How to make Myanmar Passport. မြန်မာ passport ပြုလုပ်ပုံ အဆင့်ဆင့်
HTML-код
- Опубликовано: 29 июл 2023
- ဒီ video ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ passport စာအုပ် လုပ်မည့်သူများအတွက် အဆင်ပြေစေရန် ဖြစ်သည်။
The main purpose of this video is to make it convenient for those who will make another passport.
#myanmarpassport
Thank you😊
You are welcome
အကြောင်းပြန်ပါကျေးဇူးပါ
အကြောင်းပြန်ပေးထားပါတယ်။
ကျေးဇူးပါ
ဟုတ်ကဲ့။ အဆင်ပြေပါစေ ဗျာ
🎉ကျေးဇူးပါ၊သူများတွေပြောတော့၂သိန်း၃သိန်းပေါက်တယ်တဲ့အခု၁၅သိန်းပေါက်တယ်တဲ့ဒါ့ကြောင့်စိတ်ညစ်နေတာနဲ့မလုပ်ဖြစ်သေးတာ
ကိုယ်တိုင်လုပ်ကြည့်ပါ မခက်ပါဘူး
အဆင်ပြေပါလိမ့်မယ်
ခုတော့ smart card တစ်ခုထပ်တိုးထားပါတယ်။
Thanks bro
My pleasure
ဗီဇာလုပ်တာရောဘာတွေလိုအပ်လဲရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင့်
VISA မလုပ်ဖူးသေးလို့ မသိပါဘူး ခင်ဗျာ။
အကိုရေ အဲ QR code နဲ့ ဒိတ်လေး အတိအကျ မမှတ်မိတော့လို့ ဖိုင်ထဲမှာလည်း ဖျက်မိလို့ ဘယ်လို ပြန်ရှာရမလဲဗျ
လိပ်စာလေးသိချင်ပါတယ်ရန်ကုန်ရုံး
No.(1) Industrial road, Yangon, Myanmar
Myanmar Plaza နားမှ ပါဘဲ။
Online booking လျှောက်တာ appointment letterမှာ အမေနာမည်နဲ့ မှတ်ပုံတင်၁လုံးကျန်ခဲ့တာ အမှားပြင်လို့ရလားဟင် သိချင်လို့ပါ ဘယ်လောက်ကုန်လောက်လဲရှင့်
@@MoriBeBe Appointment letter က QR code ကို အဓိကကြည့်တာပါ။
အမှားပြင်စရာ မလိုပါဘူး။
လက်ရေးနဲ့ ဖြည့်ရတဲ့ form မှာတော့ မှားပြီးတင်မိရင် အမှားပြင်ရပါလိမ့်မယ်။
Form မတင်ရသေးဘူးဆိုရင် ကိုယ့်ဟာကို အမှန်အတိုင်း စိတ်ကြိုက်ပြင်ရေးလို့ရပါတယ်။
@@aungthuhein9312 ကျေးဇူးတင်ပါတယ်ရှင့်
မဂၤလာပါအစ္ကိုခင္ဗ်ာ
ပတ်စပို့ကလေကိုယ့်မြို့မှာရှိတဲ့ပတ်စပို့ရုံးမှာလုပ်လို့ရလားဗျဒါမှမဟုတ်ရန်ကုန်မြို့မှာပဲလုပ်ရတာလားခင်ဗျဖြေပေးပါအုံးဗျ🙏🙏🙏
မင်္ဂလာပါ ဗျာ
ကိုယ့်မြို့မှာ passport ရုံးရှိရင် ကိုယ့်မြို့မှာဘဲ လုပ်လို့ရပါတယ်။
ကိုယ်ရေးအကျဥ်း မှာတရွက်တမျက်နှာထုတ်ထားတဲ့ဟာမှာ လက်ရေးမူနက်ရေးပေးရအူံးမှာလား
ရေးပေးရပါမယ်။ အိမ်မှာ အေးအေးဆေးဆေး ရေးသွားပါ။
အပြသ်မှာဝယ်လို့ရလားလက်ရေးဖောင်က
လူဂုဏ်တန်တွေက ပွဲစားနဲ့လုပ်ကြတော့ ပွဲစားလူတန်းစားပေါ်လာပြန်။လူဂုဏ်တန်တွေကလည်း မတူမတန်သလို ဘာအဆင့်မှမဟုတ်တဲ့ကောင်တွေ ရစ်တာတစက်မှမခံချင်ကြ။
passport နဲ့ appတစ်ခုဖွင့်ပေးရင်၂၀၀၀ပေးမယ် အလိုရှိရင်chatbox လာhiပါ
ဘေဗာကပ်မရှိသေးဘူးမနက်ဖန်သွားလုပ်ရတော့မယ်အခုမှရပါတော့မလားဗေ
ရပါတယ်။
လေဘာကဒ် ကို ဒီနေ့ သွားလုပ်ထားလိုက်ပါ အချိန်မကြာပါဘူး ။
စာအုပ်ထုတ်ကမဲ့ရက်က တနင်္ဂနွေနေ့ ကျတယ်အကို၂၇ရက်နေ့ အဲ့နေ့က ရုံးဖွင့်လားဗျ
Saturday and Sunday (စနေ နဲ့ တနင်္ဂနွေနေ့) ရုံးပိတ်ပါတယ်။
27 ရက်နေ့က တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် ရုံးပိတ်ပါတယ်။
Monday to Friday (တနင်္လာနေ့ ကနေ သောကြာ နေ့) ကြိုက်တဲ့နေ့သွားပါ ရုံးဖွင့်ပါတယ်။
အဆင်ပြေပါလိမ့်မယ်။
လူမျိုးမှာ ဘင်္ဂလားဒေ့ရှ်ပါရင် စလစ်ရပြီးတော့ စာအုပ်လုံးဝထုတ်မပေးဘူးလို့ပြောကြတယ် အဲ့ဒါမှန်လားအကို ကျေးဇူးပြုပြီးဖြေပေးပါဦး...
