ခဲ့သော်လည် သိန်း 60 နဲ့ သာ
    ကျေနပ်လိုက်ရပါတယ်။
    ရပ်တန့် ထားခဲ့ပြီးသားမို့ သိန်း 120 ကတော့
    နောက်နှစ် Winner အတွက် ဖြစ်သွားခဲ့ပါပြီ။
    နှမြောလိုက်တာ ညီလေးရာ ... ။
    ဒါပေမဲ့လည်း ဂုဏ်ယူတယ် ညီလေးအတွက် 👏
    ဗုဒ္ဓဘာသာကို မိရိုးဖလာသာသာအဖြစ် မခံပဲ
    မိမိရင်သွေးငယ်တွေ ဘာသာတရားနဲ့ နီးစပ်အောင်
    ဓမ္မစကူးလ်မှာ သင်ကြား ပြသပေးနေတာမို့
    ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့။
    ပြန်လည်မျှဝေပါတယ်
    #buddha #သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ
  • ВидеоклипыВидеоклипы

Комментарии • 473

  • @chitye-wo1sj
    @chitye-wo1sj Год назад +18

    🙏🙏🙏သာဓု သာဓု သာဓုပါ ဒါမျိုးတွေးများများလုပ်ပေးသင့်ပါတယ်အရန်ကျေးဇူးတင်းပါတယ်

  • @yinmar4787
    @yinmar4787 Год назад +13

    သားလေးတော်ပါတယ် ဗဟုသုတနေရာမှာရော စကားပြောတဲ့နေရာမှာရော ဆက်ပီးကစားမလားမေးတဲ့အချိန်မှာ ဆက်ကစားပါ့မယ်လို့ပြောမသွားဘူး ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဗုဒ္ဓဘုရားရဲ့အကြောင်းကို ကစားမယ်လို့ပြောထွက်သွားမှာစိုးရိမ်မိပါတယ်

  • @user-pn4ms2xt8u
    @user-pn4ms2xt8u 3 месяца назад +46

    ဘုန်းဘုန်းဘုရားသမီးဒီကောင်လေးမဖြေခင်သမီးလည်းလိုက်ဖြေတာမှန်တယ်တူတူပဲ ပီတိဖြစ်ရပါတယ်ဘုရားးး😊🙏🙏🙏

    • @aungpainghtay5076
      @aungpainghtay5076 3 месяца назад +4

      😂😂😂

    • @khaingwin7123
      @khaingwin7123 3 месяца назад +2

      တပည့်တော်လို့သုံးနုန်းပါညီမလေး

    • @user-cc9kf7wd2w
      @user-cc9kf7wd2w 3 месяца назад +2

      တော်တယ် သမီး

    • @KoKo-tu9df
      @KoKo-tu9df 2 месяца назад +3

      ဒါဆို သိန်း120အဖြေကဘာဲ
      သုဒ္ဓေါဒနမင်းကြီး လောကုတ္တရာ ဘယ်ရားထူးလဲ😂😂

    • @user-jq5cq5gt8u
      @user-jq5cq5gt8u 2 месяца назад +1

      ​@@KoKo-tu9dfနောက်ဆုံးမေးခွန်းလည်းဖြေပေးထားတယ်လေအဆုံးထိမကြည့်ဘူးလား.

  • @myothihaaung7420
    @myothihaaung7420 Год назад +25

    သာသနာနဲ့ပတ်သက်တဲ့အမေးအဖြေကို ကစားတယ်ဆိုတဲ့အသုံးအနှုန်းမသင့်တော်ဘူးလို့ထင်ပါတယ် ဘုရား။

  • @thuyalin454
    @thuyalin454 Год назад +49

    တစ်ကယ်တန်ဖိုးရှိတဲ့ အရာကိုကျင်းပတာက တန်ဖိုးဖြတ်မရအောင် ကောင်းမွန်တယ် ဒီလိုမျိုးဗုဒ္ဓဘာသာဆိုင်ရာပွဲတွေများများကျင်းပပေးစေချင်လိုက်တာ

