၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် နောင်ချိုမြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ပြီ

Поделиться
HTML-код
  • Опубликовано: 5 сен 2024
  • ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် နောင်ချိုမြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ပြီ
    ................
    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဒုံးတပ်ရင်း (ဒတရ) ကို ယနေ့ (ဇူလိုင် ၁၀) နံနက်အစောတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့တစ်ခုလုံးကို တအာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က ထိန်းချုပ်လိုက်ပြီဟု သိရသည်။
    မြို့တောင်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီ၏ အမှတ် (၆၀၆) ဒုံးတပ်ရင်းဌာနချုပ်ကို ယနေ့ နံနက် ၃ နာရီခန့်တွင် TNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။
    ၆၀၆ ဒုံးတပ်ရင်း ကျသွားခြင်းသည် TNLA နှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) တို့က နောင်ချိုမြို့ကို အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဟု ဆိုနိုင်သည်။
    သတင်း၊ တင်ဆက် - မြတ်ပန်း၊ ဟန်သစ်

Комментарии • 102