လုံးဝထုတ်မပေးတာတော့ မဟုတ်လောက်ဘူး ထင်တယ်။
လမ်းကြောင်းတွေတော့ရှိပါလိမ့်မယ်။
လုပ်လို့ရမှာပါ။
gmail ထဲက pdf file ထဲကqr က ဖတ်လို့ရပီး
save to xml လုပ်ထားတဲ့qr ကဖတ်မရလိူ့ပြောပြပါဦးဗျ
phone ထဲမှာလည်း pdf file ကို ထည့်ထားပါ။
အပြင်မှာလည်း hard copy ထုတ်သွားပါ။
အဲ့ဒါဆို စိတ်ချ ရပါပြီ။
မြစ်ကြီးနားမှာတော့ ၊ ပွဲစားတွေကိုလုပ်ခိုင်းရင် 2သိန်းခွဲ 3သိန်းတောင်းပါတယ် ၊ လက်ရေးဖောင်က1သောင်းတောင်းပါတယ် လဝက မှာ 5ထောင်တောင်းတယ်
ပွဲစားတွေကတော့ ရှယ်ပေးရပါတယ်။ နယ်ဖြစ်လို့လည်း တောင်းကြတာထင်ပါတယ်။
လက်ရေးဖောင်လိုချင်ရင်တော့ ကျွန်တော် free ပေးပါမယ်။
လိုင်းပေါ်ကQRလုပ်တော့သွားရမယ့်dateကနေ့လည်၂နာရီဆိုတော့ဟိုကိုဘယ်အချိန်လောက်ကြိုသွားရမလဲ
QR ပေးထားတဲ့ အချိန် 2 နာရီ လောက်ရောက်သွားရင် အဆင်ပြေပါတယ်။
2 နာရီထက် စောပြီးသွားရင် စောင့်နေရပါလိမ့်မယ်။
2 နာရီထက် နာရီဝက်လောက် နောက်ကျလို့ ဘာမှမဖြစ်ပါဘူး။ ဝင်သွားလို့ရပါတယ်။ အပြင်မှာ စောင့်စရာမလိုပါဘူး။ ရုံးထဲဝင်မှ တန်းစီရမှာပါ။
appointment letter က ဘယ်ကယူရပါမလဲ
ဒီမှာ download လုပ်လိုက်ပါ။ 👇
drive.google.com/file/d/1T0jr1LxFsywOuKGB-04biW4u5Ng9IRa4/view?usp=drivesdk
ထုတ်ထားတဲ့ qr codeကို သူတို့က scanပြန်ဖတ်သေးတာလားဗျ။ ကျွန်တော် Qr ပရင့်ထုတ်ထားတာ scanဖတ်မရနေလို့ ဖုန်းထဲမှာကျတော့ ရတယ်
ဟုတ်တယ်။ qr ကို စာရွက်နဲ့လည်း ထုတ်သွား။ ဖုန်းထဲမှာလဲ ထည့်သွားပါ။
တစ်ခုမရ တစ်ခု နဲ့ အဆင်ပြေပါ လိမ့်မယ် 👍
Appointment letter ကိုထပ်ပြီးတော့ဖြည့်ရသေးလားသိချင်လို့ပါ
ဖြည့်ရပါတယ်။ လက်ရေးနဲ့ရေးပြီးဖြည့်ရတာပါ။ အရေးကြီးပါတယ်။ အိမ်မှာအချိန်ယူပြီး ဖြည့်သွားပါ။
appointment letterနဲ့လက်လေးမူကအချက်အလက်ကတူမှရမှာလားရှင်
ပုံစံ နှစ်ခုက အတူတူပါဘဲ။
Appointment letter မှာက Qr တစ်ခုဘဲ ပိုပါသွားတာပါ။ ဒါပေမယ့် AL မှာက ဘာမှ ထပ်ဖြည့်စရာမလိုပါဘူး။
နောက်ပြီး AL မှာ သူတို့က QR ကိုဘဲ ကြည့်တာပါ။
ကျွန်တော်ကတော့ AL နဲ့ လက်ရေးမူကို တူအောင်ဖြည့်ပါတယ်။
ပွဲစားတွေ နဲ့ လုပ်ရင်တော့ မပြောတက်ဘူး ဗျ။
@@aungthuhein9312
QRတင်ပေးတဲ့သူကဖခင်အလုပ်အကိုင်ထည့်ထားလို့ပါ လက်ရှိကဖခင်က ကွယ်လွန်ဖြစ်နေပြီးသန်းခေါင်စာရင်းကနေပါထုတ်ထားလို့ပါ မနက်ဖြန်သွားရမှာမို့လို့ဖြေပေးပါဦးရှင်
အကိုရေ စာအုပ်ကို ကိုယ်စားထုတ်ခိုင်းလို့ရလားနော်
ဟုတ်ရပါတယ်။
လိုရမယ်ရ မှတ်ပုံတင် နဲ့ အိမ်ထောင်စုစာရင်း ကို မူရင်းရောမိတ္တူ ပါယူသွားလိုက်ပါ။
Passport ထုတ်ရင်ဘာတွေယူသွားရသေးလဲရှင့် သူများတွေက ထုတ်ရင် သန်းခေါင်စရင်းမူရင်းလိုတယ်ပြောလိုပါရှင်
သူတို့ပြန်ချိန်းတဲ့ ချလန် စာရွက်ရယ်
မှတ်ပုံတင်ကတော့ အဓိက ယူရပါမယ်။
တစ်ယောက်ထဲကနေ နှစ်ယောက်စာထုတ်မယ်ဆိုရင်တော့ သန်ခေါင်စာရင်းပြရတယ်။
သန်းခေါင်စာရင်းကတော့ လိုရ မယ်ရ ထည့်သွားလိုက်ပေါ့။
ရန်ကုန်ရုံးမှာစာအုပ်လုပ်ချင်သူတေွပဲ Onlineကလျှောက်ရတာလား
ဟုတ်ပါတယ် ။
ရန်ကုန်ရုံးမှာ စာအုပ်လုပ်မယ်ဆိုရင် Online ကနေ QR code အရင်လျှောက်ရပါတယ်။
အကိုရေ..ကိုယ်ရေးမှတ်တမ်းဖောင်ကဟိုရောက်မှအထဲမှာဝယ်ပြီးဖြည့်လို့ရလားရှင့်
ရုံး အထဲရောက်မှာ ဖြည့်လို့ရပါတယ်။ ဒါပေမယ့် အချိန်ကုန်ပြီး နောက်ကျတက်တယ်။ စိတ်လောပြီး ဖြည့်ရင် အမှားတွေပါတက်တယ်။
အိမ်မှာကတည်းက အေးအေးဆေးဆေးဖြည့်ခဲ့ရင် ပိုပြီးတော့ကောင်းပါတယ်။ အကယ်၍ မှားရင်လည်း အေးဆေးပြန်ပြင်လို့ရတယ်။
Appointment letter ထဲ
ကျားမ နေရာ မှားနေတာ။ လက်ရေးမူထဲတော့ အမှန်ပြင်ပြီး အဲ့ရက်သွားမှ ပြောလိုက်ရင် အဆင်ပြေတယ်မလား အစ်ကိုဗျ။
အဓိက ကတော့ လက်ရေးမူထဲမှာ မှန် ဖို့လိုပါတယ်။ Appointment letter မှာက Qr ကိုဘဲ စစ်တာပါ။
