တရုတ်ရဲ့ အဝယ်ရပ်ဆိုင်းမှုကြောင့် ကျဆင်းနေတဲ့ ရွှေစျေးနဲ့ ယနေ့ ရွှေ Technical အကြောင်းသိကောင်းစရာများ

Поделиться
HTML-код
  • Опубликовано: 4 сен 2024
  • တရုတ်ရဲ့ အဝယ်ရပ်ဆိုင်းမှုကြောင့် ကျဆင်းနေတဲ့ ရွှေစျေးနဲ့ ယနေ့ ရွှေ Technical အကြောင်း သိကောင်းစရာများ
    --------------------------
    July 8 ၊ 2024
    ဒီကနေ့အစောပိုင်း စျေးကွက်အချိန်အတွင်းမှာ ကမ္ဘာ့ရွှေဟာ အရောင်းဘက်ကိုအားသာနေပြီးတော့ ကျဆင်းလျှက်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
    ယနေ့ရွှေစျေးကျဆင်းနေရတဲ့ အကြောင်းအရင်းကတော့ တရုတ်နိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ၎င်းတို့ရဲ့ ရွှေဝယ်ယူမှုကို June လမှာပါ နှစ်လဆက်တိုက် ရပ်ဆိုင်းတယ်လို့ မနေ့က ကြေညာလ်ိုက်လို့ပဲ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရွှေဝယ်ယူမှု အများဆုံး နိုင်ငံကြီး ဖြစ်တာကြောင့် ယခုလ်ိုမျိုး ရွှေအဝယ်ရပ်ဆိုင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ကမ္ဘာ့ရွှေလောကကို ကိုင်လှုပ်ပြီးတော့ ရွှေအပေါ်မှာ ဖိအားတွေ သက်ရောက်စေပါတယ်။
    တစ်ခြားတစ်ဖက်မှာလဲ Federal Reserve အနေနဲ့ လာမဲ့ တတိယသုံးလပတ်အတွင်း အတိုးနှုန်းလျှော့မယ်ဆိုတဲ့ သတင်းက Non yielding ဖြစ်တဲ့ ရွှေတန်ဖိုးကို မြင့်တက်စေလျှက်ရှိနေပါသေးတယ်။
    ထို့အပြင် ဥရောပရဲ့ အသဲနှလုံးလို့ တင်စားကြတဲ့ ပြင်သစ်ရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက safe haven ဖြစ်တဲ့ ရွှေကို တွန်းအားပေးလျှက်ရှိနေတာကို တွေ့မြင်ရမှာလဲ ဖြစ်ပါတယ်။
    လက်ရှိ စျေးကွက်ရဲ့ အာရုံစိုက်စရာကတော့ လာမဲ့ ကြာသပတေးနေ့ CPI ငွေကြေးဖောင်းပွမှု အညွှန်းကိန်း မတိုင်ခင် ပြုလုပ်မဲ့ Jerome Powell ရဲ့ testified ဖြစ်ပြီးတော့ အဆိုပါ အစီအစဉ်ဟာ မနက်ဖြန်မှာ ကျင်းပမှာဖြစ်ပါတယ်။
    Gold Technical Analysis:
    ရွှေစျေးဟာ ယနေ့မှာတော့ ကျဆင်းလျှက်ရှိနေပါတယ်။ Technical အရ ရွှေဟာ ဒီနေ့အတွင်း Bullish trend မှာရှိနေပေမဲ့ သူ့ရဲ့ chart ကို ကြည့်ခြင်းအရ ရက် 100 Exponential Moving Average ရဲ့ အထက်မှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။
    ရွှေရဲ့ အနဲဆုံး resistance line ဟာ အထက်ဘက်ကို သွားနေပြီးတော့ 14 ရက် Relative Strength Index bullish zone ရဲ့ အထက် 50 midline နေရာမှာရှိနေတာကိုလဲ မြင်တွေ့ရမှာပါ။
    ရွှေရဲ့ ပထမဆုံး upside barrier ဟာ $2400 အမှတ်ကို ဖောက်ထွက်မယ်လို့ မြင်နေရပြီးတော့ April 12 ရက်နေ့ရဲ့ အမြင့်ဆုံး level ဖြစ်တဲ့ $2432 အမှတ်ကိုလဲ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
    နောက်ထပ် ဖြစ်လာနိုင်မဲ့ resistance zone ကတော့ အမြင့်ဆုံးစျေးတန်းဖြစ်လာနိုင်မဲ့ $2450 စျေးတန်းပဲ ဖြစ်ပါတယ်။
    အကျဘက်ခြမ်းကို ကြည့်မယ်ဆိုရင်လဲ ရွှေရဲ့ ဖြစ်နိုင်မဲ့ support level ဟာ $2330 နဲ့ 2340 ကြားမှာဖြစ်နိုင်ပြီးတော့ resistance zone အဟောင်းဖြစ်တဲ့ June 17 ရက်နေ့က ကျဆင်းခဲ့တဲ့ zone ဖြစ်ပါတယ်။ ဆက်ကျမယ်ဆိုရင်တော့ ရက် 100 EMA zone ဖြစ်တဲ့ $2273 အထိ သွားနိုင်မယ်လို့ ခန့်မှန်းထားကြတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်။
    သင့်ရဲ့ လုံခြုံစိတ်ချမှုတစ်ခုကို ပေးနိုင်တဲ့ Trading နယ်ပယ်လေးတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ Doo Prime Myanmarကို ယခုပဲအရောက်လှမ်းခဲ့ပါရှင်။
    Trading Account ဖွင့်လိုသူများ Page Chart Box (သို့မဟုတ်) Comment မှာ ဖော်ပြထားတဲ့ Link ကို နှိပ်ပြီး ဖွင့်နိုင်ပါတယ်ရှင်။
    #DooPrime
    #dooprimemyanmar
    #tradewithdooprime
    #thebestbroker
    #2024Success
    #GoldPriceForecast
    #swapfee

Комментарии • 5

  • @healthfitnesschannel3233
    @healthfitnesschannel3233 Месяц назад

    ကျေးဇူးပါရှင့်

  • @yelinaung-zu1hz
    @yelinaung-zu1hz Месяц назад +1

    သင်တန်းလေးရှိလားဗျာ့

    • @DooPrimeMyanmar
      @DooPrimeMyanmar  Месяц назад

      @@yelinaung-zu1hz

    • @DooPrimeMyanmar
      @DooPrimeMyanmar  Месяц назад

      Trading Account ဖွင့်လှစ်ရန် - my.dooprime.com/links/go/10125
      ---------------
      စုံစမ်းမေးမြန်းရန် page chat box -
      m.me/dooprimemyanmar
      ---------------
      စုံစမ်းမေးမြန်းရန် Telegram -
      t.me/DooPrimeServiceTeam

    • @DooPrimeMyanmar
      @DooPrimeMyanmar  Месяц назад

      @@yelinaung-zu1hz စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။