    • @marmarsein9459
      @marmarsein9459 3 месяца назад +4

      ဒီပွဲမျိုးတေများများလုပ်သင့်ပါတယ်

  • @thura8212
    @thura8212 Год назад +47

    ဒီလိုပြိုင်ပွဲတွေအတွက်ပေးတဲ့ဆုတွေက ရရှိသူရော လှူဒါန်းသူပါ တန်ဖိုးရှိလိုက်တာ အတိုင်မသိဝမ်းသာကြည်နူးမိပါသည်

  • @ayemyayoungchi8459
    @ayemyayoungchi8459 Год назад +19

    ❤❤❤ဂုဏ်ယူလေးစား မေးခွန်းများကို အားလုံးဖြေဆို ပိုလိုမရှိ ဖြေဆိုဘိ။
    သာဓု သာဓု သာဓုပါ။

  • @AngleAg-ic8lk
    @AngleAg-ic8lk Год назад +14

    တော်လိုက်တာ မောင်လေးရေဝမ်းသာပါတယ်🎉🎉

  • @aunglay2631
    @aunglay2631 Год назад +12

    ညီလေးရယ်တော်လိုက်တာကွာ ချီးကျူးပါတယ် ဒီထက်မကအောင်မြင်ပါစေ

  • @lulinpyo913
    @lulinpyo913 Год назад +41

    သာဓု သာဓု သာဓုပါဘုရား လမ်းမှားရောက်သွားစေမည့်လူငယ်များစွာအတွက် များစွာအကျိုးရှိပါတယ် ခုခေတ်လူငယ်တွေကိုဒီလိုဘာသာရေးအသိလေးတွေရရှိအောင် ဆောင်ရွက်ပေးနိုင်လို့များစွာကြည်နူးမိပါတယ်ဘုရား🙏🙏🙏

  • @user-ts8qd7qz2n
    @user-ts8qd7qz2n 10 месяцев назад +7

    တကယ်တော်တဲ့ခလေး
    ဝမ်းသာပါတယ်ကွာ ငါတို့ မြတ်ဗုဒ္ဓရဲ့ ဘက်တော်သားတွေ တိုးပွါး လာစေရမယ် ကုသိုလ်လဲရ တရားလဲပြည့်

  • @khingthazin3624
    @khingthazin3624 Год назад +3

    သာဓု.သာဓု..သာဓု..ပါဘုရား..တော်တော်ကောင်းသည့်အစီအစဉ်ဖြစ်ပါတယ်ဘုရား

  • @zawlinlin8149
    @zawlinlin8149 Год назад +5

    ဦးဆောင်သူများ အလှူရှင်များနဲ့ဖြေဆိုသူအားလုံးကိုကျေဇူးတင်ပါတယ် အကြံပြုလိုတာက ကစားမလား နားမလားဆိုတဲ့စကားအစားဆက်လက်ဖြေဆိုမလား နားမလားဆိုရင်ပိုပြီးနားဝင်ချိုမလားလို့ပါ
    အားကစားမဆန်လောင်းကစားမဆန်ဘဲ ဘာသာရေးပွဲနဲ့ပိုသင့်လျှော်မယ်ထင်လို့ပါ ကျေးဇူးတင်ပါတယ်