စာရွက်က qrကိုရုံး၀င်ရင်သူတို့scanဖတ်သေးလားရှင့်
စာရွက်က qrက ဖုန်းနဲ့ scanဖတ်ကြည့်တာမရလို့ ဘယ်လိုလုပ်ရမလဲရှင့်
သူတို့ Qr ကို scan ပြန်ဖက်ပါတယ်။
စာရွက်က qr ကိုဘဲယူသွားပါ။ သူတို့စီမှာ ရပါလိမ့်မယ်။
@@aungthuhein9312အကိုကျွန်တော်ကpasspord qr ထည်မှာအမည် ထည်တယ်နေရာမှာစာလုံးတစ်လုံးကျန်ခဲလို အက်တာဘယ်လိုလုပ်လိုရလဲအကြောင်လေးပြန်ပေပါလာအကို
ပတ်စပိုစ်စာအုပ်လုပ်လို့ရပြီလားရုံးဖွင့်ပြီလားမသိလို့မေးပြစေ
လက်ရှိ ရုံး ဖွင့်၊ မဖွင့်တော့ မသိပါဘူး။
QR booking ကတော့ 30.4.2024 ထိရောက်နေပါပြီ။
မိသားစုဝင်၂ယောက်လုပ်မှာကို တစ်ယောက်တည်း တန်းစီပြီးလုပ်လို့ရလား
အသက်ကြီးတဲ့ လူကြီးနဲ့ ဆိုရင် တစ်ယောက်ထဲ တန်းစီလို့ရပါတယ်။
သက်လက်ပိုင်းကျန်းမာတဲ့ သူတွေဆိုရင်တော့ နှစ်ယောက် လုံးတန်းစီရပါမယ်။
pp ရုံးမှာအမှားပြင်ကောင်တာဆိုတာရှိလားဗျ
အကြောင်းကိစ္စတစ်ခုကြောင့် pv နဲ့လျှောက်ခဲ့ပြီး အခုpjကိုပြန်ချိန်းချင်လို့ပါ အသစ်လျောက်တာပါ
အမှားပြင်တဲ့ ကောင်တာ ရှိပါတယ်။
ရုံးထဲဝင်ပြီး ရဲတံဆိပ်တုံးထု ပြီးရင်
လ.ဝ.က စစ်ဆေးဖို့ ကောင်တာတွေမှာ ဝင်တန်းစီပြီး
နောက်တစ်ဆင့် ဝင်ရောက်လို့ရှိရင်တွေ့ရပါလိမ့်မယ်
အထဲမှာလဲ ဘယ်လိုလုပ်ရမယ်ဆိုတာကို မေးလို့ရပါတယ်။
အမှားပြင်ရင်တော့ ဒဏ်ကြေးပေး ရမယ်ထင်တယ်
@@aungthuhein9312 ပြင်လို့တော့ရတယ်မှလားဗျ
pv to pjကို
ဖြေပေးတဲ့အတွက့်ကျေးဇူးပါ
@@user-tm2xb5hc6z စိတ်မပူပါနဲ့
အမှားပြင်တာက ပြင်လို့ရပါတယ်။
PV ကနေ Pj ကိုပြောင်းလို့လဲရပါတယ်။
ရုံးထဲမှာလဲ ဦးရဲကြီးတွေကို မေးလို့ရပါတယ်။
ရန်ကုန်ဘယ်နာမှာလဲရှင့်
ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း@@user-rv2wz3kk3j
ကိုယ်ဆိုဒီနေ့စလစ်သွားထုတ်တာ လဝကမှာ၅ထောင်တုံးထုတာ၁ထောင် ဓာတ်ပုံရိုက်တာ၅ထောင်၁သောင်းကျော်ကုန်လာတယ်😢
passport နဲ့ appတစ်ခုဖွင့်ပေးရင်၂၀၀၀ပေးမယ် အလိုရှိရင်chatbox လာhiပါ
Smart card မရှိရင် လုပ်လို့ရလား 😊
အရင်ကတော့ ရတယ် ခုပုံစံပြောင်းထားလို့ Smart card မရှိရင် မရဘူး
စာအုပ်က ကိုယ်စားထုတ်လို့ရလားဗျ
ကျွန်တော်သိသလောက် ဆိုရင် သန်းခေါင်စာရင်းထဲမှာပါတဲ့သူဆိုရင် ရမယ် ထင်ပါတယ်။
မှတ်ပုံတင် မွေးသကရာဇ် နဲ့ ပတ်ပို့ မွေးသက်ကရာဇ် လွဲနေတာ ပြသနာ ရှိလား
အဲ့ဒါအရေးကြီးပါတယ်။ လွဲလို့မရပါဘူး။
Passport ထွက်လာပြီဆိုရင်တော့ ပြောပြပြီး အမှားပြင်ရပါလိမ့် မယ်။
စာအုပ်ရပြီးမှ place of birth yangonဆိုတာကိုအမှားပြင်ချင်တာ သက်တမ်းတိုးဆိုတာကိုပဲရွေးရမှာလားရှင် ပြီးတော့အမှားပြင်ကောင်တာက်ုပဲသွားရမှာလားရှင် အချိန်ရရင်ဖြေပေးပါဦးရှင့်🙏🙏
စာအုပ်ရှိပြီးသားဆိုရင် ဒီတိုင်းဝင်သွားလိုက်ပါ။ လ.၀.က ကောင်တာကိုရောက်ရင်မှားနေတဲ့အကြောင်းကိုပြောပြလိုက်ပါ။
အဲ့ဒါဆိုရင် အမှားအရင်ပြင်ရမလား သက်တန်းတိုးကောင်တာကိုသွားရမလား ဆိုတာကို သူတို့ပြောပြပါလိမ့်မယ်။
ဒါပေမယ့် ပိုက်ဆံတော့ ကုန်မယ်ထင်တယ်။(ဒဏ်ကြေးပေးရမယ် ထင်တယ်)
သူတို့ကမေးတာတွေ ရှိလာခဲ့ရင် အမှန်အတိုင်းဘဲပြောပြလိုက်ပါ။
အဆင်ပြေပါလိမ့်မယ်။
@@aungthuhein9312 ဟုတ်ကဲ့ ဖြေပေးတာကျေးဇူးတင်ပါတယ်ရှင့်🙏
@@eeaintc99 ဟုတ်ကဲ့ ရပါတယ်။ အဆင်ပြေ ပါစေ ဗျာ။
ခုချိန်မှာ စစ်ကိုင်းဇာတိနဲ့ passport လုပ်ချင်ပါတယ်ဗျ အမြန်ရနိုင်မလား မန်းလေးမှာတော့မရလို့ပါ ဗျ
အဲ့ဒါတော့ ကျွန်တော် မသိပါဘူး ဗျာ။
ခု video ကတော့ ကျွန်တော် ကိုယ်တိုင် လုပ်ထားတာဖြစ်လို့ နောက်လူတွေအတွက် အခက်အခဲ မဖြစ်အောင် မျှဝေ ပေးတဲ့ သဘောပါ ။
မေးထားတာလေးကို မဖြေပေးနိုင်တဲ့အတွက် စိတ်မရှိပါနဲ့ ဗျာ ။
မျက်ခုံးမှာမှဲ့မရှိဘဲနှင့် မှတ်ပုံတင်မှာပါနေတာ
မှတ်ပုံတင်အတိုင်းထည့်လိုက်ရမှာလား
နောက်မှပြသနာရှိနိုင်မလားရှင့်
