12VCharger နဲ့ Adapter ရဲ့ကွာခြားချက်နဲ့အသုံး၀င်ပုံပြောပြထားပါတယ်တခုခုသိရသွားမယ်လို့ထင်ပါတယ်
HTML-код
- Опубликовано: 8 фев 2025
- #12V_Charger_Adapter
#စိတ်၀င်စားစရာ
ဒီVideoလေးက
12V Charger နဲ့ Adapter ဆိုတာက မတူပဲ ကွာခြားချက်အကြီးကြီးရှိတယ်ဆိုတာကို မသိသေးတဲ့သူတွေ နားလည်သဘောပေါက် ဗဟုသုတလေးတွေရသွားအောင်တင်ပေးတာဖြစ်ပါတယ်🙂
တခုခုပညာရသွားကြရင် ကျနော်ကြေနပ်ပါပြီ😊☺️
အားလုံးကိုကျေးဇူးတင်ပါတယ်
သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို
ဂါ၀ရပြုလျှက်ပါပဲဗျာ 😇😊☺️
အခုမှပဲ နားလည်တော့တယ်... အရင်တုန်းက အတူတူပဲထင်ခဲ့တာ... ကျေးဇူးပါ bro
thank bro
အားပေးလို့ ကျေးဇူး bro
12v lithium ion battery အားသွင်းတာ 18v charger နဲ့အားသွင်းလို့ရလားဗျ
မရပါဘူးဗျာ battery ခနလေးနဲ့ပျက်တတ်ပါတယ် အခန့်မသင့်ရင်တအားပူပြီး မီးလောင်နိုင်လို့ မသုံးသင့်ပါဘူး
CG နဲ့ အားသွင်းရင် ဥပမာ 13.3 V CG နဲ့ 12V အက်စစ်ဘက်ထရီကို အားသွင်းရင် 13.3 V လောက်မှာ Charger က အော်တိုရပ်နေမှာလား ရပ်နေခဲ့ရင် လူကကြိုးကိုမဖြုတ်ပေးပဲ ၃ နာရီလောက် မေ့ပြီးထားခဲ့ရင် Over Charger ဖြစ်မလားဗျ သို့မဟုတ် ရေရှည်ဒီအတိုင်းပဲဖြစ်နေရင် ဘက်ထရီပျက်စီးလွယ် မီးလောင်လွယ်မလား
မေးခွန်း ၂ က 13.3 V မှာ ကြိုးမဖြတ်မိခဲ့ရင် နာရီကြာရင်ကြာသလို 15V 18V ထိ ရောက်သွားမလားခင်ဗျ
Chargerက ပေးနိုင်တဲ့ V ထက်မများနိုင်ပါဘူး အချိန်အကြာကြီး မဖြုတ်ပဲအားသွင်းထားမိမယ်ဆိုရင်တော့ ဘက်ထီပူလာတာမျိုးဖြစ်တတ်ပါတယ် ဘက်ထီတွေကအပူကြောက်တာဆိုတော့သက်တမ်းတိုတာပျက်တာဖြစ်နိုင်ပါတယ်
အားသွင်းနေရင်း 1 2မိနစ်လောက်ဆိုအားကပြည့် သွားပြီပြနေတာ battery ကကောင်းသေးတယ် charger errorလားbro ပြင်လို့ရနိုင်သေးလား
batteryကောင်းတာသေချာလို့လား
စျေးပေါတဲ့chargerတွေမှာဖြစ်တတ်ပါတယ် မီးနီစိမ်းက အားပြည့်ကြောင်းအတိကျသတ်မှတ်လို့မရပါဘူး
I want to know how I use amper for device.
It depend on the types of devices that you want to use.