  • @mawinechit6544
    @mawinechit6544 Год назад +15

    ဂုဏ်ယူပါတယ် ကလေးရေ ဆိုပေမဲ့ဆရာကြိးပါ

  • @MoMo-ju4cl
    @MoMo-ju4cl 2 месяца назад +3

    စမ်းချင်သလိုစမ်း မောင်ဘဂျမ်းလေးပါကွာ ဂုဏ်ယူလေးစားပါတယ် သားလေးရယ်❤❤❤

  • @user-dd5jv9mo3v
    @user-dd5jv9mo3v Год назад +3

    လိုအင်ဆန္ဒလူ့လောဘကိုထိန်းချုပ်နိုင်စွမ်းရှိသည့်သားငယ် ။သာဓု သာဓု သာဓုပါ။

  • @user-xz9we1ln9u
    @user-xz9we1ln9u 10 месяцев назад +7

    ဝမ်းသာပီတိ မျက်ရည်ကျမိပါတယ်ဘုရား တကယ်တော်ပါတယ်

  • @user-en1mj9mq2u
    @user-en1mj9mq2u Год назад +12

    တော်လိုက်တာဂုဏ်ယူပါတယ်သာလေးရယ်

  • @ayeayemyint7149
    @ayeayemyint7149 Месяц назад +1

    လေးစားပါတယ်မောင်လေးရယ်
    တော်လိုက်တာ
    ကိုယ့်လိုချင်စိတ်ကိုအသိဉာဏ်နဲ့ထိန်းချုပ်ပြီး
    မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်
    လေးစားပါတယ်
    သာသနာရဲ့ထောက်တိုင်ကြီးဖြစ်မယ့်
    သားကောင်းရတနာလေး
    ဂုဏ်ယူပါတယ်

  • @winkaran8350
    @winkaran8350 Год назад +15

    လေးစားပါတယ်သားလေးရေ ဂုဏ် ယူပါတယ် သာဓုသာဓုသာဓုပါ ရှင်

    • @htaynaingoo7750
      @htaynaingoo7750 Год назад +1

      အမျိုး ဘာသာ သာသနာ ထွန်းကားတောက်ပနိုင်စေဖို့ အထောက်အပံ့ပါ မှတ်ချက် ။ ဟိုပါတီက ငနီတွေမမြင်ပါစေနဲ့

  • @user-kw1lx5wo7r
    @user-kw1lx5wo7r 2 месяца назад +2

    ဗုဒ္ဓဘာသာအလေးအနက်လေ့လာတဲ့သားလေး ကျမ္မာပျော်ရွှင်ပါစေ ကြီးပွားတိုးတက်ပါစေ

  • @KoKo-vp2zl
    @KoKo-vp2zl Год назад +11

    သာဓုသာဓုသာဓုပါ ကျန်းမာချမ်းသာကြပါ​စေ

  • @sandalin5542
    @sandalin5542 Год назад +21

    သာဓုအကြိမ်ကြိမ်ခေါ်အပ်ပါသည်

  • @HtetHtet-ls4nz
    @HtetHtet-ls4nz 11 месяцев назад +3

    လေးစားဂုဏ်ယူမိပါတယ် သာဓုပါ🙏🙏🙏🙏🙏

  • @dawsoesoeoo1587
    @dawsoesoeoo1587 2 месяца назад +2

    မဂ်လာပါ ဘုန်းဘုန်းဘုရား🙏🙏🙏🙏🙏

  • @zawtissara4734
    @zawtissara4734 Год назад +9

    သာဓုသာဓုသာဓု 😘😍

  • @aungmobile-wn5pn
    @aungmobile-wn5pn Год назад +8

    သာဓုသာဓုသာဓုပါသားရေ😊😊

  • @lamimlamim5464
    @lamimlamim5464 Год назад +22

    မဂ်လာပါ -စီစဥ်သူအရမ်းတော်ပါတယ်

    • @uaungnaing3211
      @uaungnaing3211 3 месяца назад +1

      သာသနာပြုမဟာလုပ်ငန်းဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ် ။
      သာဓု သာဓု သာဓု။

    • @dawnayethan3406
      @dawnayethan3406 2 месяца назад

      သာဓုသာဓုသာဓုပါ

  • @user-vc1iy9lr3c
    @user-vc1iy9lr3c Месяц назад +2

    သာဓုသာဓုပါ ဘုရား

  • @ZinKoHtet-br3ul
    @ZinKoHtet-br3ul Месяц назад +1

    အဲလိုသာသနာပတ်သက်တဲအကြောင်းလေးတေကိုပြိုင်ပွဲကျင်ပ​ပေးလိုအထူးဝမ်း​ေုမာက်ပါတယ်ဘုရား

  • @myahninwaiaung3782
    @myahninwaiaung3782 Год назад +27

    The last answer ကို မင်း သိနေမှာသေချာ‌ပေမယ့် လောဘကိုသတ်ချပြီး စွန့်လွှတ်လိုက်တာက ပိုလေးစားစရာကောင်းတယ်လို့ ခံစားလိုက်ရတယ် ကလေးရေ့

