ကြက်ဆာတေး(Chicken Satay)
HTML-код
- Опубликовано: 13 дек 2024
- ကြက်ဆာတေးပြုလုပ်ရန်အတွက် CP ကြက်ရဲ့ရင်ပုံသားကိုဘဲအသုံးပြုရပါမယ် အခြား ဝက်,ဆိတ်,အမဲ ကြိုက်ရာကိုလည်းအသုံးပြုနိုင်ပါတယ် ,အသားရဲ့ အပါး အထူကတော့ကိုလိုချင်သလိုလှီးလို့ရပါတယ်အရသာဝင်အောင်နယ်နှပ်ထားပြီးကင်တော့မယ်ဆိုရင်တော့ အသားကို စိုစိုအိအိ ကင်မလား, တင်းတင်းခြောက်ခြောက်လေးကင်မလားမိမိကြိုက်သလိုပြုလုပ်နိုင်ပါတယ် ပြုလုပ်ပုံအဆင့်ဆင့်ကိုအသေချာပြသထားတာကြောင့်နားလည်သဘောပေါက်ကြမယ်လို့မျှော်လင့်ပါတယ် အားပေးနေကြတဲ့အစားတလိုင်းပရိတ်သတ်တစ်ဦးချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ပါဝင်ပစ္စည်းများ,
-ကြက်သား = ရင်ပုံ တစ်ခြမ်း
-အုန်းနို့ = ၈ကျပ်သား
-နို့ဆီ = ၃စပဇ
-ကြက်သွန်ဖြူ = ၂မွှာ
-စပါးလင် = ၁ ပင်
-နံနံပင် = ၆ ပင်
-ဇီယာ = ၁ လဖဇ
နံနံစေ့ = ၁လဖဇ
-ငရုတ်ကောင်းစေ့=၁လဖဇ
-ကာလီပေါင်ဒါ = ၁စပဇ
-သကြား =၁ ခွဲ စပဇ
-ဆား = ၄ပုံ၁ပုံ လဖဇ
-နံနွင်းမှုန့် = ၄ပုံ၁ပုံ လဖဇ
-ဆီ =၂ စပဇ
မြေပဲဆော့ပြုလုပ်ရန်,
-ငရုတ်အရောင်တင်မှုန့် =၁စပဇ
-ကာလီပေါင်ဒါ =၁စပဇ
-အုန်းနို့ =၁၀သား
-မြေပဲ =၅ကျပ်သား
-ထန်းလျှက် =၂စပဇ
-မန်ကျည်းရည် =၃စပဇ
-ငံပြာရည် =၁စပဇ
-ဆား =အနည်းငယ်
ရှာလကာရည်အချဥ်,
-သခွားသီး =၁လုံး
-ကြက်သွန်နီ =၁လုံး
-ငရုတ်သီး =၃တောင့်
-သကြား =၂ စပဇ
-ရှာလကာရည်=၁ခွဲ စပဇ
-ဆား =အနည်းငယ်
ဦးနိုင်အစားတလိုင်းကမိတ်ဆွေများခင်ဗျာ RUclips Channelမှာ Subscribe နဲ့ Notificationခေါင်းလောင်းလေးနှိမ့်ပီးအားပေးပါအုံးလို့မေ တ္တာရပ်ခံပါတယ်ခင်ဗျာ#
Oo Naing အစားတလိုင်း_RUclips Channel
/ oonaingasartalinecooki...
Oo Naing အစားတလိုင်း_FaceBook Page
/ oonaingg
Oo Naing အစားတလိုင်း_Instagram page
/ oonaingasartaline
Oo Naing A Sar Ta Line ကိုဝင်ရောက်ကြည့်ရှု့သူများအားလုံးကျန်းမာချမ်းသာဘေးဘရာဝေးကွာကြပါစေဗျာ။
-
-