မှတ်ပုံတင် အတိုင်းဘဲထည့်ပါ။
ဘာမှမဖြစ်ပါဘူး။ အမာရွတ်တို့မှဲ့ တို့တွေကပြန်ပျောက်တာတွေ လည်း ရှိတက်တယ်။
ကျွန်တော်ဆိုရင် မှတ်ပုံတင်မှာ အမှတ်ရှိတယ်လို့ပါတယ်။ အပြင်မှာ ကမရှိတော့ဘူး။
ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။
ဒါပေမယ့် မှတ်ပုံတင်ထဲက အတိုင်းဘဲထည့်ပါ။
@@aungthuhein9312 ကျေးဇူးပါရှင့်
online မှာ ေလှျာက်တုန်းက ကိုယ် ေရး အချက် ေလး မှား ဖြည့်မိတာ ချိန်းတဲ့ေန့ လက် ေရး မူ မှာ အမှန်ပြန်ပြင် ပြီး ေလျှာက်ရင် ရတယ်မလား ဗျ
ရပါတယ်။ ကိုယ်ရေးအချက်အလက်ကို လက်ရေးမူနဲ့ အမှန်ဖြည့်ရင် ရပါတယ်။
Form ထဲမှာ အတက်နိုင်ဆုံး ဖျက်ရာတွေ မပါရင်ပိုကောင်းပါတယ်။
အိမ်မှာ တစ်ခါတည်း ဖြည့်သွားပါ။ ရုံးရောက်မှ ဖြည့်ရင် အချိန်ပိုကုန်ပါလိမ့်မယ်။
မှတ်ပုံတင်ထဲမှာအဂ်လိပ်မွေးသက္ကရာဇ်ဖြစ်နေပြီးအိမ်ထောင်စုဇယားမှာမြန်မာမွေးသက္ကရာဇ်ဖြစ်နေတာမျိုးကျရလားရှင့်
မရပါဘူး။ အမှန်တစ်ခုကို ယူရပါလိမ့်မယ်။
ဒီလိုလုပ်ကြည့်ပါ ကိုယ်ရေးမှတ်တမ်းဖြည့်ရမည့် စာရွက်မှာ မှတ်ပုံတင်နေရာကို မဖြည့်ဘဲ ကွက်လပ်ထားပြီးတော့ ရုံးကိုရောက်တဲ့အချိန်မှာ သေချာအောင်မေးလိုက်ပါ။
မန္တလေးအတွက်QR Codeလိုလားအကို
မန္တ လေး အတွက်တော့ ကျွန်တော် မသိပါဘူး။
အကိုရေ QR code ကို ဖုန်းထဲမှာ ဘယ်လို ပြန်ရှာရမလဲဗျ ကျတော် ဖျက်မိသွားလို့ date လည်း မမှတ်မိလို့
@@KoGyiPhyo-u2b QR code ပြန်စစ်တဲ့ နံပါတ်ကို သိရင် ပြန်ရှာလို့ရပါတယ်။
ကိုယ်တိုင် လုပ်ထားတာဆိုရင် ငွေရှင်းတဲ့(K pay) နေရာကို ပြန်ကြည့်ရင် လည်း သိနိုင်မယ် ထင်တယ်။
passport နဲ့ထိုင်းမှာအလုပ်သွားလုပ်လို့ရလား ထိုင်းရောက်ရင် ဘာတွေလုပ်ရသေးလည်းဗျ
Passport ရှိတိုင်း အလုပ်လုပ်လို့မရပါဘူး။ အလုပ်လုပ်ဖို့အတွက် PJ passport လုပ်ရတယ်။ ပြီးရင် labour card, work permit တွေလုပ်ရတယ်။
ဖုန်းကောယူသွားလို့ရလားဗျ
ဖုန်း ယူသွားလို့ ရပါတယ်။
slip ရပြီးဘယ်နှရက်နေရင်စာအုပ်ထုတ်လို့ရမလဲရှင့် နယ်ကလာရမှာမို့ နောက်တစ်ခေါက်ပြန်လာဖို့မလွယ်လို့ပါရှင့် လက်ရှိရန်ကုန်passport ရုံးလိပ်စာလေး ရောသိချင်ပါတယ်
Slip မှာလည်း စာအုပ်ထုတ်ရမည့် ရက်ချိန်းကြည့်လို့ရပါတယ်။
- 10 ရက် ကြာရင် ထုတ်လို့ရတယ်။
- သုံးလ အတွင်းထုတ်လည်းရတယ်။
လိပ်စာကတော့ - ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း
labour ကဒ်ဆိုတာဘယ်လိုဟာလည်းဗျ
အလုပ်သမား ကဒ်ကို ပြောတာပါ။ မြို့နယ်တိုင်းမှာ အလုပ်သမားရုံးရှိပါတယ် အဲ့ဒီမှာ labour card လုပ်လို့ရပါတယ်
အကိုရေ သန်ခေါင်စရင်းမူရင်းနယ်ရုံးကမွေးသက္ကရဇ်ပြင်ပေးလိုက်တာမှင်ဖျက်ရာပါနေပါတယ် လူကြီးလက်မှတ်လဲထိုးပေးထားပါတယ် ရရဲ့လား ပြောပေးပါရှင် ပယ်ခံရမှာစိတ်ပူလို့ပါရှင်
ကိုယ့်သဘောနဲ့ကို ပြုပြင်ထားတာ မဟုတ်ဘူး
ရုံးက ပြင်ပေးထားတာ မှန်ကန်ရင် ဘာမှမဖြစ်ပါဘူး။
ဖျက်ရာပါလို့ ရုံးမှာမေးရင် အဆင်ပြေအောင် ရှင်းပြလိုက်ပါ။
အဆင်ပြေပါလိမ့်မယ်။
@@aungthuhein9312 ဟုတ်ကဲ့ရှင် ကျေးဇူးပါ
ဟုတ်ကဲ့ အဆင်ပြေပါစေ ဗျာ@@user-fl7hg5nb8o
သိတဲ့လူဖြေပေးပါနော်နားမလည်လိုပါ
QR ရက်ချိန်း က သတ်မှတ်ရက်ထက် ကျော်လွန်ပြီးဘယ်နှစ်ရက် အတွင်းပြုလုပ်လို့ရပါသလဲဗျ
@@BlueMoon-xc7hx အရင်တုန်းကတော့ တစ်ပတ်အတွင်း ရပါတယ်။
လက်ရှိကတော့ အသေအချာ မသိပါဘူး။
ပက်စပို့အဟောင်မရှိပါဘူး
pjလုပ်လို့ရလာအကို
လုပ်လို့ ရပါတယ်။
အနက်သွားရမှာေလဘာကဒ်ကမရှိဘူး ဘယ်လိုလုပ်လို့ရမလဲ သိတဲ့သူများေြပာေပးပါလား
လေဘာကဒ်ကို မနက် သွားလုပ်လိုက်ပါ။ မြန်ပါတယ်။
ပြီးမှ ရုံးကိုသွားပါ။
@@aungthuhein9312 လေဘာကဒ်က ဘယ်မှာလုပ်ရမလဲဗျ
Appointment letterလျှောက်ပြီးဘယ်လောက်စောင့်ရလဲဗျ့
Qr ရပြီးရင် ရက်ချိန်း ကိုတစ်ခါတည်းပြပေးပါလိမ့်မယ်။