  • @user-xi4vy6wj1j
    @user-xi4vy6wj1j 3 месяца назад +2

    ဘုန်းကြီးတွေကိုတိုင်ကစကားအသုံးနူန်းတွေပြင်ပေးဖို့လို့ပါတယ် ယဥ်ကျေးမူသင်ပြပေးနေတဲ့ သာသနာခေါင်းဆောင်တွေကလမ်းမှားရောက်ကုန်ပါမယ်ဘုရား အစီစဥ်တင်ဆက်သူတောင်စကားလွတ်အောင်ဖြေဆိုနိုင်သေးတာပဲဘုန်းဘုန်းရယ်😢

  • @kaungxtetaung1540
    @kaungxtetaung1540 Год назад +1

    လေးစားစွာဖြင့်  ဝမ်းသာ ဂုဏ်ယူမိပါ ၏ ခင်ဗျာ ။

  • @user-ct3pk9uj8t
    @user-ct3pk9uj8t 3 месяца назад

    သာဓု သာဓု သာဓုပါမောင်လေးရာဒီထက်မကအောင်မြင်ကျော်ကြားပါစေ❤❤❤❤

  • @blackblack1746
    @blackblack1746 Год назад +1

    ဗီဒီယိုကြည့်ရတာ ကြက်သီးမွှေးညှင်းတွေ ထ တယ်တော်လိုက်တာ သာဓု သာဓု သာဓု

  • @zawzaw23782
    @zawzaw23782 2 месяца назад +3

    သာဓုသာဓုသာဓုသေချာမဖြေပဲနေခဲ့ဖြစ်မယ်လေးစားကလေးရယ်

  • @HlaingMin-nz5nf
    @HlaingMin-nz5nf Месяц назад

    သာဓုသာဓုသာဓု
    အကြိမ်ကြိမ်ခေါ်ဆိုပါတယ် မဂ်လာပါ

  • @user-le9zr1db3d
    @user-le9zr1db3d 3 месяца назад +3

    ဂုဏ်ယူပါတယ်မောင်လေးရေ🎉🎉🎉😊😊❤❤❤

  • @soemoe1734
    @soemoe1734 Год назад +1

    ဆရာတော်ဘုရားကြီး အားရိုသေစွာကတော့ပါသည်.ဘုရား

  • @NanNan-jv3qg
    @NanNan-jv3qg Год назад +2

    ဂုဏ်ယူမိပါတယ် ဒီလိုဗုဒ္ဓသာသနာကို လေ့လာလိုက်စားအတုယူမုန်တဲ့ကလေးလေးတေရှိနေတာကို ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဂုဏ်ယူဝမ်းမြောက်မိပါတယ်❤❤❤❤❤

  • @user-dd5jv9mo3v
    @user-dd5jv9mo3v Год назад

    သာဓု သာဓု သာဓုပါ လိုအင်ဆန္ဒလူ့လောဘကိုထိန်းချုပ်နိုင်စွမ်းရှိသည့်လိမ္မာသောသားငယ်ကျန်းမာချမ်းသာပါစေ။

  • @PHOEZAW-du9px
    @PHOEZAW-du9px 2 месяца назад +1

    ကျေးဇူးတင်ပါတယ်ဗျ။
    အခုလိုသုတစုံလင်။
    ဗုဒဝင်ပြိုင်ပွဲ

  • @TunTunNaing-ht7jv
    @TunTunNaing-ht7jv 5 дней назад

    ညီလေးရေး အရမ်းမှန်နေရော အားပေးတယ်
    ဆုငွေက အဓိကမကျဘူးနော် အသိပညာက အဓိကဘဲ
    ညီလေး❤❤❤❤❤

  • @shinayemyint734
    @shinayemyint734 Год назад +3

    သာဓုပါကြည်နူးတယ်

  • @zinpyaint
    @zinpyaint Год назад +1

ုဂုဏ်ယူပါတယ်မောင်လေးရေ..ကြိုးစား ပါ.

