Finland Vocational ကျောင်းရဲ့ Interview အတွေ့အကြုံကို Sharing လုပ်ပေးထားပါတယ်နော်
HTML-код
- Опубликовано: 7 фев 2025
- ဒီ video လေးမှာတော့ ဖင်လန်နိုင်ငံရဲ့ Vocational ကျောင်း Interview မေးခွန်းနဲ့ အဖြေတွေကို Sharing လုပ်ပေးထားပါတယ်
#finland #burmese
#studentvisa #studentinformation
#student in Finland
#europe
#finnishlanguage #finnish #myanmar
အမ finland နိုင်ငံမှာ ကျောင်းတက်ဖို့ အလယ်တန်းအောင်းလက်မှတ် ရှိရင်ရပြီးလားဗျ အမှတ်စရင်းလိုလာဗျ နောက်တစ်ခု Finland language သင်တန်းတွေ့က သင်တန်းကြေးဘယ်လောက်လောက်ရှိနိုင်လဲဗျ
Vocational school တွေကတော့ အလယ်တန်းအောင်လက်မှတ်ရှိရုံနဲ့ လျှောက်လို့ရပါတယ် ကျောင်းတော်တော်များများက အမှတ်စာရင်းမတောင်းပါ သို့သော် ကိုယ်လျှောက်တဲ့ကျောင်းကတောင်းရင်တော့ ပေးဖို့ပြင်ဆင်ထားရပါမယ်နော်
Thank you so much for sharing your valuable experience it's really useful for the people who is preparing migrate to Finland.
Thanks for your sharing ❤
Thanks for watching!
ကျောင်းလျှောက်တဲ့ process၊ Visa process run တာတွေသိချင်ပါ။ US Visa လျှောက်မယ်ဆိုရင် DS160 အရင်ဖြည့် appointment ယူပြီးမှ သံရုံးသွားရတယ်။ ဖင်လန်မှာကျတော့ ဘယ်လိုလုပ်ရလဲခင်ဗျား။ ဖင်စာတော့ online ကတက်ဖို့လုပ်နေပါတယ်။ agent တွေဆီလည်း မတတ်နိုင်လို့။ သူတို့က သိန်းထောင်ချီတောင်းတယ်။ ကိုယ်တိုင်လုပ်ကြည့်မလို့ပါ။
@@cook-jg3us Finland ကတော့ online ကနေပဲ စာရွက်စာတမ်းအကုန်တင်ပေးရတာပါ online ကနေ Submit လုပ်ပီးရင် သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ သံရုံးကို Appointment Date အတွက် email ပို့ပြီးတောင်းရပါတယ် Date ရရင် တချို့စာရွက်စာတမ်းတွေ မူရင်းနဲ့တိုက်စစ်ပြီး Fingerprint လုပ်ပြီး Decision စောင့်ရုံပါပဲ
❤❤❤agent နဲ့သွားတာလားညီမရေ။
Thanks for sharing
Thanks for watching!
အစ်မရေ မြန်မာကျောင်း G11ပြီးထားရင်ဖင်းစကားသင်ပြီး ဖင်လန်မှာ G12ဆက်တက်လို့ရလားရှင့်
kiitos sisko❤
ole hyvä
Much appreciated
😍
Interviewေဖြတဲ့အခါ ဖုန်းနဲ့ဖြေရလားရှင့်
Kiitos paljon MaMa
ကျေဇူးတင်ပါတယ်
Kiitos 🥰
အမလျှောက်တဲ့ကျောင်းလေးသိပါရစေ။
အမ ဆေးပထမနှစ်ပဲပြီးထားရင် Finland မှာကျောင်းဆက်တက်လို့ရနိုင်လား
ဆေးကျောင်းဆက်တက်ဖို့က Finland မှာ ကျောင်းတက်ဖို့ ကျောင်းဘက်ကRequirements တွေပြည့်မှီနေရင်တော့ အစကနေ ပြန်Try ရင် ရနိုင်ပါတယ်