စာအုပ်လျှောက်ပြီး ရဖို့အတွက်တော့ ၁၀ ရက်လောက်စောင့်ရပါတယ်။
အခုရက်ချိန်းပြန်ကြည့်တာကြည့်လို့မရတာ ဘယ်လိုလုပ်ရမလဲ
အကိုရေ Appointment form မှာ ဟင်္သာတ ကို ဟသ်ာတနဲ့ ဧရာဝတီမှာ ရာဝတီဖြစ်သွားလို့ အမှားပြင်တဲ့နေရာမှာသွားပြင်ဖို့လိုလားရှင့် ပြောပေးပါဦးနော်
Appointment form မှာ မှားတာ ပြင်စရာမလိုပါဘူး။
ကိုယ်ရေးအချက်အလက် form မှာ မှားသွားရင်တော့ ပြင်ရပါလိမ့်မယ်။
ဟုတ်ကဲ့ကျေးဇူးပါ
အကိုရေ လက်ရေးမူဆိုတာ Qrထုပ်ဒေါကပါလာတဲ့ စဖောင်ကိုပြောဒါလား အဲ့မှာ ရေးရမှာလား ရှင့်
ဟုတ်ပါတယ်။
လက်ရေးမူဆိုတာ ကိုယ်ရေးမှတ်တမ်း ဖောင် ကိုပြောတာပါ။
မိဘနာမည်နေရာမှာ ဦးဒေါ်ထည့်မိတာ
ရက်ချိန်းနေ့ကျ ပြန်ပြင်ပေးရမှာလားဗျ
ပြန် မပြင်လည်း ရပါတယ်။
@@aungthuhein9312 ဟုတ်ကဲ့ဗျ
ဆရာရေ passport သက်တမ်းတိုးရမှာ
QR ယူတာက အသစ်လျှောက်နဲ့ဖြစ်နေတာ ဘယ်လိုလုပ်ရမလဲ ဘယ်လိုအဆင်ပြေနိုင်မလဲခင်ဗျာ ဒဏ်ကြေးတွေဘာတွေရောဆောင်ရသေးလား ကျေးဇူးပြုပြီးဖြေပေးပါဦးခင်ဗျာ စိုးရိမ်နေလို့ပါ
passport အဟောင်းကလက်ဝယ်ရှိနေပါတယ်ခင်ဗျာ
Qr ကတော့ scan ဘဲဖက်တာပါ။
အသစ်လျှောက်နဲ့ သက်တန်းတိုး ကလည်း သွင်းရတဲ့ ပိုက်ဆံ တူတဲ့အတွက် ဘာမှတော့ မဖြစ်ပါဘူး။
စာအုပ်အဟောင်းကို ယူသွားပြီး သက်တန်းတိုး လုပ်လိုက်ပါ။
ရုံးကိုရောက်ရင် သက်တန်းတိုး လုပ်ဖို့ဘဲပြောပါ။
အဆင်ပြေပါလိမ့်မယ်။
ဟုတ်ကဲ့ကျေးဇူးပါဆရာရေ
ရက်ကျပီး ခရီးလွန်နေလို့ရှိရင် အချိန်ဘယ်နှစ်ရက်လောက်ပေးပါလဲ bro
Qr အတွက်က 1 week ပေးတယ်။ စာအုပ်ထုတ်ဖို့အတွက်က ရက် ၉၀ ပေးပါတယ်။
ကျေးဇူးပါ bro
@@nyimalaykoko6721 ဟုတ်ကဲ့ အဆင်ပြေပါစေ ဗျာ
သက်တမ်းတိုးမှာ အရင်စာအုပ်ကမွေးသက္ငရာဇ်နဲ့အခုsmart card မွေးသက္ကရာဇ် ဘယ်တာဦးစားပေးရမလဲရှင့်
@@user-dd3jm4uo8m အမှန်ဆို အဲ့နှစ်ခုက တူရမှာပါ။
ကိုယ့် မွေးသက္ကရာဇ် အမှန်ကို ထည့်ပါ။
နောက်ပိုင်း smart card ဘဲသုံးမှာဖြစ်လို့ smart card ထဲက မွေးသက္ကရာဇ်ကိုထည့်ပါ။
စာအုပ်အအပျောက်နဲ့ရှောက်မယ်စိုရင် ရောဘာတွေလိုလဲခဗျာ
စာအုပ် အပျောက်နဲ့လျှောက်တာအတွက်တော့ မသိပါဘူး ခင်ဗျ ။
ဒီ video လေးက ကိုယ်တိုင် PP သက်တန်းတိုး လုပ်တာကိုဘဲ ပြန်လည် မျှဝေပေးထားတာပါ။
ကောင်တာမှာလူြကီးတွေကဘာတွေစစ်တာလဲဗျသိပ်နားမလည်လို့ေြပါ ြပပေးပါလားဗျ
@@AnnaLynn-x5j ကိုယ်ရေးအချက်အလက် ပုံစံထဲမှာ ကိုယ်ဖြည့်ထားတာတွေ မှန်၊ မမှန် စစ်တာပါ။
25000 ဘဏ်သွင်းကြေးရှိသေးတယ်ဆို qr code 35000အပြင်
မရှိပါဘူး ။ ပွဲစားတွေနဲ့ လုပ်ရင် Qr code ဖိုးပိုက်ဆံပေးရပါတယ်။
ကိုယ်တိုင် လျှောက်ရင်တော့ Qr code ဖိုး ပိုက်ဆံမပေးရပါဘူး။
တရားဝင်ဖော်ပြထားတဲ့ ကုန်ကျစရိတ်ကို သိချင်တယ်ဆိုရင် ဒီ link ထဲမှာဝင်ပြီး ကြည့်လို့ရပါတယ်။
www.passport.gov.mm/
သန်ခေါင်စာရင်း မူရင်းမပါရင်ရော ရလားအကို
သန်ခေါင်စာရင်း မူရင်း မပါလို့ မရပါဘူး။ မူရင်း ယူသွားလိုက်ပါ။
မှတ်ပုံတင်ထဲမှာ 30ပြည့်လဲရမယ်ပါနေတော့ နယ်ဝေးလို့ မလဲပဲသွားရင်ရမလားbro
မလဲဘဲ သွားလည်း ရပါတယ်။
@@aungthuhein9312 ကျေးဇူးbro
ဟုတ်
အဆင်ပြေပါစေ ဗျာ @@user-xj6zu5tr4b
Qr မှန် မမှန် ဘယ်လိုစစ်ရမလဲရှင့်
ပထမအနေနဲ့ ဒီ link ထဲကို ဝင်လိုက်ပါ
www.passport.gov.mm/
ဝင်ပြီးရင် ညာဖက်ထောင့်မှာ ရက်ချိန်းစစ်ဆေးရန် ဆိုတဲ့ နေရာလေးကို တွေ့ပါလိမ့်မယ်။ အဲ့ဒီနေရာကို ထပ်ဝင်ပြီး
ရထားတဲ့ နံပါတ်ကို ထည့်ပြီး စစ်လို့ရပါတယ်။
စစ်ကြည့်လိုက်ပါ အကယ်၍ အဆင်မပြေရင်
ကျွန်တော် စစ်ပေးပါမယ်။
ဒီ Video မှာပြောပေးထားပါတယ် ဗျ
ruclips.net/video/-ljGvJevPmA/видео.htmlsi=yHBGzN5EEBDxW7N5
လက်ရေးနဲ့ဖြည့်ရတဲ့ကိုယ်ရေးမှတ်တမ်း form က ဘယ်မှဝယ်လို့ရလဲဗျ
