B2799 Engine Immobilizer System ပြလို့ ကားစက်နိုးမရရင် ဖြေရှင်းနည်း

Поделиться
HTML-код
  • Опубликовано: 25 июн 2022
  • B2799 Engine Immobilizer System ဖြေရှင်းနည်း
    Retics ကားလေး လမ်းမှာ ခဏနားရင် နိုးမရတော့ပါဘူး။
    အထက်ပါ Code က သော့ဆရာ တော်တော်များများ
    အကြိုက်တွေ့ပါတယ်။
    B2799 ပြနေပြီဆို ကားကို (၃)ကြိမ်ထက် ပိုပြီး မနိုးသင့်ဘူး။
    🔋ဘက္ထရီအားကျသွားရင် ပိုပြီး အလုပ်ရှုပ်ပါတယ်။
    🔐ဦးစွာ သော့အရင်ပိတ်ပါ။
    Jumper ထိုးဖို့ အနေတော် ဝါယာတစ်ချောင်းရှာပါ။
    ၁၆ ပင် ကွန်ပျူတာထိုးခေါင်းကို စတီယာရင် အောက်/ဘေး
    ပတ်ပတ်လည်မှာ ရှာပါ။
    Pin 4 နှင့် Pin 13 ကို ထိုးပါ။
    (မှတ်ချက်- ကြိုးလွဲပြီး မထိုးမိဖို့ သတိပြုပါ)
    🔐သော့ဖွင့်ပေးပါ။
    ⌚(၄၅)မိနစ်တိတိ ကားကို ဘာအနှောင့်အယှက်မရှိထားပေးပါ။
    ဒိုင်ခွက်မှာ မီးလေးတွေ ခုန်နေပါလိမ့်မယ်။
    လုပ်ဆောင်နေစဉ်အတွင်း AC/Audio/Bluetooth/
    တံခါး အတင်-ချ/ဖွင့်-ပိတ် ဘာမှ မလုပ်ရပါဘူး။
    အချိန်ပြည့်တာ နှင့် တပြိုက်နက် သော့ပိတ်ပါ။
    Jumper ကြိုးကို ဖြုတ်ပါ။
    စက်နိုးလိုက်ပါ။
    ဒီနည်းစနစ်က Toyota ကားအားလုံးအတွက်
    အတွေ့အကြုံအရ တော်တော်အဆင်ပြေပါတယ်။
    ဇော်မျိုး (BFBM 🇲🇲)

Комментарии •