ရွှေတိဂုံ စေတီတော် ဗုဒ္ဓပြတိုက်၊ (Shwedagon Buddha Museum) သိင်္ဂုတ္တရ ကုန်းတော်၊ ရန်ကုန်မြို့၊

Поделиться
HTML-код
  • Опубликовано: 18 сен 2024
  • ‌ရွှေတိဂုံ စေတီတော် မြတ်ကြီး ဗုဒ္ဓပြတိုက် (ဗုဒ္ဓဝင်ပြတိုက်)
    အနောက်စောင်းတန်းဝန်းကျင် အလယ်ပစ္စယာ အောင်မင်းအောင်စေတီအရှေ့မှ လမ်းကလေးအတိုင်း ဆက်၍လျှောက်လျှင် ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ ဗုဒ္ဓဝင်ပြတိုက်သို့ ရောက်ပေမည်။ ရင်ပြင်တော် အနောက်မြောက်ထောင့်မှ ဗောဓိညောင်ပင်ကြီး အနီးတွင်လည်း ထိုပြတိုက်သို့ ဆင်းရာ အုတ်လှေကားငယ် ရှိသည်။ ဗုဒ္ဓပြတိုက် (မော်ကွန်းတိုက်) ၏ အောက်ဆုံးထပ်မှ ထွက်၍လည်း သွားနိုင်သည်။
    မဟာဗုဒ္ဓဝင်ပြတိုက်ကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်နေ့တွင် စတင်ဖွင့်ခဲ့ခြင်းဖြစ်သည်။ ပြတိုက်အဝင်ဝ စင်္ကြံလမ်း၏ လက်ဝဲဘက်၌ သာယာဝတီမင်းလက်ထက် တောင်ဘက်စောင်းတန်းကြီးတွင် အသုံးပြုခဲ့သော တိုင်လုံးကြီးများကို ပြသထားသည်။ စင်္ကြံလက်ယာဘက်တွင် ၁၉၂၄ ခုနှစ်က အရှေ့ဘက် စောင်းတန်းကြီးတွင် အသုံးပြုခဲ့သော တိုင်လုံးကြီးများနှင့် ကျောက်ပြားများကို ပြသထားသည်။
    ပြတိုက်သည် နှစ်ထပ်ဆောင် ဖြစ်၏။ အောက်ထပ်တွင် ဂေါတမဘုရားလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသည်မှ ပရိနိဗ္ဗာန်ပြုသည်အထိ ဇာတ်တော်ပြကွက်များကို အခန်းပေါင်း ၂၈ ခန်းဖြင့် ပြသထားသည်။ အခန်းတိုင်းတွင် ပြခန်းဇာတ်ကွက်နှင့်ဆိုင်သော ဖြစ်တော်စဉ်တို့ကို ငြိမ့်ညောင်းသော အသံနောက်ခံဖြင့် ပံ့ပိုး ပေးထားသည်။ ပြခန်းအလယ်၌ ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ်ပြကွက်၊ ဗုဒ္ဓဂါယာဒေသ မြေပုံပြကွက်နှင့် ဘုရားရှင် ပွင့်တော်မူရာ သတ္တသတ္တဟ ၇ ဌာနပြကွက် မြေပုံကြီးများ ရှိသည်။ ထိုမြေပုံကြီးများကို ဒုတိယထပ်မှ တက်၍ ကြည့်ရှုနိုင်သည်။ ဒုတိယထပ်တွင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ဗုဒ္ဓဝင် ပန်းချီကားများ ပြသထားသည်။ သင်္ဂါယနာတင် သမိုင်းဝင် ပန်းချီကားကြီးများကို နံရံကြီးများအပြည့် ရေးဆွဲထားသည်။
    #ရွှေတိဂုံ စေတီတေ် ဗုဒ္ဓပြတိုက်၊
    #Shwedagon Buddha Museum
    #သိင်္ဂုတ္တရ ကုန်းတော်
    #ရန်ကုန်မြို့
    #မဟာဗုဒ္ဓဝင်ပြတိုက်ကို ၁၉၉၁ ခုနှစ်
    #Yangon
    #ဒဂုံမြို့နယ်
    #ဗဟန်းမြို့နယ်

Комментарии •