  • @unaymyo9391
    @unaymyo9391 Год назад

    ဗုဒ္ဓ ဝင်ပြိုင်ပွဲ ငယ်ငယ် ကပြိုင်ဖူးတော့ ပြိုင်တောင်ပြိုင်ချင်သေးတော့ ခုလိုလည်း ပြန်တွေ့ချင်တာ

  • @TunTunOo-xn7ng
    @TunTunOo-xn7ng Год назад +1

    ​တော်လိုက်တာက​လေးရယ်
    သာဓုသာဓုသာဓုပါ

  • @thureinlinkhant6128
    @thureinlinkhant6128 Год назад +2

    ကျွန်တော်ဆရာကြီးတော့မဟုတ်ပါဘူးမေးခွန်းများဖြေဆိုနိုင်ခဲ့ပါတယ်

  • @user-wv7dr9td1j
    @user-wv7dr9td1j Год назад +3

    ကောင်းလိုက်တဲ့ပွဲ ဒါမျိုးမှာ့အနှစ်သာရရှိတဲ့ပွဲမျိုး

  • @user-fy3ch6xw8b
    @user-fy3ch6xw8b Месяц назад +1

    သာဓုသာဓုသာဓုပါသားလေး

  • @angryboy9908
    @angryboy9908 Год назад +6

    လူငယ်တွေအတုယူသင့်ပါတယ်ကျွန်တော်အပါအဝင်ပါ

  • @hlathitsarkyi8361
    @hlathitsarkyi8361 Год назад +2

    ဖြေဆိုရန်အသက်ကန့်သတ်ချက်ရှိပါလား ဘယ်လိုလျှောက်ထားရပါလည်း ရှင်

  • @user-ts8qd7qz2n
    @user-ts8qd7qz2n 10 месяцев назад +4

    ဆုငွေထက် မင်းရဲ့ တန်ဖိုးက ပိုကြီးပါတယ် သားရေ

  • @user-wb7yz6rt4s
    @user-wb7yz6rt4s Год назад +3

    အလှူရှင်များအားလုံး ကျန်းမာချမ်းသာပြီးဒီထက်မကလှူနိုင်ကြပါစေ

  • @naymaharmin1249
    @naymaharmin1249 2 месяца назад

    မိန်းကလေးများများပြိုင်စေပါတယ် ဘုရား ဘာသာရေးအားနည်းတယ်

  • @NayAungAye
    @NayAungAye 7 дней назад

    ကစားစရာကို ‌အပေးအယူကိုမလိုတာ နောက်နောင်မလုပ်ရင်ပိုအဆင်ပြေပါတယ် ပွဲအနေနဲ့ကိုမစီစဉ်သင့်တာပါ

  • @nainglin-us5zz
    @nainglin-us5zz Год назад +4

    တော်တယ်ညီလေး သာဓုပါ

  • @user-zg4ni9lc3h
    @user-zg4ni9lc3h Год назад +1

    ဆရာတော်အရှင်ဘုရားကို ရိုသေစွာလက်စုံမိုး၍ တပည့်တော် ကန်တော့ပါသည်။ဗုဒ္ဒဝင် ဝင်ကြည့်မိတော့ တပည့်တော် မိမိကိုကိုယ် ရှက်မိပါသည်။ဖြေသွားတဲ့ သာသနာအာဇာနည် ညီလေးပြီးပြည့်စုံအောင် အရမ်းတော်ပါသည်။ဒီထက်လဲ အများကြီးလေ့လာမှတ်သားနိုင်ပြီး သာသနာအကျိုး ပိုမိုထမ်းဆောင်နိုင်ပါစေ။သယလီစွပါ။