Vocational ကျောင်းတက်နေတုန်း
အချိန်ပ်ုင်းအလုပ်လုပ်လို့ရပါသလားခင်ဗျာ
ရပါတယ်ရှင့် ညီမလဲအခု ရတဲ့အလုပ်လုပ်နေပါတယ်
ကျောင်းနဲ့မဟုတ်ဘဲ တြခားဘာနဲ့လာလို့ရသေးလဲရှင့် အသက်က 30လောက်ရှိနေပါပြီ ကျောင်းနဲ့လာရင် uniတခါတည်းလျောက်လို့ရလား
လောလောဆယ်လာဖို့အလွယ်ဆုံးကတော့ ကျောင်းနဲ့လာတာပါ Uni လာတက်ချင်လဲရပါတယ် ကျောင်းလခကတော့ ရှိပါမယ်နော် ဖင်လန်လာရင် အလုပ်အကိုင်အတွက်ကတော့ ဘာသာစကားလိုပါတယ် ဖင်လန်ဘာသာစကားရမှလဲ ရေရှည်နေဖို့အဆင်ပြေမှာမို့ပါ
အမ ၇တန်းပြီးလောက်နဲ့ ဖင်လန်နိုင်ငံကိုကျောင်းတက်လာလို့ရလား
@@YinyinYinyin-qf1gp အနည်းဆုံး ၈ တန်းအောင်ထားရင် Vocational ကျောင်းတက်လို့ရပါတယ်နော်
မ interview မှာ Finnish နဲ့ဖြေတာလားရှင့်။ပြောပြပေးပါ အုံး
Finnish နဲ့ပဲ ဗျူးတာပါရှင်
ဘယ်agencyနဲ့ လာတာလဲ
FFM နဲ့ပါ
နောက်ခံMusic မထည့်သင့်
👍
Sis.. သေချာအောင် မေးကြည့်တာပါ.. သူတို့က English လို့ မေးတာလား... Finnish လိုမေးတာလား
Finnish language နဲ့ Join တာမို့ ကျောင်း Interview မှာ ဖင်းလိုပဲ မေးပါတယ် မ
@@suvivlogmm23 Thank you for replying sis.
filand လိုမေးဖြေပြောပေးစေချင်ပါတယ်.မြန်မာလိုပြောနေတော့မထူးခြားပါဘူး
နောက်ပိုင်း Finn to Finn Vlog လုပ်ပေးပါမယ်နော် မြန်မာလိုပြောပေးတယ်ဆိုတာကလဲ မြန်မာလိုပြောရင် အားလုံးအတွက် ပိုပြီးနားလည်မယ်ထင်တာမို့ပါ လိုအပ်ချက်တွေပြောပေးလို့ ကျေးဇူးပါ
Interviewက ဘယ်လောက်လောက် အချိန်ကြာလဲရှင့်
ညီမတုန်းက ၁၀မိနစ်ပဲကြာပါတယ် ၁၀မိနစ်အတွင်းမှာ မေးခွန်း ၁၅ခုဝန်းကျင်မေးသွားပါတယ်
6လလောက်ဆို intermediate လောက်ပြောတတ်လားခဗျာ
ခုအင်တာဗျုးဖြေတာတွေ စကားအတော်ရနေတဲ့ပုံဖြစ်နေတယ်လို့ထင်မိလို့ပါခဗျာ
ဟုတ်ကဲ့ သေချာလေးကြိုးစားရင်တော့ ရနိုင်ပါတယ်အကို
ဘာသာစကားဘယ်မှာသင်ယူခဲ့လဲရှင့်
FFM မှာပါရှင့်
Vocational school ပြီးရင်Uniထပ်တတ်ရသေးလားရှင့်
ထပ်တက်ချင်လဲရသလို အလုပ်ထဲတန်းသွားချင်လဲရပါတယ် အမ
@@suvivlogmm23 ကျေးဇူးပါနော်မမ❤️
high school အကြောင်းလည်းသင်ပေးလို့ရမလား
HS အကြောင်း သိပ်မသိသေးလို့ပါ သိရရင် Sharing လုပ်ပေးပါမယ်နော်
Fb acc လေး သိပါရစေ
မေးချင်တာလေးတွေရှိလို့ပါ
finland ကို လာဖို့ စ try နေလို့ပါခင်ဗျ
m.facebook.com/story.php?story_fbid=pfbid037fVNtRxn8VdZfAvMbTbFFuYs11WUohFKDEpGpuxVu31uBw349mysGAYev7qsbghRl&id=100001262465813
ဘာသာစကားတက်မှရမှာလားရှင့်
ဟုတ်ပါတယ် Eလို Program နဲ့လဲလာတက်လို့ရပါတယ် ဒါပေမယ့်အလုပ်ရဖို့က ဘာသာစကားလိုအပ်ပါတယ်