ရွှေကြည် ဆနွင်းမကင်း

Поделиться
HTML-код
  • Опубликовано: 17 окт 2024
  • မွှေး ရွှေကြည်မူန့်ကိုသုံးပီး ရွှေကြည်ဆနွင်းမကင်းလုပ်ပါတယ်၊
    ရွှေကြည်မူန့် အမျိုးအစား တံဆိပ် အမျိုးမျိုးအပေါင်္မူတည်ပီး ရေ အချိုး လိုတိုးပိုလျော့ ပြုလုပ်ရပါမယ်။
    ရွှေကြည်ကို ညိုနေအောင်လှော်လိုက်ရင် ပိုမွှေးပေမဲ့.. စေးကပ်မူ့ နည်းသွားပီး လှီးတဲ့အခါ ဖွယ်ထွက်နိုင်ပါတယ်။ မာမာလေးကြိုက်ရင် အုန်းနို့ကို ၃၀၀ မီလီလီတာ သုံးပါ၊
    ဒူးရင်းရွှေချီ ဆနွင်းမကင်း
    ယူအက်စ် မှာ ရွှေကြည်လုပ်တဲ့အခါ semolina ကုလားလိုတော့ Sooji လို့ အထုပ်မှာ ထင်ထင်ရှားရှား ရေးထားလေ့ ရှိပါတယ်၊ အဲဒီထဲကို ဂျုံစေ့ရဲ့ အပြင်ဘက် အကျဆုံး အလွှာဖြစ်တဲ့ Wheat germ ကို ရောသုံးပါတယ်၊ Wheat germ မှာ အဟာရဓာတ် ၊ အဆီ၊ အိုမီဂါ ၃ တို့ပါ၀င်ပီး၊ မွှေးပီး ဆိမ့်တဲ့ အနံ့အရသာ ရှိပါတယ်။
    ပါ၀င်ပစ္စည်းများ
    1. Sooji ( fine) ၁၆၀ ဂရမ် ( ၁ ဆယ်သားခန့်)
    2. Wheat germ ၂၀ ဂရမ်
    3. သကြား ၁၆၀ ဂရမ်
    4. ဆား အနည်းငယ်
    5. ကြက်ဥ ၁ လုံး
    6. အုန်းနို့ ၃၀၀ မီလီလီတာ
    7. ထောပတ် ၈၀ ဂရမ်
    8. ဒူးရင်းသီး အသား ၁ စားပွဲဇွန်းမောက်မောက်
    9. ဘိန်းစေ့ ၁ လက်ဘက်ရည်ဇွန်း
    10. ပစ်စတာချို ၁၀ စေ့ခန့် အခွံနွှာ လေးစိတ်ကွဲထောင်းထား
    ပြုလုပ်နည်း
    1. ဆူဂျီနဲ့ ဂျုံဖွဲကို မီးအေးအေးနဲ့ မွှေးလာရုံလေး လှော်ပါတယ်၊ ( မီးပျင်းရင် ရွှေကြည် အရောင်ညိုတဲ့အထိ လှော်လိုက်ရင် ဂျုံမှာ ပါတဲ့ ကော်ဓာတ်က ခြောက်သွားလို့ ရွှေကြည် ဆနွင်းမကင်းကို လှီးတဲ့အခါ အတုန်းလိုက် လှီးမရဘဲ ဖွာကြဲထွက်ကုန်တတ်ပါတယ်။)
    2. ဂျုံဖွဲရဲ့ အနံ့လေးက မွှေးလာချိန်မှာ ထောပတ်ကို ထည့်မွှေပါတယ်၊ ကြက်ဥ နဲ့ အုန်းနို့ ကို သမအောင်ရောမွှေပေးပီးမှ ရွှေကြည်ထဲ ထည့်မွှေပေးပါတယ် ( ကြက်ဥ က အပူနဲ့တွေ့တဲ့အခါ တန်းပီး ခဲမသွားအောင်လို့ အုန်းနို့နဲ့ အရင်ရောမွှေပါတယ်ရှင့်)။ ဒူးရင်းသီး အသားထည့်မွှေပေးပါတယ်၊
    3. မီးအေးအေးနဲ့ ရေခမ်း ဆီပြန်လာတဲ့အထိ မွှေပေးပီး၊ မုန့်သားနပ်တဲ့အခါ မုန့် ဗန်းထဲ ပြောင်းထည့်ပါတယ်၊ မျက်မှာပြင်ညီအောင်ညှိပီး ပစ်စတာချီရို နဲ့ ဘိန်းစေ့ ဖြူးထည့်ပါတယ်။
    4. ဖန် အာဗင်ထဲမှာ ၅၀၀ F /၁၈၀ C နဲ့ ၁၀ မိနစ် ဖုတ်ပေးလိုက်တယ်၊
    5. အေးသွားတဲ့အခါ နှစ်သက်သလို အတုန်းလေးတွေ လှီးပီး သုံးဆောင်နိုင်ပါဘီ။
    ကိုယ်အသုံးပြုတဲ့ ရွှေချီမှုန့် အမျိုးအစားအပေါ်မူတည်ပီး ရေလိုအပ်ချက် ကွဲပြားနိုင်တာမို့..အုန်းနို့၊ နွားနို့၊ တို့ အပိုဆောင်ထားပီး လိုအပ်သလို ထပ်ထည့်ရနိုင်ပါတယ်။