  • @channthar1895
    @channthar1895 Месяц назад

    သာဓု သာဓု သာဓုပါသားလေးရေဆက်လက်ကျိုးစားလေ့လာပါ

    • @htwengae501
      @htwengae501 Месяц назад

      လေးစားပါတယ်

  • @user-be1zp4hv4v
    @user-be1zp4hv4v 3 месяца назад +1

    ကျတော်တောင်မသိဘူး တူတော်မောင်လေးကို အရမ်းလေးစားပါတယ်❤❤

  • @KoThet-io1fi
    @KoThet-io1fi 3 месяца назад +3

    ကောင်တယ်ကောင်တယ်ကောင်တယ်

  • @yeeyeeaye4185
    @yeeyeeaye4185 Год назад +1

    သာဓုသာဓုသာဓု ခေါ်ပါတယ်

  • @user-gf7dv1zs1h
    @user-gf7dv1zs1h Год назад +4

    သာဓု သာဓု သာဓု

  • @NOVA-ks5ds
    @NOVA-ks5ds Месяц назад

    ငါတောင်အကုန်မှန်တယ်ဟဖြေတာ ၁၂၀ထိရတယ်🥰

  • @lk84009
    @lk84009 3 месяца назад +1

    ဒီလိုသားလေးမျိုး မြန်မာနိုင်ငံမှာ များများ ပေါ်ထွန်းလာစေချင်ပါတယ်

  • @DawThanThanWin-qn4vj
    @DawThanThanWin-qn4vj 2 месяца назад +1

    ချီးကျူးဂုဏ်ယူပါတယ် သားရေ

  • @KoGyi-l6p
    @KoGyi-l6p 17 дней назад

    လေးစားပါတယ်သားသားလေးရေ

  • @NayLin-bb3gl
    @NayLin-bb3gl 2 месяца назад +1

    အဖြေတေက လွယ်လွန်းနေတယ်
    ဗုဒ္ဓဝင်ဖတ်ဖူးသူတိုင်းသိတယ်

    • @user-jm1lg4pd8e
      @user-jm1lg4pd8e 2 месяца назад

      အငုံစိတ်နဲ့မင်းကများ

  • @hlahlahtay4656
    @hlahlahtay4656 Год назад +1

    တော်လိုက်တာသားလေးရေသာဓုသာဓုသာဓုပါ

  • @user-xc7oq3nl2f
    @user-xc7oq3nl2f Год назад +1

    အမေ့သားရယ် တော်လိုက်တာပါအမေ့သားလေး ရေ အမေလာခဲ့ပါမယ်နော် အတိတ်ဘဝသားလေး

  • @DawEiEiMonDawEiEiMon
    @DawEiEiMonDawEiEiMon 3 месяца назад

    သာဓုသာဓုသာဓုပါ ဗဟုသုတတွေ ရစေပါတယ်

  • @yoonwati68
    @yoonwati68 Год назад +132

    မဂ်လာပါ....ဒီလိုမျိုးကျင်းပနိုင်ဖို့စတင်တွေးပေါ်လာသောလူဖြစ်စေ..သံဃာဖြစ်စေအရမ်းလေးစားမိပါတယ်....ဝိုင်းဝန်းကူညီဆောင်ရွက်သူများရော...အလှုရှင်များလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ....

    • @dawkhe5566
      @dawkhe5566 Год назад +7

    • @naungnaung7915
      @naungnaung7915 Год назад +5

      ဟုတယိ့ဗျာ❤

    • @myinthan7413
      @myinthan7413 Год назад +4

      ကျင်းပပေးတဲ့ပုဂ္ဂိုလ်များနှင့်ဖြေဆိုကြသောစသာသနာ့အကျိုးဆောင်များကိုများစွာဂုဏ်ယူလေးစားပါတယ်ခင်ဗျာ။