အပြင်က မိတ္တူ ဆိုင်တွေမှာတော့ ရောင်းတယ်လို့ပြောတယ်။ အကယ်၍ ဝယ်ရတာ အဆင်မပြေရင် ကျွန်တော် စီမှာရှိတယ် ပေးပါမယ်။
ဒီမှာ download လုပ်ပါ ➡drive.google.com/file/d/1T0jr1LxFsywOuKGB-04biW4u5Ng9IRa4/view?usp=drive_link
မြန်မာပြည်မှာခုPassport လုပ်ချင်တယ်ဒါပေမဲ့လူကိုယ်တိုင်မသွားချင်ဖူးဆိုရင်၊7သိန်းလောက်နဲ့
Passport လုပ်လို့ရလား?မှတ်ပုံတင်မူရင်းရှိတယ်၊အိမ်ထောင်စုဇယားအကုန်ရှိတယ်။
ပွဲစားနဲ့ လုပ်တဲ့ ဈေးနှုန်းတွေကို မသိပါဘူး။
စာအုပ် ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ သိချင်တာရှိရင်မေးပါ ပြောပြပေးပါမယ်
PJ အပျောက်လျောက်ရင် ဘာတွေလိုလဲခဗျ စာအုပ်နဲ့ပတ်သတ်ပြီး ဘာမှမသိတော့လို့ ခုတော့ QR date ကတော့ရပြီခဗျ
အသစ်လုပ်၊ အပျောက်လျောက်၊ သက်တန်းတိုး အားလုံးသိဖို့အတွက် ဒီ မှာဝင်ကြည့်လိုက်ပါ ဗျ
ruclips.net/video/UvXjehSzgh4/видео.htmlsi=v4M3DcWIHYa-n4zK
ဖုန်းလည်းယူသွားလို့မရဘူးလား
@@AosOppa ဖုန်း ယူသွားလို့ရတယ်
qr ကပရင့်ထုတ်တာမဟုတ်ပဲဆိုမရဘူးလား
ဖုန်းထဲမှာ ထည့်သွားတာ ထက် ပရင့်ထုတ် သွားတာ ပိုကောင်းပါတယ်။ သူတို့က ပရင့်ထုတ်သွားတဲ့ စာရွက်ကို ပြန်စစ်ကြတာပါ။
ဟုတ်
ဟုတ်
မွတ်ပုံတင်ကလေ 18နွစ်ပျည့်တာ မလဲရသေးတာ ရလားမသိဘူးအကိုရေ ဖျေပေးပါဦး
လုပ်လို့ရပါတယ်။
ဟုတ်ကျေးဇူးပါဗျ
၁၈နှစ်ပြည့်မလဲလည်း ပက်စပို့လုပ်လို့ရတယ်ပေါ့ သိခိင်လို့ပါရှင့် ခုကိုအသက်က၂၄ရှိနေပီ
Qr မှာ ကိုယ်ရေး အချက်လက်မှားတာက အမှားပြင်ကောင်တာသွားရမာလားဗျ လက်ရေးမူထဲမှာ မှန်အောင်ရေးထားရင်ရော ပြောဖို့လိုသေးလားဗျ (ဒဏ်ကြေးရော ဆောင်ရသေးလားဗျ)
QR မှာ အဓိက ကြည့်တာက QR code တစ်ခုပါဘဲ။ အမှားပြင်ကောင်တာသွားစရာ မလိုပါဘူး။ ကိုယ်ရေးအချက် အလက်ရေးတဲ့ လက်ရေးမူ စာရွက်ကိုတော့ မှန်အောင်ရေးပါ။ ရုံးရောက်မှ မရေးပါနဲ့။ အိမ်မှာအေးဆေး အချိန်ယူပြီး ရေးပါ။
ကိုယ်ရေးအချက်အလက်ဖောင်က ဘယ်ကရမလဲဟင် အသစ်လျှောက်တာဆို စုစုပေါင်း ဘယ်လောက်လောက်ကျမလဲ
ကိုယ်ရေးအချက်အလက် pdf file ကို Myanmar Passport website မှာ download လုပ်ကြည့်ပါ။ အကယ်၍် အဆင်မပြေရင် ကျွန်တော် ပေးပါမယ်။
PP အသစ်လျှောက်တာကလည်း 35000 ကျပ်ပါဘဲ။ ရုံးထဲမှာ ပေးရရင်လည်း 10000 မကျော်ပါဘူး။
ကိုယ့်ဖက်က စာရွက်စာတန်းတွေနဲ့ အချက်အလက် တွေကို မှန်ကန်အောင် လုပ်သွားပါ။
အကိုရေ pasport လက်ရေးpdf fileလေးလိုချင်ပါတယ်
@@kyawzinhein5012 09768220977 viber ကနေ hi ပြီးပြောပေးပါ
File ပို့ပေးပါမယ်
ပွောပွပါမသိလို့ပါ
ဖြေပေးထားပါတယ် ဗျ
ကျနော်တို့ စစ်တွေ သန်းခေါင်စရင်းနဲ့ သွားတဲ့ လူတေကတော့ ရုံးထဲရောက်ရင် စာရွက်စစ်တဲ့လူကြီးကို လဖက်ရည်ဖိုး ပေးမှ ရတာကျတော့ သိပ်မကောင်းဘူးဗျာ
၅သောင်းလောက်ပေးလိုက်မှ ရတယ်😢
😯 50000 တောင်ပေးလိုက်ရတာလား များလိုက်တာ ဗျာ 😥
သူတို့က အဲ့လောက်တောင်းတာလား ဒါမှမဟုတ် ကိုယ်ကဘဲပေးလိုက်တာလား ဗျ
လေဘာ ကဒ်က လူစား လုပ်ပေးထားတဲ့ဟာယူသွားလို့ရလား ကိုယ်တိုင်လုပ်ထားတဲ့ဟာဘဲ ယူသွားမှရတာလား
လူစား လုပ်ပေးတယ်ဆိုပေမယ့် လေဘာကဒ်မှာပါတဲ့ အမည်
အဘအမည်၊ မှတ်ပုံတင်နံပါတ်တွေ မှန်တယ်ဆိုရင် ရပါတယ်။
Passport ဓာတ်ပုံကသူတို့ရုံးမှာရိုက်ပေးတာမသုံးဘဲကိုယ့်ဘာကိုရိုက်ထားတဲ့ပုံသုံးလို့ရလားရှင့်😊
@@Bunniesrole မရပါဘူး ခင်ဗျာ
passportအတွက်သက်သက်ရိုက်ပေးပြီးeditလုပ်ပေးတဲ့ဆိုင်မှာရိုက်ထားတဲ့ဓာတ်ပုံကိုပြောတာပါရှင့် အကြောင်းပြန်ပေးလို့ကျေးဇူးပါရှင်
@@Bunniesrole ဟုတ်ပါတယ် အထဲရောက်ရင် လက်ပွေနှိပ်၊ မျက်လုံး scan ဖက်ပြီး PP စာအုပ်မှာ သူတို့ရိုက်ပေးတဲ့ ဓာတ်ပုံကို တစ်ခါတည်း တွဲပေးတာပါ။
အပြင်မှာ ရိုက်ထားတဲ့ PP ဓာတ်ပုံကတော့ VISA တွေလျှောက်ရင် သုံးလို့ရပါတယ်။