ကျေးဇူး ညီလေး
ဟုတ် ကျေးဇူးပါဗျ
နားလယ်သွားပြီpro
မသိလို့မေးပါရစေ ဆျာပြောတဲ့ cgနဲ့ Adကို နှစ်လုံး တစ်လုံး ပေါင်းရင် ဗိုလ့်ဒိတ်တွေမတရားထွက်နိုင်လား
အားသွင်းရင် ပိုကောင်းမလားဆိုတာ
သိပါရစေ
အမျိုးအစားနဲ့ Volt မတူတဲ့အတွက် series parallel ချိတ်မသုံးသင့်ပါဘူး 24Vလိုချင်ရင် 24V charger/adapterတွေသုံးသင့်ပါတယ်
12v battery ကနေ 6v controllerသုံးချင်တယ် bro အသုံးပြုပုံလေးကို အလွယ်ကူဆုံးလေးပြပေးပါ
12V ကနေ 6V ပြောင်းသုံးချင်တာလားဗျ
@@MgTHtwin အကို့ရဲ့ ချန်နယ်ကိုအခုမှကြည့်မိတာပါ 12v to 6v ချိန်းနည်းလေး ဖြေပေးစေလိုပါတယ် အကိုရေ
ကျေးဇူးအများကြီးတင်ပါတယ်🙏
thank😊
Lead acid battery 12v ကို ရောအားသွင်းလို့ရပါလား
ဆိုင်ကယ်အိုးလောက်ဆိုရင်တော့ရပါတယ်
Charger 24V က battery 12V ကိုအားသွင်းမယ်ဆိုဘာဖြစ်နိုင်လဲ
battery ပျက်စီးနိုင်တာပေါ့
12V Charger နဲ့ 12V 40A bettery ကိုအားသွင်းလို့ရလားဗျ..
ဟုတ်ကဲ့ 12V chargerအမျိုးမျိုးရှိပါတယ် ကျနော်ပြထားတဲ့အမဲတုံးလေးက 12V40Aကို အားမသွင်းနိုင်ပါဘူး ဒါကအလွယ်တကူပြတဲ့နမူနာchargerအသေးစားလေးပါ ဒါကြောင့် 12V 40A ကိုအားသွင်းချင်တယ်ဆိုရင် သူနဲ့သင့်လျှော်တဲ့ 12V chargerကိုအသုံးပြုပေးရပါမယ်
@@MgTHtwinအဲ့အမဲတုံးကိုပဲ Ampere များတဲ့ Charger ဆိုရလားဗျ...အိမ်မှာတော့2A Charger တစ်တုံးရှိလို့..
ဆရာ တစ်ခုလောက် မေးချင်းပါတယ်။ ဆရာvideos တွေကိုလည်း အားလုံးနီးပါး အားပေးဖြစ်ပါတယ်။ ကျွန်တော်သိချင်တာက laptop ad နဲ့ 12 volt ကားဘတ္ထရီကို အားသွင်းလို့ ရပါသလား။ laptop ဘတ္ထရီက 19 volt ပါ။ တစ်ဆက်တည်းမှာပဲ ကားဘတ္ထရီ 12 volt အခြောက်အိုးတွေး အားမခံတော့ ရင် အက်ဆက် ဖြည့်ပီး ပြန်သုံးလို့ရပါသလား အက်ဆက်ဖြည့်ပြီး အားသွင်းရင် အဖုံးတွေကို ဖွင့်ပြီး အားသွင်းရပါသလား သိချင်ပါတယ်။ ဘတ္ထရီက မီထွန်းသုံးဖို့ပါ။ လက်ရှိက laptop ad 19 volt နဲ့ သုံးနေပါတယ်။ ဘတ္ထရီက အားအကြာကြီးမခံတော့ဘူး။ ကျေးဇူးပြု၍ ပြန်ဖြေပေးပါ ဆရာ။ ဆရာ့ရဲ့ အမာခံ ပရိတ်သတ်တစ်ဦး။
ဟုတ်အားပေးတဲ့အတွက် ကျေးဇူးပါဗျ
ပထမဆုံးအနေနဲ့ laptop adapterနဲ့ကားဘက်ထီကိုအားသွင်းလို့အဆင်မပြေပါဘူးကားဘက်ထီအားသွင်းစက်နဲ့ပဲသွင်းရမှာပါ
ဒုတိယက ကားဘက်ထီခြောက်အိုးတွေကိုအက်ဆစ်ထပ်ဖြည့်ပြီးသုံးလို့မရပါဘူး ဘာလို့ဆိုတော့သုံးတာကြာလို့အထဲကခဲပြားတွေမကောင်းတော့လို့အားမခံတာပါ
တတိယက အားသွင်းရင်အဖုံးဖွင့်စရာမလိုပါဘူး အက်စစ်ဘက်ထီအိုးတွေက ပူလာရင်အငွေ့ထွက်နိုင်အောင်အဖုံးမှာ အပေါက်သေးသေးတွေပါပြီးသားဖြစ်ပါတယ်
အဆင်ပြေပါစေဗျာ.....
