နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု

Поделиться
HTML-код
  • Опубликовано: 12 сен 2024
  • နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု
    30 Minutes with the ISP (အမှတ်-၂)
    စစ်အာဏာသိမ်းမှုအလွန် နေပြည်တော်ကို သရုပ်ဖော်တဲ့အခါ နေပြည်တော်ပလ္လင်ရဲ့ အဆင်တန်ဆာ လေးရပ် လို့ ဆိုနိုင်တဲ့ နိုင်ငံတော်၊ အုပ်စိုးပုံစနစ်၊ အင်စတီကျူးရှင်းတွေနဲ့ ခေါင်းဆောင်မှု စတာတွေဟာ အနှစ်အသားမဲ့ ‘အတွင်းလှိုက်စား’ (hollowed-out) ခံနေရပါပြီ။ နေပြည်တော်ပလ္လင်ကို ကျားကန်ပေးထားတဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ အယူဝါဒရေးရာ၊ နိုင်ငံရေးဘောဂဗေဒနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပထဝီနိုင်ငံရေး ဟာလည်း သံချေးတက် သက်တမ်းကုန် ပြုန်းတီးလာပြီး ယွင်းစား (corrosion) လာနေပါပြီ။ စစ်အာဏာရှင်ကို တွန်းလှန်အံတုနေတဲ့ လူထုရဲ့ နိုင်ငံရေးလေထု၊ ဝန်းကျင်ကလည်း အပြင်းထန်ဆုံး ‘မုန်တိုင်းထန်’ (stormy political climate) တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ နေပြည်တော်ရဲ့အခြေအနေနဲ့ ‘လှိုက်စား’၊ ‘ယွင်းစား’၊ ‘မုန်တိုင်းထန်’ ဆိုတဲ့ ဝေါဟာရယူဆချက်သုံးရပ်အကြောင်းကို ဒီတပတ် ‘ISP နှင့် အတူ မိနစ် ၃၀’ (30 Minutes with the ISP) အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

Комментарии • 91