မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူ‌စောထီး ပြဿနာ (ရုပ်/သံ)

Поделиться
HTML-код
  • Опубликовано: 13 дек 2024
  • ဧရာဝတီ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၄
    မောင်တောမြို့နယ်အတွင်းရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ပြောင်မြောက်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်မြစ်ကြောင်းအပါအဝင် ၁၆၈ မိုင်ရှည်လျားသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်၏။
    ထို့ပြင် ရခိုင်ပြည်နယ်၏ မြို့အများစု၊ နယ်မြေအများစုကို စစ်ကောင်စီတပ် ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ ဤသို့သောကာလတွင် ဘင်္ဂလားဒေ့ရှ်သည် နယ်စပ်ကုန်သွယ်ရေးပြဿနာ၊ နှစ်နိုင်ငံ နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ AA နှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်လာသကဲ့သို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာသည်လည်း AA နှင့် ဖြေရှင်းရမည့်ပြဿနာ ဖြစ်လာခဲ့ပြီဖြစ်၏။
    ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာ ဖြေရှင်းရေးသည် မလွဲမရှောင် ဖြေရှင်းရန် လိုသည့်ပြဿနာဖြစ်သည်ကို အငြင်းပွားရန် မရှိပေ။ အရေးကြီးသည့်အချက်မှာ မည်သို့သော အခြေခံအချက်များပေါ်တွင် ဤပြဿနာကို ဖြေရှင်းသွားမည်နည်း ဆိုသည့်အချက်ဖြစ်၏။
    လက်ရှိမြေပြင်တွင် တွေ့ရသည့် ရိုဟင်ဂျာ မွတ်ဆလင်များ၏ အခြေအနေမှာ မြေပြင်အခြေအနေအရ ပြည်တွင်းရှိ မွတ်ဆလင်များနှင့် ပြည်ပရောက် မွတ်ဆလင်များဟု အုပ်စုနှစ်ခု ခွဲခြားနိုင်၏။ ပြည်တွင်းရှိ မွတ်ဆလင်များတွင် AA ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် နေထိုင်ကြသည့် မွတ်ဆလင်များနှင့် မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်ရှိ မွတ်ဆလင်များအဖြစ် နှစ်မျိုးခွဲခြားနိုင်သည်။
    #မြန်မာ #ဧရာဝတီ #ရိုဟင်ဂျာ #မွတ်ဆလင် #မောင်တော #AA

Комментарии • 211