@@aungthuhein9312 awwကျေးဇူးပါရှင့်ခုလိုသေသေချာချာရှင်းပြလို့ 🙏🏻💓တကယ်အကူအညီရပါတယ်ကျေးဇူးပါ
@@Bunniesrole ဟုတ် ရပါတယ်။ အဆင်ပြေပါစေ ဗျ
18 မပြည့်သေးလဲ 10 နှစ်ပြည့်မှတ်ပုံတင်နဲ့ passport လုပ်လို့ရလား pe လျှောက်ချင်လို့ပါ
pe လျှောက်တာအတွက် တော့ အတိအကျ မသိပါဘူး။
ကျနော်ကနေပြည်တော်က
qrတင်တာရန်ကုန်တင်မိတာဗျာ
ပထမအနေနဲ့ နေပြည်တော်ရုံးမှာ ရနိုင်လား သွားမေးကြည့်ပါ။
ဒုတိယအနေနဲ့ကတော့ မရရင် ရန်ကုန်မှာ သွားလုပ်ရမှာပါ
Pj ရှိရုံနဲ့အလုပ်ဝင်လုပ်ရလား
မရပါ work permit လိုပါသေးတယ်
work permit ကဘယ်မှာလုပ်ရတာလည်း
@@KyawZaya-ik5xc work permit က ကိုယ့်ကိုအလုပ်ခန့်မယ့် သူဌေးက လုပ်ပေးမှရတာပါ
Appointment Letter ကဘယ်လို Print ထုတ်ရတာလဲဗျ
အဲ့ဒီထဲက QR ကရောဘယ်ကရတာလဲဗျ
တကယ်မသိလို့ပါ😢
www.passport.gov.mm ထဲကို ဝင်ကြည့်လိုက်ပါ။
အဲ့ဒါဆိုရင် အားလုံးရှင်းသွားပါလိမ့်မယ်။
အရင်က နိုင်ငံခြားသွားမယ်ဆိုပြီး အသက်လိမ်ပြီးpassportလုပ်တယ် နောက်တခါသွားမယ်ဆိုတော့ အသက်အမှန်နဲဘဲပြန်လုပ်တယ် အရင်ကလုပ်ခဲ့တဲ့ဟာကို အပျောက်ဖျောက်လိုက်ပြီး အခုအသက်အမှန်နဲ့ပြန်လုပ်တာ နိုင်ငံခြားသွားမရဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရင်အဆင်ပြေမလည်း သိရင်ပြောပါဦးbro
@JLKRUclipschannel
ခုစာအုပ်က မှန်ကန်စွာ လုပ်ထားပြီးရင်တော့ နိုင်ငံခြားသွားလို့ရပါတယ်။ ကိုယ်သွားမည့် နိုင်ငံပေါ်မှာဘဲ မူတည်တာပါ။
ဘာကြောင့် သွားလို့မရတာလည်း ဗျ ။
Face book အကောင့်ချပေးလို့ရမလား cbကနေမေးချင်လို့ပါ
@@JLKRUclipschannel ရပါတယ် FB acc က Lu Lin ပါ
ကျွန်တော်က passport ကိစ္စကတော့ အများကြီးမသိပါဘူး။
ခု video လေးက ကိုယ်လုပ်တဲ့ အတွေ့အကြုံကို မျှဝေပေးရုံ သက်သက်ပါ။
Nutrition, Health and Safety အပိုင်းနဲ့ ဆေးဝါးတွေ အကြောင်းကတော့ အဓိကကျွမ်းကျင်မှုဖြစ်တဲ့အတွက် သိချင်တာရှိရင်မေးလို့ရပါတယ်။
Appointment Letterကရှေ့ကQR ပါတဲ့တစ်ရွှက်ဆိုရပြီးလာ
@@yawshu8085 ရပါတယ် အဓိက က QR ကိုဘဲ စစ်တာပါ။
3 စုံတော့ print ထုတ်သွားပါ။
လေဘာကဒ်က ဘယ်မှာလုပ်ရလဲဗျ
လေဘာရုံးမှာလုပ်ရတာပါ
@@user-uk6fk7us4o ဒဂုံတောင်မှာနေတာပါ အနီးနားဘယ်မှာရှိနိုင်လဲဗျ
လေဘာကတ်က အပြင်မှာလုပ်သွားရမှာလား အကို
အပြင်မှာ လုပ်သွားပါ။
Passport ရုံးမသွားခင် ကိုယ်နေတဲ့နေရာနဲ့နီးတဲ့ Labor ရုံးသွားပြီး လေဘာကဒ် လုပ်သွားပါ။
ကိုယ်ရေးအချက်အလက်ဖောင်က ဘာကိုပြောတာလဲရှင့်
ကိုယ့်ရဲ့အကြောင်းနဲ့ မိသားစုတွေအကြောင်းကို ဖြည့်ပေးရတဲ့ စာရွက်ကို ပြောတာပါ။
@@aungthuhein9312 ဟုတ် သူကလေ appointment letter ကို print ထုတ်ပြီး ဖြည့်လို့ရလားရှင့်
@@AyeOo-f3m မတူပါဘူး Appointment letter မှာ QR code ကိုဘဲ ယူတာပါ။
ကိုယ်ရေးအချက်အလက် ဖောင် က သပ်သပ်ပါ။
မိတ္တူဆိုင်တွေမှာ ရနိုင်ပါတယ် ရှာရတာမလွယ်ရင်ပြောပါ ကျွန်တော် ပေးပါမယ်။
@@AyeOo-f3m
ကိုယ်ရေးအချက်အလက် ဖောင် (Application form) ကို ခုပေးထားတဲ့ link မှာ download လုပ်လိုက်ပါ။ 👇
drive.google.com/file/d/1T0jr1LxFsywOuKGB-04biW4u5Ng9IRa4/view?usp=drivesdk
@@aungthuhein9312 ဟုတ် အဆင်ပြေသွားပါပြီရှင့် ကျေးဇူးပါနော်
ညီမက အသိအစ်ကိုတစ်ယောက်ကို QR code ယူခိုင်းတာပါ ကိုယ်ရေးမှတ်တမ်းစာရွက်ဆိုပြီးသပ်သပ် ပါမလာပါဘူး။ ကိုယ်ရေးမှတ်တမ်းစာရွက်ကို လုပ်ထားပြီးဖြည့်ထားလိုက်ရမှာလားရှင့်။ Appointment letter မှာပါတာကရောအိမ်မှာကထဲက ဖြည့်ထားရမှာလားရှင့်။
Qr code ပါတဲ့ စာရွက်မှာ ဘာမှထပ်ဖြည့်စရာ မလိုပါဘူး။
ကိုယ်ရေးမှတ်တမ်းဖောင် လိုအပ်တယ် ဆိုရင် ကျွန်တော် ပေးပါမယ်။
Online booking တင်တာ ဖောင့်တွေမှားသွားတယ် သူတို့ဆီရောက်ရင်အဆူခံရမလားမသိဘူး..