မင်္ဂလာပါ အစ်ကို အချိန်မနည်းတော့ဘူးဗျ မအိပ်သေးဘူးလား
ဟုတ်
အိမ်မှာ လက်လုပ်ဓာတ်ခဲလုပ်နည်းရှိရင် တင်းပေးပါအုံးလား
ဓါတ်ခဲထွင်တာထက် ၀ယ်သုံးလိုက်တာပိုအဆင်ပြေအန္တရယ်ကင်းပါတယ်ဗျာ
မောနင်း ညီလေး
ကျေးကျေးပါ။❤
ဟုတ်
thanks
Face ကြည့်ချင်တယ်အကို
မျက်နှာမြင် ရိုက်ချင် 😁မှားလို့😁 မျက်နှာမြင်ချစ်ခင်နေ မှာစိုးလို့ပါ😁
အချိန်တန်တော့တွေ့ရမှာပါ bro
Battery 12v တစ်လုံးကို အင်ဗာတာဖွင့်သုံးနေရင် battery ကိုတစ်ခါထဲနောက်စက်တစ်လုံးနဲအားသွင်းလိုရပါလာခင်ဗျာ
မလုပ်သင့်ပါဘူး အပူလွန်တာ ပေါက်ထွက်တာမျိုး အန္တာရယ်ရှိတယ် Batteryတွေက မီးလာရင်အားသွင်း မီးပျက်ရင်အားပြန်ထုတ်သုံးဖို့အတွက်လုပ်ထားတာပါ
Laptop ကို အားသွင်းပြီးသုံးရင် ဆိုကျိုးရှိမလား
ပြသာနာမရှိပါဘူး laptop တွေဆိုတာ အဆင့်မြင့်စနစ်သုံးထားတာပါ အိမ်မှာနေရင်ပလပ်တပ်သုံးပါ အပြင်သွားမှ battery လိုတာပါ
@@MgTHtwin ဟုတ် ကဲ့ ကျေးဇူးပါ
အစ်ကိူရေမီးလုံးခေါင်းဖြုတ်နည်းတင်ပေးပါလားဗျာ
ဟုတ် မီးလုံးခေါင်းဖြုတ်နည်း ထပ်တင်ပေးပါ့မယ်ဗျ
ဆရာ ကျနော် ဆရာ့ video တွေကြည့်ဖြစ်ပါတယ်
တစ်ခုလောက်မေးချင်လို့ပါဆရာ
Adapter နဲ့ charger နှစ်ခုက
Voltage auto cutout system တွေပါလား ဆရာ
ပုံမှန်အားဖြင့်တော့ adapter နဲ့ charger တွေက အားပြည့်ရင်ဖြတ်မပေးပါဘူး လူကပဲစောင့်ကြည့်အားသွင်းရတာပါ auto cutoff chargerတွေလဲရှိပေမဲ့ စျေးကြီးတော့၀ယ်ရ ရှားပါတယ်