ချစ်စရာကောင်းပေမယ့် သင့်အသက်ကို ရန်ရှာနိုင်တဲ့ တိရစ္ဆာန် (၁၀) ကောင်

Поделиться
HTML-код
  • Опубликовано: 20 окт 2024
  • Subscribe The Reader Myanmar: bit.ly/TheReade...
    အား… ဟုတ်တာပေါ့… ကျွန်တော်တို့ အားလုံးဟာ တိရစ္ဆာန်လေးတွေကို ချစ်တတ်ကြပြီး သူတို့လေးတွေကို ကြည့်ရမြင်ရတာနဲ့ကို တော်တော်စိတ်ချမ်းသာရတယ်ဆို အားလုံးသိကြပါတယ်။ ဘယ်သူကမှလည်း ဒါကို မငြင်းနိုင်ကြပါဘူး။
    ဒါပေမယ့်လည်း ဒီလို အချောဆုံးအလှဆုံးကောင်လေးတွေက သင့်ကို အကြီးအကျယ် ဒုက္ခပေးနိုင်တယ်ဆိုတာကို တော့ ကျတော်တို့အနေနဲ့ တွေးတောင်မတွေးကြည့်မိပါဘူး။
    The Reader ရဲ့ ဒီ ဗီဒီယိုလေးမှာတော့ အရမ်းကို ချစ်စရာကောင်းပေမယ့် အန္တရာယ်အလွန်ကြီးတဲ့ တိရိစ္ဆာန် ဆယ်မျိုးအကြောင်းကို တင်ပြထားပါတယ်။ သင့်စိတ်ညစ်သွားမှာဆိုးလို့ ဗီဒီယိုလေးအဆုံးမှာ ဘိုးနပ်လေးတစ်ခုပေးထားပါတယ်။
    ကဲ နံပါတ် ၁၀ က စရေလိုက်ရအောင်။ ကျားသစ် ပင်လယ်ဖျံ
    အားပါး ဒီကောင်တွေက တကယ့်ကို ချစ်စရာလေးတွေပါဗျာ။
    ချစ်စရာကောင်းလွန်းလို့ သူတို့တွေဆီက ဘယ်လိုအန္တရာယ်မျိုးမှ လာစရာမရှိဘူးလို့ သင်ထင်ချင် ထင်ပါလိမ့်မယ်။
    ဘယ်လိုပဲဖြစ်နေပါစေ သူတို့တွေက သင့်ကို ပြုံးတောင်ပြုံးပြနိုင်ကြတယ်လေ။ သူတို့တွေရဲ့ ပါးစပ်တွေဟာ အပေါ်ဘက်ကို ကွေးနေတဲ့အတွက် ပြုံးရယ်နေတဲ့ အသွင်ကိုဖြစ်ပေါ်စေပါတယ်။
    ကျားသစ်ပင်လယ်ဖျံတွေစားသောက်တဲ့ အစားအစာ အမျိုးအစားတွေဟာ အလွန်ကိုမှများပြားစုံလင်လှပါတယ်။
    ပင်လယ်ပုစွန်စိတ်၊ ငါးမျိုးစုံ၊ ရေနေနို့တိုက်သတ္တဝါမျိုးစုံ၊ ဘုရင် ပင်ဂွင်းငှက် သာမက ၎င်းထက်ကြီးတဲ့ ဧကရာဇ် ပင်ဂွင်းငှက်ကိုတောင်မှ စားသောက်တတ်ကြပါတယ်။
    ရှင်းရှင်းပြောရမယ်ဆိုရင်တော့ သူတို့ မစားနိုင်တဲ့ အစားအစာဆိုတာ မရှိသလောက်ပါပဲ။
    အဲ့ဒီတော့ ဒီခရုတီလေးနဲ့မှ ရေတူတူကူးချင်သပဆိုရင် သင်မှတ်သားသင့်တဲ့အကြောင်းအရာ တစ်ခုကတော့ များမကြာမီက ဇီဝဗေဒသမားတစ်ယောက်ဟာ အကြောင်းမယ်မယ်ရရမရှိဘဲ ရေမျက်နှာပြင်ကနေ ရေအောက်အနက် ပေ ၂၀၀ အထိ ဒီသတ္တဝါရဲ့ဆွဲချခြင်းခံခဲ့ရပြီးတော့ သေဆုံးခဲ့ရပါတယ်။ ဖျံဆိုတော့လည်း ဘယ်သူကမှ ဖမ်းဆီးအရေးယူဖို့ မလုပ်တော့ဘူးပေါ့ဗျာ။

Комментарии • 5

  • @kokyaw415
    @kokyaw415 5 лет назад +1

    အပြောကောင်းတယ် အကို

  • @mppaing1749
    @mppaing1749 5 лет назад +2

    မြင်းကျား

  • @brokenheartedboytoy1681
    @brokenheartedboytoy1681 5 лет назад

    Good talking

  • @aiai2703
    @aiai2703 5 лет назад +2

    အရုပ်ဘယ်မှာရောင်းသလဲ

  • @kyarphyu9050
    @kyarphyu9050 5 лет назад

    ပန်ဒါဝက်ဝံလေး😍😍