ရပါတယ်။ စိတ်ထဲ စိုးရိမ်စိတ်အများကြီး မထားပါနဲ့။ သူတို့ဆူရင်တောင် မှားသွားလို့ တောင်းပန်တဲ့ပုံစံလေး နေပြလိုက်ပါ 😁သနားသွားအောင် ပါ 😁နောက်တာနော်။
အဓိက က QR မှာဆိုရင် qr code က အဓိကပါဘဲ။
ကိုယ်ရေးအချက်လက်ကို တော့ ဖျက်ရာမရှိလေးဖြည့်သွားတာ ပိုကောင်းပါမယ်။
အဆင်ပြေပါလိမ့်မယ်။
@@aungthuhein9312 ကျေးဇူးပါ.
@@myintthu329 ဟုတ် ရပါတယ် ဗျ
တခုလောက်မေးချင်လို့။ QR codeယူတဲ့အခါမှာ ယူပြီးမှ မွေးနေ့ dateတရက်လွဲနေလို့
အဲ့ဒါလေ ကိုယ်ရေးမှတ်တမ်းဖောင်မှာပဲ မှန်ရင်ရပြီမလား
Appointment Letterမှာ birthday date တရက်လွဲတာအဆင်တယ်မလား။ QR codeကို scanပဲဖတ်တာမလားဟူတ်
ဖြေပေးပါအုံးနော် စိုးရိမ်နေလို့
appointment letter မှာ မှန်အောင်ဖြည့်ရင် ရပါပြီ
မောင်လေးရေအစ်မစာအုပ်ကသက်တန်းကုန်သွားတာကြာပြီသက်တမ်းပြန်တိုးလို့ရလားမောင်လေး
ရပါတယ္ ဗ်ာ။
ကိုယ်ဆိုဒီနေ့စလစ်သွားထုတ်တာ လဝကမှာ၅ထောင်တုံးထုတာ၁ထောင် ဓာတ်ပုံရိုက်တာ၅ထောင်၁သောင်းကျော်ကုန်လာတယ်😢
ဟုတ်ပါတယ်။ ကျွန်တော်လုပ်တုန်းက လ၀က ကောင်တာတစ်ခုမှာဘဲ ပေးခဲ့ရတယ်။ ဒါပေမယ့် တချို့ လူတွေလည်း ကောင်တာ နှစ်ခုမှာ ပေးရတယ်လို့ ပြောသံကြားပါတယ်။
ကိုယ်ရေးအကျဉ်းစာရွက်ကဘယ်မှာယူလို့ရလည်းဗျ မိတ္ထူဆိုင်မှာရလားခင်ဗျိ
ဒီမွာ down လိုက္ပါ
drive.google.com/file/d/1T0jr1LxFsywOuKGB-04biW4u5Ng9IRa4/view?usp=drivesdk
စာအုပ်အဟောင်းသမားတွေကခုအသစ်လုပ်မှာအခွန်ဆောင်ရလားကိုကြီးသိရင်ဖြေပေးပါနော်အခွန်ကယောဆောင်ရင်အရုံးထဲ့မှာတင်ဆောင်ရတာလား
ကျွန်တော်လုပ်တုန်းကတော့ မဆောင်ရဘူး
အခွန်ကလည်း ဆောင်ချင်တိုင်းဆောင်လို့ရတာမဟုတ်ပါ။ သတ်မှတ်ထားတဲ့ ပမာဏနဲ့ အခွန်ဆောင်ဖို့ စာရင်းသွင်းရတာတွေလုပ်ရတာ အများကြီပါ။
အဲ့တော့ ခုလက်ရှိလဲ စာအုပ်လုပ်ရုံနဲ့တော့ အခွန်အခ မပေးရဘူးလို့ ထင်ပါတယ်။
passportရုံးဘယ်မှာလဲအကို
ရန္ကုန္က Passport ရံုး လိပ္စာပါ။
ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း
ဖုန်နံပတ်လေးပေးပါလားအကိုပတ်စပိုသက်တန်းတိုချင်လိုလိုက်လုပ်ပေးလိုရမလား
@@tintin-pq6bt ဖုန်း နံပါတ်တော့ ပေးလို့ရတယ်။ လိုက်လုပ်ပေးလို့တော့မရဘူး ဗျ။ ကျွန်တော် ရန်ကုန်မှာ မရှိလို့ပါ။
နောက်ပြီး ရုံးကို ရောက်ရင်လည်း ကိုယ်တိုင်ဘဲလုပ်ရမှာပါ။ အပြင်လူ ပေးမဝင်ပါဘူး။ အဲ့ဒါကြောင့် ဒီ video ကို သေချာကြည့်သွားရင် အဆင်ပြေပါလိမ့်မယ်။
မန်းလေးပက်စပို့ရုံးဖုန်းလေးရှိရင်ကူညီကြပါအုံး
မန္တလေး passport office ဖုန်းတော့ မသိပါဘူး ဗျ