ကားပါဝါ၀င်းဒိုး ပြသာနာဖြေရှင်းနည်း

Поделиться
HTML-код
  • Опубликовано: 25 апр 2022
  • ကားဘက်ထရီ ဖြုတ်လိုက်လျှင် ကြုံတွေ့ရမယ့် ပါဝါဝင်းဒိုး ပြဿနာ ဖြေရှင်းနည်း
    သင့်ကားရဲ့ ဘက်ထရီကိုအကြောင်းကြောင့် ဖြုတ်ပြီး ပြန်တပ်တဲ့အခါ ကြုံတွေ့ရမယ့် ပြဿနာတွေထဲက တစ်ခုကတော့ ကားတံခါးမှန်တွေကို ယာဉ်မောင်းဘက်က ခလုတ်ကနေ တင်/ချ လုပ်လို့မရတော့တဲ့ ပါဝါဝင်းဒိုးပြဿနာပဲ ဖြစ်ပါတယ်။
    ယာဉ်မောင်းဘက်က မှန်ကိုတော့ တင်/ချ ပြုလုပ်လို့ရနေဦးမှာ ဖြစ်ပြီး အခြားတံခါးပေါက်တွေက မှန်တွေကတော့ ယာဉ်မောင်းဘက် ခလုတ်ကနေ တင်/ချ လုပ်လို့မရတော့ဘဲ သက်ဆိုင်ရာတံခါးရဲ့ ခလုတ်ကနေသာ တင်/ချ ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ဝပ်ရှော့ပြေးစရာမလို ဝါယာရိန်းဆိုင် ပြေးစရာမလိုဘဲ မိမိကိုယ်တိုင် လွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ်။
    ဘက်ထရီပြန်တပ်ပြီးပြီဆိုပါက အရင်ဆုံးကားစက်နှိုးထားပါ။ မှန် တင်/ချ လုပ်လို့မရတော့တဲ့ တံခါးမှာရှိတဲ့ခလုတ်ကနေတစ်ဆင့် မှန်ကို အဆုံးထိတင်ပါ။ မှန်အဆုံးထိရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ ၅ စက္ကန့်လောက် ဆက်မထားပါ။ အဲ့ဒီနောက် မှန်ကိုအဆုံးထိချပါ။ မှန်အဆုံးရောက်ပါက ခလုတ်ကို မလွှတ်သေးဘဲ ၅ စက္ကန့်လောက် ဆက်ဖိထားပါ။
    အားလုံးပြီးရင်တော့ ယာဉ်မောင်းသူဘက်က ခလုတ်ကနေ မှန် တင်/ချ ပြန်လုပ်ကြည့်ပါ။ အဆင်ပြေသွားပြီဆိုပါက ကျန်ရှိနေတဲ့ မှန် တင်/ချ မရတဲ့ တံခါးကိုလည်း အထက်ဖော်ပြနည်းအတိုင်းလုပ်ပေးလိုက်ပါ။ (မှန် တင်/ချ ၅ စက္ကန့်လောက်လုပ်တဲ့အဆင့်တွေမှာ သိပ်မသေချာဘူးထင်ရင် ၂ ခါ ၃ ခါလောက် တင်/ချ ပြုလုပ်ပေးပါ။)
    ဘက်ထရီဖြုတ်လိုက်ခြင်းကြောင့် ပါဝါဝင်းဒိုးပြဿနာအပြင် အခြား ပြဿနာတွေဖြစ်တဲ့ တီဗီက နောက်ကြည့်ကင်မရာ မရတော့ခြင်း၊ မြေပုံပြန်တောင်းခြင်း၊ ကုဒ်တောင်းခြင်း အစရှိတဲ့ ပြဿနာတွေလည်း တတ်နိုင်ပါတယ်။ ဒါကြောင့် ဘက်ထရီကိုအကြောင်းမရှိဘဲ မဖြုတ်ကြပါရန်နဲ့ လိုအပ်လို့ ဖြုတ်မည်ဆိုပါကလည်း OBD II ကနေတစ်ဆင့် ပါဝါပေးပြီးမှ ဖြုတ်သင့်ပါတယ်။
    ဇော်မျိုး (BFBM 🇲🇲)

Комментарии •