နတ်ချင်း_မြန်မာ့ရိုးရာသီချင်း_Burmese Folk Songs_စာတန်းထိုး

Поделиться
HTML-код
  • Опубликовано: 27 авг 2024
  • မြန်မာနိုင်ငံတွင်၊ ဗုဒ္ဓဘာသာ သာသနာတော် မထွန်းကားမီ အချိန်အခါက မြန်မာလူမျိုးများသည် အများအားဖြင့်၊ နတ်ကိုးကွယ်မှု အလေ့အထ ရှိခဲ့ကြသည်။ ထိုခေတ်အခါက ကိုးကွယ်ပသသည့် နတ်ပေါင်း ၃၇မင်းရှိခဲ့ရာ၊ ထိုနတ်များကို ပူဇော်ပသရာတွင်၊ နတ်တပါးစီနှင့် သက်ဆိုင်ရာ သီချင်း အကအခုန်များကို သတ်မှတ်လျက်၊ သီဆို တီးမှုတ် ကခုန်လေ့ရှိကြသည်။ မြန်မာ့ရိုးရာ သီချင်းနှင့် အကများ အမျိုးမျိုး ရှိကြသည့်အနက်၊ နတ်ကိုးကွယ် ပသရာတွင်၊ တီးမှုတ်ကခုန်သော နတ်သီချင်းနှင့် နတ်အကများသည် ရှေးအကျဆုံး မြန်မာ့ရိုးရာ သီချင်းနှင့် ရိုးရာ အကများဖြစ်လေသည်။ ယခု နတ်ချင်းမှာ ၃၇ မင်းအနက်၊ လူသိအများဆုံး နတ်တပါးဖြစ်သော ဦးမင်းကျော် နတ်အား ပူဇော်ပသရာတွင် တီးမှုတ် သီဆိုလေ့ရှိသော ရိုးရာ သီချင်းပင် ဖြစ်လေသည်။
    #Ko Lwin
    #Burmese Folk Songs
    #မြန်မာ့ရိုးရာသီချင်း
    #နတ်ချင်း

Комментарии • 10

  • @kyawnyunt7894
    @kyawnyunt7894 Год назад +4

    ကြိုက်တယ်ဗျာ အားပေးနေပါတယ်

  • @phothingyan
    @phothingyan 2 года назад +3

    ဒီသီချင်းတွေနားထောင်ရတော့ ခုခေတ်နတ်ပင့်နတ်ချော့သီချင်းတွေက ဟာတာတာ ဘာလိုနေမှန်းမသိဖြစ်ရတယ်။ ခေတ်ကိုလိုက်ပြီး မြန်‌ေအာင်တီး မြန်အောင်ကကြတော့ ကြည့်ရကြားရတာ ဆူညံရှုပ်ထွေးမိသလိုခံစားရတယ်။

  • @tintwai7679
    @tintwai7679 2 года назад +2

    အရမ်းသဘောကျပါတယ်
    ကျွန်တော်က ဂီတကိုနားလည်သူ မဟုတ်ပေမယ့် မြန်မာ့ရိုးရာဂီတ သီချင်းကြီးသီချင်းခန့်တွေကို နားဆင်ခံစားရတာ
    နှစ်သက်သူပါ ဒီနတ်ချင်းကို နတ်ပွဲတွေမှာနားထောင်ခဲ့ဘူးပေမယ့် အခုမှအသေအချာနားဆင်ရပါတော့တယ်
    ဆက်လက်အားပေးနေပါမယ်

  • @chitswe2831
    @chitswe2831 Год назад +3

    နားဆင်ရ တယ်ကောင်းဗျာ

  • @NyiNyi-mf5ci
    @NyiNyi-mf5ci 11 месяцев назад

    အဲသလို မူရင်းစစ်စစ် ခေတ်ဟောင်းတေးကြိုက်နှစ်သက်ပါသည် ကျေးဇူးတင်ပါသည်

  • @pretamane9646
    @pretamane9646 2 года назад +3

    2:14 ကိုးကျောင်းဒကာ?

    • @KoLwin
      @KoLwin  2 года назад +4

      ၁၉၆၅ခုနှစ်ထုတ် မြန်မာ့ရိုးရာသီချင်းစာအုပ်မှာတော့ "ကိုကျောင့်းဒကာ"လို့ပဲ ရေးထားပါတယ်ဗျ

  • @kelvinko7527
    @kelvinko7527 2 года назад +1

    အကိုအစဥ်အမြဲအားပေးနေပါတယ်
    မင်းသမီးကြီး မြခြေချင်း ဒေါ်ငွေမြိုင်ရဲ့
    ရွှေသွားသီချင်းလေးကို စာသားလေးနဲ့တကွတောင်းဆိုပါရစေ ရှာတာမရပြန်ဘူး 😅

    • @KoLwin
      @KoLwin  2 года назад +1

      ဟုတ်ကဲ့ ရှာပြီးတင်ပေးပါမယ်

    • @KoLwin
      @KoLwin  2 года назад +1

      တင်ပေးလိုက်ပီနော်
      ruclips.net/video/NphVPLt_Bhw/видео.html