Комментарии • 31

  • @yadaname
    @yadaname 3 года назад +2

    My favorite dessert. Thank you

  • @htayaungminn518
    @htayaungminn518 10 месяцев назад

    Thanks ME ME❤for your show

  • @chochin2713
    @chochin2713 6 лет назад +2

    Thank you for sharing

  • @ciazing2947
    @ciazing2947 5 лет назад +2

    Meemeetofu
    လိုက်လုပ်နေတယ် တကယ်အကြိုးရှိတယ် ကြေးဇူးတင်တယ်နော်
    မုန့်ဆီကြော်လုပ်ပြလုရမလား?

  • @sukhino4475
    @sukhino4475 4 года назад

    Are you baking or steaming?

  • @khinayewickman8538
    @khinayewickman8538 5 лет назад +3

    Please can we have the ingredients in English, many thanks

  • @lwong77
    @lwong77 5 лет назад +4

    you need to list all the ingredients in your recipes. thanks

  • @moekhinkhin859
    @moekhinkhin859 Год назад +1

    ရွှေချည် တစ်ထုပ် အလေးချိန် ဘယ်လောက်ရှီပါသလဲ။

  • @thadarmyatnoe4306
    @thadarmyatnoe4306 Год назад

    ဆနွင်းမကင်း လုပ်နည်းစုံစုံလေး တင်ပေးပါနော် အမ အထက်မီး အောက်မီးနဲ့ လုပ်နည်းလေး

  • @thulay7615
    @thulay7615 5 лет назад +1

    အားပေးနေပါမယ်အမ ကျောက်ကျေားထိုးနည်လေး တင်ပေးပါလား

  • @Zarni-ec7vo
    @Zarni-ec7vo 2 года назад

    ပါဝင်အမယ်အားလုံးရောပြီး၁နာရီလောက်နှပ်ထားပါပြီးမီးဖိုမှာတင်ရင်ခဏ။ လက်ညောင်းလောက်အောင်မမွေရပါ။

  • @ayethets5320
    @ayethets5320 4 года назад +2

    ရွှေကြည်ဘယ်လောက်အလေးချိန်လဲအမ

  • @kyawtunaung2021
    @kyawtunaung2021 2 месяца назад

    အချိုးအစားလည်း မပြောဘူး မမီးရေ

  • @sharatsingh8368
    @sharatsingh8368 5 лет назад +1

    Please put subtitles in English

  • @CNOHFantasy
    @CNOHFantasy 5 лет назад +1

    nice to eat but not heathy.

  • @mmk9850
    @mmk9850 Год назад

    ရွှေကြည်မှုန့်က တစ်ထုပ်လား မီးမီးရေ?

    • @Meemeetofu
      @Meemeetofu  Год назад +1

      ဟုတ်ပါတယ်၊ မွှေး ရွှေကြည် တထုပ်ပါ

  • @littlehobbywalls282
    @littlehobbywalls282 5 лет назад

    မမီးရေ ပထမတခေါက်လုပ်တုန်းကလေ မုန်.ကကျစ်တယ်ပွပွလေးမဟုတ်ဘူး

    • @Meemeetofu
      @Meemeetofu  5 лет назад

      ကြာကြာလှော်ပေးရ..

  • @eieizin.7067
    @eieizin.7067 Год назад +1

    Ovan ပုံစံကဖန်လဲရှိာတာပဲနော်

    • @Meemeetofu
      @Meemeetofu  Год назад

      အာဗင် လုပ်သလို ကိတ်မုန့်ဖုတ်တာကျ အဆင်မပြေဘူး

  • @20011hey
    @20011hey 6 лет назад

    Can you put ingredients in English

    • @Meemeetofu
      @Meemeetofu  6 лет назад

      In this recipe, I used Myanmar shwe kyi flour which hard to find in other country. I will post another video using semolina which readily available in the U.S.

  • @AppleApple-tv5jg
    @AppleApple-tv5jg Год назад

    မမိးရေဆီမထဲဲ့ဘူးလား ထောပတ်တော့ထဲ့တာတွေ့တယ်

    • @Meemeetofu
      @Meemeetofu  Год назад

      မမီး သုံးတဲ့ အုန်းနို့က ဆီပါဝင်မှုများ၊ ထောပတ်လဲ များများသုံးထားလို့၊ ထောပတ်၊ အုန်းနို့ နဲရင် ဆီထည့်ပေး၊ အခုနောက်ပိုင်းလုပ်တာကျ ထောပတ်မသုံးဘဲ ဂီး သုံးတယ်