    • @godoofwar8956
      @godoofwar8956 Год назад

      👮👮
      GTA2

    • @UKhinAung-th5eb
      @UKhinAung-th5eb Год назад

      @@dawkhe5566 ccțcr

  • @ohnmarkhin6751
    @ohnmarkhin6751 Год назад +1

    အရမ်းကိုလေးစားပိတီဖြစ်ရပါတယ် ကလေးတွေလဲအရမ်းတော်ပါတယ်

  • @maymaysoe-bf6ue
    @maymaysoe-bf6ue Год назад +3

    သာဓု သာဓု သာဓုပါသားရေ

  • @yiyimyint2230
    @yiyimyint2230 Год назад +2

    လေးစားဂုဏ်ယူမိပါတယ်သားရေ❤❤❤

  • @moethantzin8509
    @moethantzin8509 Год назад +2

    သာဓုပါဘုရား

  • @user-su8mq5th3g
    @user-su8mq5th3g 2 месяца назад +1

    သားလေးမင်းကြိုးစားပါ❤မင်တော်တယ်ကြိုက်တယ်❤အားပေးတယ်❤ဂုဏ်ယူတယ်ဆက်လက်ကြိုးစားပါ❤ကြိုးစားရင်ဘုရားတော်ဖြစ်နိုင်❤အားမငယ်ပါနဲ့သားလေးအောင်မြင်ပါစေ

  • @kotharnage635
    @kotharnage635 Год назад +24

    ကစားမလား ဆိုတဲ့အသုံးကို မသုံးစေချင်ပညဘူး ဒါက ဂိမ်းမဟုတ်ပါဘူး
    ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး
    အမြင့်မြတ်ဆုံးပြိုင်ပွဲမျိုးပါ
    ဗုဒ္ဓတရားတော် စာပေ ဆိုတာ
    ကစားစရာမဟုတ်ပါဘူး
    ွအပွင့်လင်းဆုံးပြောရရင်
    ဗုဒ္ဓတရားတော် စာပေတွေကို
    ပျက်ရယ်ပြုခြင်း
    ဟာသလုပ်၍ပြောဆိုခြင်းတွေဟာလည်း
    မပြောသင့် မပြောအပ်ပါဘူး
    သတိထားစေချင်ပါတယ်

    • @htunhtunwin4400
      @htunhtunwin4400 Год назад +2

      လက်ခံပါတယ်ခင်ဗျာ

    • @goldenland5726
      @goldenland5726 Год назад +1

      အဖြေတွေကို A B C D E နဲ့မပေးဘဲ က ခ ဂ ဃ င နဲ့ပေးရင် ပိုအဆင်ပြေမယ်လို့ ယူဆမိပါကြောင်းတပည့်တော်အယူအဆပါဘုရား ။

    • @thiri8905
      @thiri8905 Год назад +3

      မှန်ပါတယ် ကစားမလား မမေးဘဲ ဆက်ကြိုးစားမှာလား လို့ မေးသင့်တယ် အဖြေလည်း က ခ ဂ ဃ လို့ ရေးသင့်ပါတယ်

    • @htuntun2989
      @htuntun2989 3 месяца назад

      ​@@goldenland5726ပွဲက ပီးသွားပီ လေ
      မင်းဂဘာထဖစ်နေတာ😂😂

  • @SandarSoe-tz4sn
    @SandarSoe-tz4sn Месяц назад +1

    ကျွန်မသမီးလေးလည်းအဲ့လိဖြစ်စေချင်လိုက်တာ

  • @user-os8eg6vy6e
    @user-os8eg6vy6e Год назад +1

    လိုက်ဖြေကြည့်တယ် တစ်ခုမှမမှန်ဘူး
    တော်တယ် လေးစားတယ် အားရှိတယ်

  • @user-no4uv4yi3o
    @user-no4uv4yi3o Месяц назад +1

    🙏🙏🙏

  • @myahninn1397
    @myahninn1397 Год назад +4

    ချိလိုက်တာသားလေးရယ်လေးစားပါတယ်

  • @KyawHtay-ro8cj
    @KyawHtay-ro8cj Месяц назад

    ဗုဒ္ဓဘာသာအတွက် တကယ်ဗဟုသုတရပြီးတန်ဖိုးရှိလှတဲ့အစီစဥ်လေးပါခင်မျာ
    ကစားမှာလား ဆိုတဲ့စကားအသုံးနှုံးကိုထည့်မသုံးသင့်ဘူးလို့ထင်ပါတယ်🙏🙏🙏