  • @AMi-k9n
    @AMi-k9n 27 дней назад

    ရွှေကြည်မှုန့်နဲ့အချိုးအစားလေးပြေားပေးပါဦးရှက့်

    • @Meemeetofu
      @Meemeetofu  26 дней назад

      ဒူးရင်းရွှေချီ ဆနွင်းမကင်း
      ယူအက်စ် မှာ ရွှေကြည်လုပ်တဲ့အခါ semolina ကုလားလိုတော့ Sooji လို့ အထုပ်မှာ ထင်ထင်ရှားရှား ရေးထားလေ့ ရှိပါတယ်၊ အဲဒီထဲကို ဂျုံစေ့ရဲ့ အပြင်ဘက် အကျဆုံး အလွှာဖြစ်တဲ့ Wheat germ ကို ရောသုံးပါတယ်၊ Wheat germ မှာ အဟာရဓာတ် ၊ အဆီ၊ အိုမီဂါ ၃ တို့ပါ၀င်ပီး၊ မွှေးပီး ဆိမ့်တဲ့ အနံ့အရသာ ရှိပါတယ်။
      ပါ၀င်ပစ္စည်းများ
      1. Sooji ( fine) ၁၆၀ ဂရမ် ( ၁ ဆယ်သားခန့်)
      2. Wheat germ ၂၀ ဂရမ်
      3. သကြား ၁၆၀ ဂရမ်
      4. ဆား အနည်းငယ်
      5. ကြက်ဥ ၁ လုံး
      6. အုန်းနို့ ၃၀၀ မီလီလီတာ
      7. ထောပတ် ၈၀ ဂရမ်
      8. ဒူးရင်းသီး အသား ၁ စားပွဲဇွန်းမောက်မောက်
      9. ဘိန်းစေ့ ၁ လက်ဘက်ရည်ဇွန်း
      10. ပစ်စတာချို ၁၀ စေ့ခန့် အခွံနွှာ လေးစိတ်ကွဲထောင်းထား
      ပြုလုပ်နည်း
      1. ဆူဂျီနဲ့ ဂျုံဖွဲကို မီးအေးအေးနဲ့ မွှေးလာရုံလေး လှော်ပါတယ်၊ ( မီးပျင်းရင် ရွှေကြည် အရောင်ညိုတဲ့အထိ လှော်လိုက်ရင် ဂျုံမှာ ပါတဲ့ ကော်ဓာတ်က ခြောက်သွားလို့ ရွှေကြည် ဆနွင်းမကင်းကို လှီးတဲ့အခါ အတုန်းလိုက် လှီးမရဘဲ ဖွာကြဲထွက်ကုန်တတ်ပါတယ်။)
      2. ဂျုံဖွဲရဲ့ အနံ့လေးက မွှေးလာချိန်မှာ ထောပတ်ကို ထည့်မွှေပါတယ်၊ ကြက်ဥ နဲ့ အုန်းနို့ ကို သမအောင်ရောမွှေပေးပီးမှ ရွှေကြည်ထဲ ထည့်မွှေပေးပါတယ် ( ကြက်ဥ က အပူနဲ့တွေ့တဲ့အခါ တန်းပီး ခဲမသွားအောင်လို့ အုန်းနို့နဲ့ အရင်ရောမွှေပါတယ်ရှင့်)။ ဒူးရင်းသီး အသားထည့်မွှေပေးပါတယ်၊
      3. မီးအေးအေးနဲ့ ရေခမ်း ဆီပြန်လာတဲ့အထိ မွှေပေးပီး၊ မုန့်သားနပ်တဲ့အခါ မုန့် ဗန်းထဲ ပြောင်းထည့်ပါတယ်၊ မျက်မှာပြင်ညီအောင်ညှိပီး ပစ်စတာချီရို နဲ့ ဘိန်းစေ့ ဖြူးထည့်ပါတယ်။
      4. ဖန် အာဗင်ထဲမှာ ၅၀၀ F /၁၈၀ C နဲ့ ၁၀ မိနစ် ဖုတ်ပေးလိုက်တယ်၊
      5. အေးသွားတဲ့အခါ နှစ်သက်သလို အတုန်းလေးတွေ လှီးပီး သုံးဆောင်နိုင်ပါဘီ။
      ကိုယ်အသုံးပြုတဲ့ ရွှေချီမှုန့် အမျိုးအစားအပေါ်မူတည်ပီး ရေလိုအပ်ချက် ကွဲပြားနိုင်တာမို့..အုန်းနို့၊ နွားနို့၊ တို့ အပိုဆောင်ထားပီး လိုအပ်သလို ထပ်ထည့်ရနိုင်ပါတယ်။

  • @sweaye8164
    @sweaye8164 6 лет назад +1

    အသံဘဲ့ကြားရပြီးထိုးပြနေတာမတွေ့ရဘူးမမီး

    • @Meemeetofu
      @Meemeetofu  6 лет назад

      မမီးကြည့်တာ .. အကုန်မြင်ရတယ်..အင်တာနက် လိုင်းနှေးနေလို့လား

    • @sweaye8164
      @sweaye8164 6 лет назад

      ဟုတ် ဖြစ်နိုင်ပါတယ် ညဘက်ထပ်ဖွင့်ကြည့်ပါဦးမယ်