  • @TrumpCafe
    @TrumpCafe Месяц назад

    ရေအိုးစင် ပါ စဉ်မဟုတ် သတ်ပုံတောင်မမှန်တဲ့ ဓမ္မစကူးလ်

    • @MoeHein-md3tt
      @MoeHein-md3tt Месяц назад

      ရေအိုးစင်ဆိုတာ
      ရေအိုးတွေကိုတင်တဲ့ စင်ဖြစ်ပြီး
      ရေအိုးစဉ်ဆိုသည်မာ
      ရေအိုးများကို အစဉ်တကျ

  • @user-tf7wm8ty5n
    @user-tf7wm8ty5n Месяц назад

    ‌မဂ်လာပါတော်လိုက်တဲ့သါးလေး

  • @user-mf1qg5vg8q
    @user-mf1qg5vg8q Год назад +1

    ြမန္မာလူငယ္များအတုယူးနိုင္ြကပါေစ

  • @user-wz4ur7hd8h
    @user-wz4ur7hd8h Год назад +5

    လေးစားစရာရဂုဏ်ယူပါတယ်🎉🎉🎉❤❤❤

  • @Naing-ht9zv
    @Naing-ht9zv 4 месяца назад

    သာဓုသာဓုသာဓုသူဖြေနိုင်ပါတယ်

  • @minmin-jz7fl
    @minmin-jz7fl Год назад +3

    သာဓုသာဓုသာဓု
    ကလေးကတော်ပါတယ်
    ဘုန်းဘုန်းကလည်းအဖြေabcdရွတ်ပြရင် လေသံအယူအသိမ်းကတမျိုးနော်😅

  • @AungThu-jj4ev
    @AungThu-jj4ev 19 дней назад

    ဂုဏ်ယူပါတယ်❤❤❤🎉

  • @NanDa-vu5dd
    @NanDa-vu5dd 3 месяца назад

    သားလေးအောင်မြင်ပါစေသာ.ဓုသာဓုသာဒု

  • @maymau5822
    @maymau5822 Год назад +6

    တော်လိုက်တာ.😮😮😮.😊😊

  • @mgtun7734
    @mgtun7734 3 месяца назад

    တပည့်တော်အကြံပြုပါရစေဘုရား ဗုစ်ဒဝင်အမေးအဖြေပြိုင်ပွဲသည် အရပ်ထဲ ထွေပစ်ကစားနေခြင်းမဟုတ်ပါ ထို့ကြောင့် စကားအသုံးအနှုံးများကို သတိန့ဲထိမ်းသိမ်းပြောစေချင်ပါတယ် ဆက်ကစားမလားဆိုတာမျိူးကို မသုံးနှုံးသင့်ပါ ဖြေဆိုပါမည် အဖြေပေးပါမည် အစရှိသည်တို့ကို သုံးစွဲသင့်ပါတယ်

  • @chitye-wo1sj
    @chitye-wo1sj Год назад +3

    🙏🙏🙏တော်လိုက်တာ

  • @user-to8lb2yl7t
    @user-to8lb2yl7t 3 месяца назад +1

    ကျေးဇူးပါ

  • @RealMe-vr9iw
    @RealMe-vr9iw Год назад

    တော်လိုက်တာ... သားလေးရယ်.... သာဓုသာဓုသာဓုပါ

  • @NaiongJanesh
    @NaiongJanesh Месяц назад

    မေးခွန်းကြိုသိခွင့်ရတယ်။

  • @kyawkyaw3110
    @kyawkyaw3110 Год назад +5

    ဆက်ဖြေမလားမဟုတ်ဖူးလား ကျော်ထက်အောင်
    ဘယ်လိုဆက်စကားလားလည်းဘုရားစာတွေလေ စကားတာလား

  • @UKyawKyaw-xf2oq
    @UKyawKyaw-xf2oq Месяц назад

    သာဓုသာဓုသာဓုပါဘုရား

  • @user-qp1wp4ph2n
    @user-qp1wp4ph2n 2 месяца назад

    ကျေးဇူတင်ပါတယ်